Home
မြန်မာသတင်း
စာရေးဆရာ ထင်လင်းဦး သံဃာတော်များကို တောင်းပန်
နော်နိုရင်း
·
January 15, 2015
သာသနာညှိုးနွမ်းစေမှု အပါအ၀င် ပုဒ်မ ၂ ခုနဲ့ တရားစွဲခံရတဲ့ စာရေးဆရာထင်လင်းဦး က  ချောင်းဦးမြို့နယ်မှာ သံဃာတော်တွေကို အခမ်းအနားနဲ့ ၀န်ချတောင်းပန်လိုက်ပါတယ်။ 10934547_10203498922096289_1334159799_nဒီကနေ့ နေ့ခင်း သူရဲ့ရုံးချိန်းအပြီးမှာ သံဃာတော်တွေကို တောင်းပန်တဲ့ အခမ်းအနား လုပ်ဆောင်ခဲ့တာလို့ စာရေးဆရာထင်လင်းဦး အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။ “ကျနော်တို့ ရုံးချိန်းအပြီး ၁ နာရီ ၁၀ မိနစ်မှာ ချောင်းဦးမြို့နယ် ရဲစခန်း ရဲဓမ္မာရုံမှာ ချောင်းဦးမြို့နယ် သံဃာ့ဝန်ဆောင် သပိတ်တော်ပြုတော်မူထားတဲ့ သံဃာတော်တွေအားလုံး ကျနော်တို့ အခမ်းအနားနဲ့ ဒီဘုရားပညတ်ထားတဲ့ ၀ိနည်းတော်နဲ့ သပိတ်ကံဆောင်တာ တောင်းပန်တာ၊ သပိတ်လန်ဖို့အတွက် လက်ခံတာကို အဲမှာ ကျနော်တို့ လုပ်ပါတယ်။ ” ချောင်းဦးမြို့မှာရှိတဲ့ သံဃာတော် အပါ ၃၀ လောက်ကို ပင့်ဖိတ်ပြီး တောင်းပန်ခဲ့တာဖြစ်ပြီး သံဃာတော်တွေကလည်း ကျေနပ်အသိအမှတ်ပြုတယ်လို့လည်း ရှေ့နေဦးသိန်းသန်းဦးက ပြောပါတယ်။ [caption id="attachment_77196" align="alignright" width="380"]10934227_10203498922296294_1174339999_n ဆရာထင်လင်းဦး သံဃာတော်များကို တောင်းပန်စဉ်[/caption] “ဗုဒ္ဓဘာသာဖြစ် လို့ တောင်းပန်ရ တာပေါ့။ ဗုဒ္ဓဘာသာမှာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သံဃာက စိတ်နှလုံးမသာလို့ ဒီလိုသပိတ်ကံဆောင် ထား လို့ရှိရင် သံဃာဝန်သိပ်ကြီး ပါတယ်။ ဒါကြောင့် ရှိခိုးတောင်းပန်ဖို့ သိပ်အရေးကြီးပါတယ်။  မှားတာမှန်တာက ပြဿ  နာမရှိဘူး၊ သံဃာတော်က သူ့ဟောပြောချက် အပေါ်မှာ စိတ်နှလုံးမသာဖြစ် တယ်။ ဒီလိုအကျိုးဆက်ရှိရင် ဗုဒ္ဓဘာသာဝင်တိုင်းက ၀န်ချတောင်းပန်ဖို့ရှိ တယ်။ ဒါကြောင့်မို့ ဦးထင်လင်းဦးက ၀န်ချတောင်းပန် တာပါ။ ဆရာတော်ကြီးတွေ ကလည်းပဲ ၀န်ချတောင်းပန်ရင် သူတော်ကောင်း ပဲဆိုတာ အသိအမှတ် ပြုပါတယ်။ ဒီလိုသပိတ်ကံဆောင်တာရှိပါတယ်။  ဘုန်းကြီးရဟန်းကို ၀န်ချတောင်းပန်ရမှန်း မသိတဲ့ သူတော်ကောင်းမဟုတ်တဲ့လူတွေ အများကြီးရှိပါသေးတယ်”  လို့ ပြောပါတယ်။ 10928070_10203498921736280_1012277164_nဦးထင်လင်းဦးရဲ့  ဒီကနေ့ ရုံးချိန်းမှာ တရားလိုပြသက်သေ ၂ ယောက်စစ်ဆေးခဲ့ပြီး  အာမခံလျှောက်တာ  ပယ်ချခံရပါတယ်။ ဒီမှုကို မုံရွာမြို့နယ်တရားရုံးမှာ  ရုံးပြောင်းစစ်ဆေးဖို့ လျောက်ခဲ့တယ်လို့လည်း ရှေ့နေကပြောပါတယ်။ ဦးထင်လင်းဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေ ဟောပြောပွဲမှာ ဟောပြောချက်နဲ့ပတ်သက်လို့ ဘာသာသာသနာ ယုံကြည်မှုကို စော်ကားမှု ပုဒ်မ ၂၉၅ (က)၊ ဘာသာရေးကို စိတ်နာစေရန် တမင်ကြံရွယ်၍ စကားပြောဆိုမှု ပုဒ်မ ၂၉၈ တွေနဲ့ တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024