DVB Logo
Home
မြန်မာသတင်း
နယ်စပ်ဒုက္ခသည်စာရင်း ကုလသမဂ္ဂ ပြန်လည်စိစစ်မည်
DVB
·
January 16, 2015
နယ်စပ်ဒုက္ခသည်စာရင်း ကုလသမဂ္ဂ ပြန်လည်စိစစ်မည်
Donate to DVB

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (ယူအန်အိပ်ချ်ျစီအာ) က ထိုင်း-မြန်မာ နယ်စပ်တကြောက ဒုက္ခသည်စာရင်းကို မကြာခင် ပြန်လည်စိစစ်မယ်လို့ ဒုက္ခသည်ကော်မတီ တွေက ပြောပါတယ်။

တချိန်မှာ ဒုက္ခသည်တွေ နေရာအပြောင်းအရွှေ့တွေရှိရင် ကူညီပေးနိုင်အောင် ဆောင်ရွက်တာပါလို့ အုန်းဖျန်ဒုက္ခသည်စခန်းက ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ နော်ဘော်ညော က ပြောပါ တယ်။

ဒီတကြိမ်က ပထမဦးဆုံးအကြိမ် သူတို့အနေနဲ့ စိစစ်တာပေါ့နော်။  ဒီတကြိမ်စိစစ်လို့ရှိရင် လည်း ယူအန် ဓာတ်ပုံ (လက်မှတ်) ရှိထားတဲ့သူတွေရော၊ တချို့ ရိက္ခာစားတဲ့ လူသစ်တွေကို စစ်မယ်။ ဒီလို စစ်တဲ့နေရာမှာ အရင်ကနည်းမတူဘဲ လက်ဗွေတို့၊ အမှတ်အသား၊ ဓာတ်ပုံတို့ တခါတည်းယူထားမယ်။ တကယ်လို့ ဒီလူတွေက တချိန်ကျရင် မြန်မာပြည်ပြန်မလား၊  ထိုင်းနိုင်ငံမှာ နေမလား ဒါမှမဟုတ် နိုင်ငံခြားသွားမှာလား။ အကူအညီတွေ လိုလို့ရှိရင် လုပ်ဆောင်ပေးလို့ရဖို့အတွက် စိစစ်တာပဲ။”

ရန်ကုန်အခြေစိုက် ယူအန်အိပ်ခ်ျစီအာ  မြန်မာရုံးရဲ့ ဇန်န၀ါရီ ၁၄ ရက်နေ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Mr.Giuseppe de Vincentiisu က ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ စပ်လျဉ်းပြီး “ဒုက္ခသည်များဘေးကင်းလုံခြုံစွာဖြင့် မိမိတို့၏ သဘောဆန္ဒအလျောက် ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ကောင်းမွန်ပြည့်စုံသော အခြေအနေ တရပ်သို့ ရောက်ရှိလာချိန်တွင် လိုအပ်သောကူညီစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် ပြင်ဆင်ထားရှိသည်” လို့ ပြောပါတယ်။

အုန်းဖျန်ဒုက္ခသည်စခန်းက နော်ဘော်ညော်ကတော့ လတ်တလောမှာ ကိုယ့်သဘော နဲ့ကိုယ်ပြန်ချင်တဲ့သူ မရှိသေးဘဲ ပြန်ရမှာပဲ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

[caption id="attachment_77277" align="aligncenter" width="584"]မယ်လ ဒုက္ခသည်စခန်း (REUTERS/Chaiwat Subprasom) မယ်လ ဒုက္ခသည်စခန်း (REUTERS/Chaiwat Subprasom)[/caption]

“ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်တွင်းမှာရှိတဲ့ မြန်မာနိုင်ငံသားစစ်စစ်တောင်မှ အခုထက်ထိ လူ့အခွင့်အရေးတွေ ချိုးဖောက်ခြင်းခံနေရတယ်။ မတရားလယ်ယာမြေသိမ်းခြင်းခံရတယ်။ တိုက်ပွဲတွေရှိသေးတယ်။ ဒီလက်နက်ကိုင် အဖွဲ့အစည်းနဲ့အဆက်သွယ်ရှိပါတယ်ဆိုပြီး မတရားစွပ်စွဲတွေလည်း ရှိနေတယ်။ ဖမ်းဆီးနေတယ်ဆိုတော့  ဒီအချက်အလက်ကို ပြန်ကြည့်မယ်ဆိုရင် ပြန်မရဲကြဘူး။ ဒါကြောင့် ပြန်ဖို့အတွက် အမြဲတမ်းပဲ စိုးရိမ်နေကြတယ်။”

အစိုးရသစ်လက်ထက်မှာ လက်နက်ကိုင်အင်အားစုအများစု အပစ်အခတ် ရပ်စဲထားကြတာကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကလွဲလို့ ကျန်ဒေသတွေမှာ တည်ငြိမ်စပြုလာပါတယ်။ ဒါပေမယ့် တနိုင်ငံလုံးလွှမ်းခြုံတဲ့အပစ်ရပ်စာချုပ်မချုပ်နိုင်သေး တဲ့အတွက် မြေမြှုပ် မိုင်းရှင်းလင်းရေးကိစ္စ၊ ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူနေရာ ချထားရေးကိစ္စ၊ ပြန်လည်ထူထောင်ရေးကိစ္စတွေကိုတော့ ဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူး။

ယူအန်အိပ်ခ်ျစီအာအနေနဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်ဒေသရှိ မွန်၊ ကယား၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ နေရပ်စွန့်ခွာရွှေ့ ပြောင်းနေထိုင်သူတွေကို ကူညီပေးမှုတွေရှိသလို ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုက ဒုက္ခသည် ၁ သိန်း ၁ သောင်းလောက်ကိုလည်း ထောက်ပံ့ကူညီပေးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013