DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ကိုယ်စားလှယ် လစာ ၁၀ သိန်း အတည်ပြုပြီ
DVB
·
January 22, 2015
လွှတ်တော်ကိုယ်စားလှယ် လစာ ၁၀ သိန်း အတည်ပြုပြီ
Donate to DVB

လာမယ့် ဘဏ္ဍာနှစ်မှာ စတင်ခံစားရမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစာချီးမြင့်ငွေ ဆယ်သိန်းကျပ်ကို ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ အတည်ပြုခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဝင်များရဲ့ ချီးမြှင့်ငွေနဲ့ စရိတ်များဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

parlimentဒီလိုအတည်ပြုလိုက်တာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လက်ရှိ လစာကျပ် ၃ သိန်းကနေ  ၁၀ သိန်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း လက်ရှိ လစာ ၂ သိန်းကနေ ၅ သိန်းရရှိမှာဖြစ်ပါတယ်။

တိုးမြှင့်ပေးလိုက်တဲ့ လစာကို ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော် သက်တမ်းမကုန်ခင်ထိ ခံစားခွင့်ရမှာဖြစ်ပြီး နောင် အစိုးရလက်ထက် လွှတ်တော်ကိုယ်စား လှယ်တွေလည်း ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ယ်တွေရဲ့ ချီးမြှင့်ငွေနဲ့ စရိတ်တွေကို တကြိမ်တည်း မြင့်မားစွာတိုးမြင့်ပေးခြင်းထက် နိုင်ငံရဲ့ စီးပွားရေးအခြေအနေ ကောင်းမွန်လာရင် သင့်တင့်မျှတစွာ တဆင့်ပြီးတဆင့် တိုးမြှင့်ပေးမယ်လို့  နိုင်ငံတော်သမ္မတက လွှတ်တော်ကို သ၀ဏ်လွှာ ပေးပို့ထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစာတိုးပေးလိုက်ရင် ကုန်ဈေးနှုန်းတွေ တက်လာနိုင်တဲ့ အတွက် သမ္မတရဲ့ သဘောထားအတိုင်း ဆောင်ရွက်သင့်တယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဇော်မိုးက ဆွေးနွေးပါတယ်။

ပြည်ထောင်စုလွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစာနဲ့ စရိတ်တွေတိုးမြှင့်ပေးတာ ခေတ်အခြေအနေအရ လိုအပ်သလို သင့်တော်တဲ့ အချိန် ဖြစ်တယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013