DVB Logo
Home
မြန်မာသတင်း
၆ ပွင့်ဆိုင်ဆွေးနွေးရေး အကြံပြုရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖိတ်ခေါ်
DVB
·
January 21, 2015
၆ ပွင့်ဆိုင်ဆွေးနွေးရေး အကြံပြုရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖိတ်ခေါ်
Donate to DVB

ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ အတွက် အကြံပြုချက်တွေ ပေးပို့ကြဖို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော် ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်လိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ  ဖိတ်ခေါ်လိုက်တာလို့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

[caption id="attachment_65028" align="alignright" width="338"]ဦးခင်အောင်မြင့် ပြောကြားနေစဉ် ဦးခင်အောင်မြင့် ပြောကြားနေစဉ်[/caption]

‘ဒီနေ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ၆ ပွင့်ဆိုင်မှာ သူက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအနေနဲ့ တက်ရောက်ဆွေးနွေးမှာဖြစ်တဲ့အတွက် အကြံပြုလိုတာတွေရှိရင် ဇန်န၀ါရီလ ၂၃ ရက်နေ့နောက်ဆုံးထားပြီးတော့ ပေးပို့နိုင်ပါတယ်လို့ ကြေညာပါတယ်’လို့ သူက ပြောပါတယ်။

ခေတ်နဲ့ညီတဲ့ ဖွဲ့စည်းပုံဖြစ်ရေးနဲ့ အနာဂတ်တိုင်းပြည်တည်ဆောက်ရေး အခြေအနေကောင်းတွေ ဖန်တီးလမ်းခင်းပေးဖို့ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်အကြီးအကဲ ၂ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားကိုယ်စားပြု လွှတ်တော် ကို်ယ်စားလှယ်တဦး စုစုပေါင်း ၆ ဦးတွေ့ဆုံဆွေးနွေးကြဖို့ နိုဝင်ဘာလ ၂၅ ရက်နေ့ကတည်းက  ပြည်ထောင်စု လွှတ်တော်က အတည်ပြုဆုံးဖြတ်ထားတာပါ။

သမ္မတကတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အည်ီဆောင်ရွက်ပါက လွှတ်တော်ဆုံးဖြတ်ချက်အတိုင်း လိုက်နာလုပ်ဆောင်သွားဖို့ အသင့်ရှိတဲ့အကြောင်းနဲ့ ဒီလုပ်ထုံးကိုကျော်လွန်လုပ်ဆောင်ပါက တရားဥပဒေစိုမိုးရေးကိုကျော်လွန်လုပ်ဆောင်သလို ဖြစ်နိုင်တယ်လို့   ဒီဆွေးနွေးပွဲနဲ့ စပ်လျဉ်းပြီး လွှတ်တော်ကို အကြောင်းပြန်ကြားထားပါတယ်။

အဆိုပါ သမ္မတရဲ့ ရပ်တည်ချက်ဟာ ပကတိဖြစ်ရပ်နဲ့ တခြားစီဖြစ်နေတယ်လို့  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောနေတဲ့ ရှေ့နေဦးကိုနီက ဝေဖန်ပါတယ်။

“ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ကိစ္စဟာ လွှတ်တော်လမ်းကြောင်းအတိုင်း သွားဖို့ မဖြစ်နိုင်လို့ ဒီအဆိုတင်ပြီးတော့ သမ္မတကို ခြောက်ပွင့်ဆိုင် ဆွေးနွေးပြီး အဖြေရှာဖို့ပြောတာ။ ဆိုလိုတာက လွှတ်တော်လမ်းကြောင်းအတိုင်းသွားရင် ၇၆ ရာခိုင်နှုန်း ထောက်ခံဖို့လိုတယ်။ ၇၆ ရာခိုင်နှုန်းက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လောလောဆယ် အရပ်သားက ၇၂ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ၂၃ ယောက်လောက်က လစ်လပ်နေတယ်။ အဲဒီတော့ စစ်တပ်ဘက်က ၂၈ ရာခိုင်နှုန်းလောက်ရှိနေတယ်။ ဒီအခြေအနေမှာ လွှတ်တော်လမ်းကြောင်းအတိုင်း သွားလို့ တပ်မတော်က မထောက်ခံရင် လွှတ်တော်ကိုတောင်ဖြတ်ဖို့ မဖြစ်ဘူး။ အဲဒါဆို လွှတ်တော်လမ်းကြောင်းက လမ်းဆုံးသွားတော့မယ်၊ တနည်းအားဖြင့် လွှတ်တော်ဟာ လူထုဆန္ဒကို မဖြည့်ဆည်းနိုင်တဲ့ အနေအထားဖြစ်တော့မယ်။ ဒါကို ကြိုမြင်တဲ့အတွက် ပြည်ခိုင်ဖြိုးပါတီက ဒီအဆိုကို တင်တာပါပဲ။ ဒါက ဘာတုန်းဆိုတော့ ညှိနှိုင်းဆွေးနွေးပြီးအဖြေရှာဖို့ တင်လိုက်တဲ့လမ်းကြောင်းကို သမ္မတက ဆုပ်ကိုင်ဖို့ကိစ္စကို တော်တော် ၀န်လေးနေတယ်” လို့ သူက ပြောပါတယ်။

သမ္မတရဲ့ သ၀ဏ်လွှာမှာတော့ ဆွေးနွေးပွဲမှာ ဆွေးနွေးမယ့်ခေါင်းစဉ်တွေ၊ ထည့်သွင်းဆွေးနွေးလိုတဲ့ မူဘောင်နဲ့ အသေးစိတ်အကြောင်းအရာတွေကို ကြိုတင်လေ့လာနိုင်ဖို့ အတွက် သမ္မတထံ ပေးပို့ဖို့နဲ့ ဒီဆွေးနွေးပွဲကို ဘယ်လိုဆောင်ရွက်ပေးစေလိုတယ်ဆိုတာ  ပြန်ကြားဖို့  လွှတ်တော်ကို သမ္မတက  တိုက်တွန်း ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013