DVB Logo
Home
မြန်မာသတင်း
သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများကို ပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်
DVB
·
January 23, 2015
သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများကို ပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်
Donate to DVB

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) နဲ့ အမှုဖွင့်ထားတယ်လို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဦးပြည့်စုံမျိုးက ပြောပါတယ်။

သစ်တောဥပဒေနဲ့အမှုဖွင့်ရင် ပြစ်ဒဏ်လျော့မှာစိုးလို့ ၆(၁) နဲ့ အမှုဖွင့်ထားတာလို့လည်း သူက ပြောပါတယ်။

“အားလုံးကို ၆(၁)နဲ့ အရေးယူပါတယ်။ ကျနော်တို့ သစ်တောဥပဒေနဲ့ဆိုရင် နဲနဲ အရေးယူတာပျော့မှာစိုးလို့ ၆ (၁)နဲ့ အရေးယူခြင်း ဖြစ်ပါတယ်။ အကုန်လုံးကို အမှုဖွင့်ထားပြီးပါပြီ။ အားလုံးလည်း ရဲအချုပ်ထဲမှာရှိပါတယ်။ အုပ်စုလိုက်၊ အုပ်စုလိုက် အမှုဖွင့်ထားတာဆိုတော့ အမှုဖွင့်တဲ့ရက်တွေတော့ ကွာပါမယ်။”

10929207_710812822369192_1341343080721939669_n (1)သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ၀ိုင်းမော်နဲ့ မြစ်ကြီးနာမြို့နယ်တို့ရှိ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနတို့က စစ်ဆေးထားချက်ရှိပြီး လ၀က ဥပဒေနဲ့ အမှုဖွင့်ထားခြင်း ရှိ မရှိတော့ မသိရသေးပါဘူး၊

ရန်ကုန်ကတရားလွှတ်တ်ာရှေ့နေ ဦးရောဘတ်ဆန်းအောင်က တကယ်တမ်း အပက (၃) ပုဒ်မနဲ့ အမှုဖွင့်ရမှာလို့ သုံးသပ်ပြောပါတယ်။

“အမှန်မှာ ယူရမှာက အပက (၃) အများပြည်သူနဲ့ သက်ဆိုင်တဲ့ဥပဒေ ၁၉၆၃ခုနှစ်ဥပဒေနဲ့ယူရမှာ။ အပက (၃) နဲ့ အရေးယူရင် အနိမ့်ဆုံး ၁၀ နှစ်၊ အမြင့်ဆုံး တသက်တကျွန်း၊ ပြစ်ဒဏ်လျော့မှာ စိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥပဒေပုဒ်မပြောင်းပြီး အရေးယူတာမျိုးက တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတာကို ပြောတာပဲ၊ နည်းတာ၊ များတာ သူ့အလုပ် မဟုတ်ဘူး၊ တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားကို လွှမ်းမိုးချယ်လှယ်ပြီး စွက်ဖက်တဲ့သဘောမျိုး ဖြစ်နေတယ်။”

ပုဒ်မ၆ (၁) အရ အမြင့်ဆုံးပြစ်ဒဏ် ၇ နှစ်ချမှတ်နိုင်ပြီး ငွေဒဏ်လောက်နဲ့ပဲ ပြီးသွားနိုင်တယ်လို့လည်း ပြောပါတယ်။

ဒီလဆန်းပိုင်းက တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန် ယန်၊ ဆဒုံးဒေသအတွင်း  စစ်ဆင်ရေးမှာ တရုတ်နိုင်ငံသား (၁၃၀) ကျော်၊ မြန်မာ ၁၉ ယောက်တို့ကို သစ်လုံးပေါင်း ၁၆၀၀ ကျော်နဲ့ အတူ လုပ်ဒါ/ ဘက်ဟိုးယာဉ် ၅ စီး၊ ပါဂျဲရိုး ၄ စီး၊ ပီကင်းဂျစ် ၄ စီး၊ ဝန်ဆွဲယာဉ် ၄ စီး၊ နှစ်ခန်းတွဲယာဉ် ၂ စီး၊ သစ်တင်ယာဉ်(အမျိုးအစားမျိုးစုံ) ၄၅၅ စီး၊ တုန်ဖုန်း/ဒေါင်ဖန်း ယာဉ် ၄ စီး၊ ကရိန်း ၅ စီး စုစုပေါင်းယာဉ် ၄၈၃ စီးတို့ကို  ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

အတိတ်ကာလက အလားတူသစ်မှုနဲ့ တရုတ်နိုင်ငံသားတွေဖမ်းဆီးမိတဲ့အခါ သစ်တောဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး လ၀က ဥပဒေတို့နဲ့ အရေးယူခဲ့ဖူးသလို တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့တာမျိုးလဲ ရှိတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံသားတွေ မြန်မာပြည်ထဲဝင်ပြီး သစ်ခိုးထုတ်နေတာဟာ နှစ်တိုင်းလိုဖြစ်ပြီး နယ်မြေအေးချမ်းမှု မရှိတဲ့အတွက် တားဆီးဟန့်တားနိုင်ခြင်းမရှိဘဲ ဒီနှစ်မှာတော့ တပ်မတော်ကင်းထောက်လေယာဉ်တွေရဲ့ တွေ့ရှိမှုအပေါ် စစ်တပ်၊ ရဲနဲ့ သစ်တောတို့ပေါင်းပြီး အခုလို အမြောက်အမြား ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013