DVB Logo
Home
မြန်မာသတင်း
မီဒီယာများ ရပ်တည်ချက် မျှတမှု ရှိမရှိ ဦးမင်းကိုနိုင် မေးခွန်းထုတ်
DVB
·
January 18, 2015
မီဒီယာများ ရပ်တည်ချက် မျှတမှု ရှိမရှိ ဦးမင်းကိုနိုင် မေးခွန်းထုတ်
Donate to DVB

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးမင်းကိုနိုင်က ဒီနေ့ မီဒီယာတွေရဲ့ ရပ်တည်ချက်မျှတရဲ့လားလို့ မေးခွန်းထုတ်လိုက်ပါတယ်။

min ko naingရန်ကုန်မြို့ ဒဂုံမြို့နယ်၊ အမျိုးသားဇာတ်ရုံမှာ ကျင်းပပြုလုပ်နေ တဲ့ နိုဘယ်-မြန်မာစာပေ ပွဲတော် ဒုတိယနေ့အခမ်းအနားမှာ စာရေးဆရာ၊ ကဗျာဆရာလည်း ဖြစ်တဲ့  ဦးမင်းကိုနိုင်က မေးခွန်း ထုတ်ခဲ့တာဖြစ်ပါတယ်။

“တဖြည်းဖြည်းနဲ့ ကာလတခု ကို ရောက်လာတဲ့အခါကျတော့ သူတို့ (မီဒီယာ) က ဘယ်လို ဖြစ်လာသလဲဆိုတော့ ဒီဘက်က ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် အင်ပြည့်အားပြည့်လုပ်နေတဲ့သူတွေကိုပါ မျှသွားအောင်လို့ဆိုပြီးတော့ ဟိုဘက်ရော ဒီဘက်ရော ရွှံ့တဆုပ်စီနဲ့ ပက်တာ ကျနော်တို့ တွေ့ရတယ်။ ဒါက ဘာကိုပြတာလဲဆိုတော့ ငါတို့က မျှမျှတတ ကြားက နေတာပါကွာ။ အစိုးရကိုရော အတိုက်အခံကိုရော ဝေဖန်တာလို့ ပြန်ပြီးတော့ ရှင်းချက် ထုတ်ပါတယ်။ ကျနော်ကတော့ အစိုးရနဲ့ အတိုက်အခံဆိုတဲ့ ပုံသဏ္ဌာန်ထက် အနှစ်အသားဖြစ်တဲ့ မတရားလုပ်သူနှင့် တရားမျှတမှုဘက်က ခုခံသူလို့ပဲ ပြောချင်တယ်။ ဟိုဘက် ဒီဘက် နှစ်ဘက်မျှအောင် ပက်ပါတယ်ဆိုတာကတော့ ကျနော့်အနေနဲ့ ဒါဟာ သံသယရှိစရာ တော်တော်ကောင်းတယ်လို့ အောက်မေ့ပါတယ်။”

မြန်မာ စာပေလောကကို နိုင်ငံတကာ စာပေတွေ၊ အထူးသဖြင့် နိုဘယ်လ်ဆုရ ပုဂ္ဂိုလ်ကျော်တွေရဲ့ စာပေ လက်ရာတွေနဲ့ အားဖြည့်ဖို့၊ အများပြည်သူတွေ စာဖတ်အား တိုးတက်စေဖို့၊ မြန်မာစာရေးဆရာတွေ စိတ်ကူးစိတ်သန်းအသစ်တွေ တိုးတက်လာဖို့၊ စာပေကတဆင့် အသိအမြင်ကျယ်လာပြီး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ရည်ရွယ်ချက်နဲ့  နိုဘယ်-မြန်မာစာပေပွဲတော်ကို  ကျင်းပတာလို့ ကျင်းပရေး ကော်မတီက ဆိုပါတယ်။

ဇန်န၀ါရီ ၁၇ ရက်ကနေ ၁၉ ရက်ထိ ကျင်းပပြုလုပ်နေတဲ့ စာပေပွဲတော် ၃ ရက်အတွင်း ပြည်တွင်းပြည်ပ ပညာရှင်တွေရဲ့ စာတမ်းဖတ်ပွဲတွေ၊ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲ၊ ရေးသူဖတ်သူ တွေ့ဆုံပွဲ၊ ကဗျာရွတ်ပွဲ၊ နိုဘယ်လ်ဆုရ မူရင်းစာအုပ်နဲ့ မြန်မာပြန် စာအုပ်ပြပွဲ၊ စာအုပ်ဈေးရောင်းပွဲတော်နဲ့ ညပိုင်းတွေမှာတော့ စာရေးဆရာ၊ ဆရာမတွေကိုယ်တိုင် သရုပ်ဖော်တင်ဆက်တဲ့ ပြဇာတ်အပါအ၀င် ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013