Home
မြန်မာသတင်း
၂၀၁၄ ခုနှစ် အဆိုးဝါးဆုံး စကားဝှက်
DVB
·
January 21, 2015
၂၀၁၄ ခုနှစ်အတွက် အဆိုးဝါးဆုံး စကားဝှက် (ပတ်စ်ဝေါဒ့်) ၂၅ ခု စာရင်းကို အဆင့်အလိုက် သတ်မှတ်ပြီး စပတ်ရှ်ဒေတာက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Passwordsဒီပတ်စ်ဝေါဒ့်တွေကို လူတွေက အများဆုံး အသုံးပြုကြသလို ခန့်မှန်းရ အလွယ်ကူဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက ပထမနေရာကနေ ရပ်တည်နေတဲ့ “၁၂၃၄၅၆” ဟာထုတ်ပြန်လိုက်တဲ့ စာရင်းထဲမှာ နံပါတ် ၁ နေရာကနေ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ “password”က နံပါတ် ၂၊ “၁၂၃၄၅”က နံပါတ် ၃၊ “၁၂၃၄၅၆၇၈”က နံပါတ် ၄၊ “၁၂၃၄၅၆၇၈၉” နံပါတ် ၆၊ “၁၂၃၄”က နံပါတ် ၇ နေရာမှာ ရှိနေပါတယ်။ ဒါအပြင် တခြား အားကစားစကားလုံးတွေဖြစ်တဲ့ “football” “baseball”တို့အပြင် “၁၂၃ ၁၂၃” “abc ၁၂၃” ဆိုတဲ့ ပတ်စ်ဝေါ့ဒ်တွေနဲ့ “monkey” “batman” “superman”ဆိုပြီး ပေးတာကလည်း အဆိုးဝါးဆုံး ၂၅ ခု စာရင်းမှာ ပါဝင်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024