DVB Logo
Home
Lead Story
အင်အားသုံးဖြေရှင်းခြင်းမပြုရန် အန်အယ်လ်ဒီ တိုက်တွန်း
DVB
·
January 22, 2015
အင်အားသုံးဖြေရှင်းခြင်းမပြုရန် အန်အယ်လ်ဒီ တိုက်တွန်း
Donate to DVB

အငြင်းပွားမှုတွေကို အင်အားသုံး ဖြေရှင်းခြင်းမပြုကြဘဲ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ဦးတည်ဆောင်ရွက်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရင်းသားဆက်ဆံရေးကော်မတီ က တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ဒီကနေ့ မေတ္တာရပ်ခံတိုက်တွန်းပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကေအိုင်အေလက်နက်ကိုင်တပ်ဖွဲတွေက ပြည်နယ်ဝန်ကြီးရဲ့ လုံခြုံရေးရဲဝန်ထမ်းသုံးဦးကို ဒီလ ၁၄ ရက်နေ့မှ ဖမ်းဆီးခေါ်ဆောင်တဲ့ကိစ္စကို အကြောင်းပြုပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတာကို စိတ်မချမ်းမြေ့ဘွယ် ကြားရကြောင်းနဲ့ ဒေသခံပြည်သူတွေလည်း တိုက်ပွဲတွေအကြား ပိတ်မိနေသလို လွတ်မြောက်လာခြင်းမရှိသေးတာကို တုန်လှုပ်စွာ သိရှိရကြောင်း ဖော်ပြပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေကြောင့် စစ်ရှောင်ဒုက္ခသည်တိုးလာမှု၊ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ကျောင်းများပိတ်ထားရမှု၊ စီးပွားရေးတုံ့ဆိုင်းမှု၊ အလုပ်အကိုင်တွေ ပျက်စီးဆုံးရှုံးမှု စတဲ့ ဆိုးကျိုးတွေအပြင် လက်နက်ကိုင်တပ်ဖွဲ့တွေအပါအ၀င် ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ဓနတွေလည်း ဆုံးရှုံးကြမှာမလွဲဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါဖမ်းဆီးခံရတဲ့ ရဲသုံးဦးကို ကေအိုင်အိုက အစိုးရလက်ဝယ် ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ပါ တယ်။ ဒီတိုက်ပွဲတွေကြောင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် ရန်ကုန်မှာ ဆွေးနွေးညှိနှိုင်းမယ့် ရက်ကို မသတ်မှတ်နိုင်သေးဘဲဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013