A d v e r t i s e m e n t With Us

ဒုတိယအကြိမ် နိုင်ငံရေးဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပုံပြင်ရေး အဓိကတင်ပြ

လွတ်လပ် တရားမျှတတဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေ အောင်မြင်စွာကျင်းပရေးနဲ့ မြင်သာတဲ့ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်တွေ ပေါ်ပေါက်လာဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ပြုပြင်ပြောင်းလဲရေးဟာ အရေးအကြီးဆုံးဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ ပါဝင်တက်ရောက်တဲ့ နိုင်ငံရေးအင်အားစုများ တွေ့ဆုံပွဲမှာ တင်ပြဆွေးနွေးပါတယ်။ U Thein Sein met ops party leader 12012015(7ဇန်န၀ါရီလ ၁၂ ရက်နေ့က သမ္မတအိမ်တော်မှာ ဖိတ်ခေါ်ကျင်းပတဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တိုင်းဒေသကြီးအမတ်တွေအပါအ၀င် ၄၈ ဦး တွေ့ဆုံရာမှာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ရပ်တန့်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပြီး ဒီလိုဖြစ်ရတာဟာ ပြည်ထောင်စုအစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို စိတ်အားထက်သန်မှု မရှိတာကြောင့်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဒုတိယသမ္မတတွေရဲ့ ရှေ့မှောက်မှာ ဝေဖန်ခဲ့တာပါ။ ပြည်ထောင်စုအစိုးရက ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်စေဖို့ ဆောင်ရွက်မှုမရှိတာ၊ ဗဟိုချုပ်ကိုင်မှု ဆက်ကျင့်သုံးနေမှုနဲ့ လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်မှုအားနည်းတာ၊ တရားစီရင်ရေး မဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ၀င်စွက်တာတွေဟာလည်း ပြုပြင်ပြောင်းလဲမှုကို ရပ်တန့်စေတယ်လို့ ထောက်ပြခဲ့ပါတယ်။ ရွေးကောက်ပွဲ တရားမျှမျှတတဖြစ်အောင် အစိုးရက ဘက်လိုက်မှုကင်းရှင်းဖို့၊ အုပ်ချုပ်ရေး အာဏာပိုင်တွေက ပါတီတွေကို ခွဲခြားဘက်လိုက်မှုတွေ ရပ်တန့်ဖို့လိုအပ်သလို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း စည်းမျဉ်းစည်းကမ်းဥပဒေနဲ့ မကိုက်ညီတဲ့ အပြုအမူ၊ အပြောအဆိုတွေကို ထိထိရောက်ရောက် ဟန့်တားဆောင်ရွက်ဖို့ကိုလည်း သူက တင်ပြခဲ့ပါ တယ်။ ငြိမ်းချမ်းရေးဖြစ်စ်စဉ်ကို အကြောင်းပြပြီး အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဆွေးနွေးပွဲတွေ (ဥပမာ (၆) ပွင့်ဆိုင်ဆွေးနွေးပွဲ) ကို ရှောင်ရှားခြင်းမျိုး မဖြစ်သင့်ပဲ တပြိုင်တည်း ဆောင်ရွက်သင့်တယ်လို့ သူက အကြံပြုပါတယ်။ တခြားနိုင်ငံရေးပါတီများနည်းတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လည်း နိုင်ငံရေးမူဘောင် (Political Framwork) ချထားပြီးဖြစ်ကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေးပြီးပြတ်တဲ့အခါ တင်ပြဖို့ အသင့်ရှိနေပြီလို့ သူက ပြောပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေအရ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲတွေ အမြန်ဆုံးစတင်ဖို့သာ အဓိကကျပါတယ်လို့ သူက တင်ပြခဲ့ပါတယ်။ ဒီအစည်းအဝေးကို အနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲလို့ သတ်မှတ်ဖို့ခက်ခဲကြောင်းနဲ့ နိုင်ငံရေးအနှစ်သာရရှိပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို အမြန်ဆုံးစတင်ပြီး စဉ်ဆက်မပြတ် ဆောင်ရွက်သင့်တယ်လို့ သူက အကြံပြုတင်ပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနှစ်နိုဝင်ဘာလလယ်ပိုင်းက ရန်ကုန်မြို့နေအိမ်မှာ ကျင်းပတဲ့ အမေရိကန်သမ္မတ အိုဘားမားနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ အခက်အခဲ အတားအဆီးတွေများတဲ့ ခရီးလမ်းကြမ်းနဲ့ ရင်ဆိုင်ကြုံ တွေ့နေ ရပြီး အကောင်းသိပ်မမြင်ကြဖို့ သတိပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up