Home
အထွေထွေ
ပြည်ထောင်စုနေ့ တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးနိုင်မလား
DVB
·
January 15, 2015
သမ္မတ ဦးသိန်းစိန်က လာမယ့်ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးဖို့ မကြာသေးခင်က ကမ်းလှမ်းပြောဆိုထားပါတယ်။ နှစ်ဘက်ညှိနှိုင်းရေးအဖွဲ့တွေကတော့ ညှိနှိုင်းဖို့အချက်တွေ ကျန်ရှိသေးတာကြောင့် ပြည်ထောင်စုနေ့မှာ ရေးထိုးနိုင်ဖို့ဆိုတာ အချိန် သိပ်ကပ်လွန်းတယ်လို့  ထုတ်ဖော်ပြောဆိုချက်တွေရှိပါတယ်။ ဒီလိုအခြေအနေမှာ အစိုးရနဲ့ ကေအိုင်အေအကြား တိုက်ပွဲအရှိန်မြင့်တက်လာတာကြောင့်  ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးဖို့ ဖြစ်နိုင်ပါတော့မလား။ လက်မှတ်ရေးထိုးမှု ဖြစ်လာအောင် လိုအပ်တဲ့ ရေခံမြေခံတွေက ဘာတွေပါလဲ။ ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးအင်အားစုတချို့က ခေါင်းဆောင်တွေကို ဆက်သွယ်မေးမြန်းထားတယ်။   ခွန်ဥက္ကာ (အန်စီစီတီအဖွဲ့ဝင်) [caption id="attachment_59583" align="alignleft" width="300"]ဦးခွန်ဥက္ကာ ဦးခွန်ဥက္ကာ[/caption] “စစ်တပ်ကတော့ ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့တုန်းက သမ္မတအမိန့်ပဲ နားထောင်ပါတယ်လို့ ပြောတာပေါ့နော်။ သို့သော်လည်းပဲ အပစ်ခတ်လက်မှတ်ထိုးပြီးမှ ရပ်တာထက်စာရင် မထိုးခင်မှာလည်း ရပ်ဖို့လိုတယ်။ မထိုးခင်မှာ စေတ နာကောင်းပြတဲ့အနေနဲ့ နမူနာပြတဲ့အနေနဲ့ရပ်မှ လက်မှတ်ထိုးနိုင်တဲ့ မိုးလေ၀သဖြစ်နိုင်တယ်။ လက်မှတ်ထိုးနိုင်တဲ့ မိုးလေ၀သဖြစ်မှ လက်မှတ်ထိုးရမယ့်စာချုပ်က ဘယ်လောက်ပဲ တူထားတူထား ပတ်ဝန်းကျင်အခြေအနေ မပေးရင်တော့ အခက်အခဲရှိတယ်ပေါ့ဗျာ။ ဒါ့ကြောင့် ပြည်ထောင်စုနေ့ကို ဖြစ်နိုင်တယ်လည်း မပြောဘူး၊ မဖြစ်နိုင်ဘူးလည်း မပြောဘူး။ အဲ့ဒီ လိုအပ်တဲ့ အခြေခံအချက်နှစ်ချက်လောက် လိုက်လျောညီထွေဖြစ်တယ်ဆိုရင်လည်း ဖြစ်နိုင်တယ်ပေါ့။ ဒါပေမယ့် ဒီနှစ်ခု မဖြစ်ဘူးဆိုရင်တော့လည်း ပြည်ထောင်စုနေ့က မီဖို့ မလွယ်ဘူးပေါ့။” ဒေါက်တာတူးဂျာ (ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ) [caption id="attachment_46185" align="alignright" width="224"]ဒေါက်တာ တူးဂျာ ဒေါက်တာ တူးဂျာ[/caption] “ပြည်ထောင်စုနေ့ လက်မှတ်ထိုးနိုင်ဖို့က ဖြစ်နိုင်ခြေနည်းတယ်။ ဘာကြောင့်လဲဆိုတော့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်နိုင်တာ အကောင်းဆုံးဖြစ်မယ်။ ကျနော်တို့လည်း အဲ့ဒီလို အကြံပြုထားတယ်။ တဖွဲ့ဖွဲ့ကျန်ခဲ့မယ်ဆိုရင် ပြဿ   နာက မငြိမ်းနိုင်ဘူးလေ။ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ထပ်တွေ့ဖို့ ရှိသေးတယ်။ သူတို့ ကြိုးစားမှုတွေ ဘယ်လောက်ထိရောက် အောင်မြင်မလဲပေါ့။ ဒီပေါ်မှာလည်း မူတည်မယ်။ ဒါကြောင့် ၁၂ ရက်နေ့ ဆိုတာတော့ သိပ်တော့ မသေချာဘူးဗျ။ တိုက်ပွဲတွေကြောင့်တင် မကပါဘူး၊ တခြား အကြောင်းရပ်တွေ ရှိသေးတယ်။” ဦးလှမောင်ရွှေ (မြန်မာငြိမ်းချမ်းရေးစင်တာ) [caption id="attachment_53037" align="alignleft" width="300"]ဦးလှမောင်ရွှေ ဦးလှမောင်ရွှေ[/caption] “နံပါတ်တစ်အချက်က အန်စီစီတီနဲ့ ၀န်ကြီးဦးအောင်မင်းခေါင်းဆောင်တဲ့ ယူပီဒဗလျုစီတို့ ဆွေးနွေးပွဲကို ၂၀၁၅ခုနှစ် ဇန်န၀ါရီလထဲလုပ် ဖို့ နှစ်ဘက်သဘောတူကြေညာ ချက်ထုတ်ခဲ့တာ ရှိတယ်။ ကျနော်တို့ဘက်က အန်စီစီတီဆွေးနွေးပွဲကို စောင့်နေ တယ်။ အန်စီစီတီဆွေးနွေးပွဲက ဇန်န၀ါရီ ၁၉-၂၁ မှာ ဆောင်ရွက်နိုင်မယ့် သဘောရှိတော့ ပြည်ထောင်စုနေ့ နဲ့တော့ တော်တော်လေး ကပ်လာတဲ့သဘောရှိတယ်။ နံပါတ်နှစ်အချက်က ကချင်ပြည်နယ်၊ ဖားကန့်မှာ နှစ်ဘက်ထိတွေ့မှု ဖြစ်တယ်ဆိုတဲ့သတင်းတွေလည်း ကျနော်တို့ ကြားရတယ်။ ဒါပေမယ့်လည်း ဒီဟာက အကန့်အသတ်နဲ့ပဲ ထိတွေ့မှုဖြစ်ပြီး ပြီးသွားလိမ့်မယ်လို့ မျှော်လင့်တာပေါ့နော်။ လက်တွေ့ဘ၀ကိုတော့ ဆက်တော့ ကြည့်ရပါဦးမယ်။” ဦးခင်မောင်ဆွေ (ဒီမိုကရေစီအင်အာစုပါတီဥက္ကဋ္ဌ) [caption id="attachment_76402" align="alignright" width="300"]U-khin-mg-swe-300x253 ဦးခင်မောင်ဆွေ[/caption] “စစ်ဖြစ်တယ်ဆိုတာကတော့ဗျာ တနိုင်ငံလုံးအပစ်ရပ်လက်မှတ်မှ မထိုးနိုင်သေးတာ ဖြစ်ချင် လည်း ဖြစ်နေမှာပဲလေ။ သူ့နယ်ကိုယ့်နယ် စည်းကာစည်းခြားတာတွေလည်း ရှိကောင်း ရှိနိုင်တာပေါ့။ အဲ့ဒီတော့ ဒီကာလကြီးမှာ နယ်မြေချဲ့ထွင်တာလည်း ရှိကောင်းရှိမှာပေါ့။ ဒါမှမဟုတ် အပိုင်နေရာယူဖို့ ကြိုးစားတာလည်း ရှိကောင်းရှိမှာပေါ့။ ဒါ တကြောင်းပေါ့။ နောက်တခုက တရုတ်ဘက်က သစ်တွေ လာခုတ်တယ်ဆိုတဲ့ကိစ္စ တရားမ၀င် စီးပွားရေးလမ်းကြောင်းတွေ အပြိုင်အဆိုင်ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ကိစ္စတွေက အသက်ဝင်တဲ့ အနေအထားရောက်လာတော့ တိုက်ပွဲတွေက ရှောင်လို့မရဘဲ ဖြစ်နေတာလို့ ကျနော် ယူဆပါတယ်။ အဓိကကတော့ အပစ်အခတ်ရပ်စဲရေး နောက်ဆုံးသဘောတူစာချုပ် လက်မှတ်မထိုးနိုင်သေးသရွေ့ ကာလပတ်လုံး တိုက်ပွဲတွေက ဖြစ်နေမှာပဲ ဖြစ်ပါတယ်။ တဘက်ကလည်း အစိုးရဘက်က အပစ်အခတ်ရပ်စဲနိုင်ဖို့ ကြိုးပမ်းလိမ့်မယ်လို့ ကျနော် ယုံကြည်နေပါတယ်။” ဦးမြအေး (၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) [caption id="attachment_43764" align="alignleft" width="300"]ဦးမြအေး ဦးမြအေး[/caption] “တိုက်ပွဲသတင်းတွေ ပြန်ပေါ်ထွက်လာ တာကတော့ အမှန်အတိုင်းပြောရရင် နည်းနည်း စိတ်ပျက်အားလျော့မိတယ်။ ပြည်ထောင် စုနေ့ လက်မှတ်ထိုးနိုင်ဖို့ကတော့ ၅၀-၅၀ပဲဗျ။ အစကတော့ ၇၅ လောက်မှန်းထားတာ။ တခုရှိတာက တိုက်ပွဲတွေဖြစ်တယ်ဆို တာကတော့ မြေပြင်အနေအထားပေါ့။ အဓိကကတော့ အပေါ်ပိုင်းက၊ ပေါ်လစီပိုင်း က ကြေညက်သွားမယ် ဆိုရင် အောက်က တိုက်ပွဲတွေလည်း လျော့သွားနိုင်စရာ ရှိပါတယ်။ လာမယ့် အန်စီစီတီ (တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့) နဲ့ ယူပီဒဗလျူစီ (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) ၇ ကြိမ်မြောက်ဆွေးနွေးပွဲဖြစ်ဖို့ကို အရင်ဦးဆုံး ဦးစားပေးပါတယ်။ အဲ့ဒီဆွေးနွေးပွဲကမှတဆင့် ပြေလည်မှု တစုံတရာ ရခဲ့မယ်ဆိုရင်တော့ ဖေဖော်ဝါရီ ၁၂ ရက် တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အခု အခြေအနေအရတော့ စောစောကပြောခဲ့သလိုပဲ ၅၀-၅၀ပဲဗျ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024