A d v e r t i s e m e n t With Us

ပြည်သူကို ငွေပေးစည်းရုံးမှု ရေရှည်မအောင်မြင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဒေါ်အောင်ဆန်းစုကြည် ပျဉ်းမနား လူထုဟောပြောပွဲ (ဓာတ်ပုံ - Aye Mya Mya Myo)
ပြည်သူတွေကို ငွေပေးပြီးစည်းရုံးတာဟာ ရေရှည်မှာ မအောင်မြင်နိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ပျဉ်းမနားမှာ ဇန်န၀ါရီလ ၁၇ ရက်နေ့က ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် မွေးနေ့အထိမ်းအမှတ် လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို ငွေကြေးနဲ့ စည်းရုံးတာဟာ တခဏတာ အောင်မြင်မယ်လို့ ပြောပါတယ်။ [caption id="attachment_77521" align="aligncenter" width="583"]ဒေါ်အောင်ဆန်းစုကြည် ပျဉ်းမနား လူထုဟောပြောပွဲ (ဓာတ်ပုံ - Aye Mya Mya Myo) ဒေါ်အောင်ဆန်းစုကြည် ပျဉ်းမနား လူထုဟောပြောပွဲ (ဓာတ်ပုံ - Aye Mya Mya Myo)[/caption] “အဖွဲ့ချုပ်က ငွေရေးကြေးရေးအရ တောင့်တင်းတဲ့ အဖွဲ့မဟုတ်ဘူး။ ငွေရေးကြေးရေးသုံးပြီးတော့ ကျမတို့ စည်းရုံးလို့မရဘူး။ စည်းရုံးလည်း မစည်းရုံးသင့်ဘူး။ ငွေပေးပြီးတော့ စည်းရုံးတယ်ဆိုတာ တခဏတာအောင်မြင်မယ်၊ ရေရည်မှာ အောင်မြင်မှုရမှာ မဟုတ်ဘူး။ အဲ့တော့ ကျမတို့ဟာ ငွေပေးပြီးတော့ မစည်းရုံးဘူး၊ ပစ္စည်းပေးပြီးတော့လည်း မစည်းရုံးဘူး။ ကျမတို့က ဘာလုပ်ချင်လဲဆိုတော့ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေ လုပ်သင့်လုပ်ထိုက်တာလုပ်နိုင်တဲ့ အရည်အချင်း မြင့်တင်ပေးခြင်းအားဖြင့် ကျမတို့ စည်းရုံးချင်ပါတယ်။” ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ အရည်အချင်းရှိမှ တိုင်းပြည်အောင်မြင်မှုတွေ ရနိုင်မှာဖြစ်ကြောင်း၊ အဖွဲ့ချုပ်ကိုသာ အားကိုးတာမျိုး ဒါမှမဟုတ် အဖွဲ့အစည်း တခုခုကို အားကိုးတာမျိုးမဟုတ်ဘဲ ကိုယ့်အရည်အချင်းကို အားကိုးနိုင်တဲ့ ပြည်သူတွေဖြစ်ဖို့လို့ကြောင်း တိုက်တွန်းခဲ့ပါတယ်။ အရည်အချင်းပြည့်မီတဲ့ ပြည်သူတွေဖြစ်လာဖို့အတွက် လူငယ်တွေကို မှန်မှန်ကန်ကန် ပြုစုပျိုးထောင်ရမယ်လို့လည်း ပြောပါတယ်။ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးအောင်ကြည်ညွန့်ကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကောက်နှုတ်ချက်တွေကို ဖတ်ကြားပေးခဲ့ပါတယ်။ အခမ်းအနားကို ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၀၀ ပြည့်နှစ် ဖြစ်တဲ့အတွက် နိုင်ငံအနှံ့ မြို့ကြီး၊ မြို့ငယ်တွေမှာလည်း ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားတွေ၊ ဟောပြောပွဲတွေကို ကျင်းပနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up