DVB Logo
Home
မြန်မာသတင်း
တရားမ၀င်ဆေးဝါး ၁၀ မျိုး မသုံးစွဲကြရန် ကျန်းမာရေးဌာနထုတ်ပြန်
DVB
·
January 12, 2015
တရားမ၀င်ဆေးဝါး ၁၀ မျိုး မသုံးစွဲကြရန် ကျန်းမာရေးဌာနထုတ်ပြန်
Donate to DVB

1တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ ကုမ္ပဏီထုတ် ဆေးဝါး ၁၀မျိုးဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားခြင်း မရှိတဲ့ တရားမ၀င်ဆေးဝါးတွေဖြစ်ကြောင်း စိစစ်တွေ့ရှိလို့ မသုံးစွဲကြဖို့ မြန်မာ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံ Shanghai Xiandai Hasen ကုမ္ပဏီထုတ် Analgin Injection ဆေး၊ Huazhong P’cal ကုမ္ပဏီထုတ် Hydrocortisone Injection, တရုတ်စာသားတွေနဲ့ဖော်ပြထားတဲ့ Erythormycin Ointment ဆေး၊ Shanxi Xinxing P’cal ကုမ္ပဏီနဲ့ Linfen Baozha P’cal ကုမ္ပဏီထုတ် Phenolphthalein Tablet တို့ပါဝင်ပါတယ်။

ဒါ့ပြင် ထိုင်းနိုင်ငံ New Life Pharma ကုမ္ပဏီထုတ် Cyproheptadine Hydrochloride Tablet နဲ့ Dexamethasone Tablet , Picco Pharma ကုမ္ပဏီထုတ် Dicotil Tablet, Seng Thai ကုမ္ပဏီထုတ် Dexoph Eye/Ear Drops ဆေး၊  အိန္ဒိယနိုင်ငံ Suprex Laboratories ထုတ် Oxypat Tablet ဆေးဝါးတွေလည်း ဒီစာရင်းမှာ ပါဝင်ပါတယ်။

အများပြည်သူတွေအနေနဲ့ မှတ်ပုံတင်မထားတဲ့ ဆေးဝါးတွေကို ၀ယ်ယူသုံးစွဲခြင်းမပြုကြဖို့  သုံးစွဲနေတဲ့ ဆေးဝါးတွေနဲ့ပတ်သက်ပြီး  သံသယရှိရင် သတင်းပေးကြဖို့နဲ့  မှတ်ပုံတင်ထားတဲ့ ဆေးဝါးတွေကိုသာ  ဆရာဝန်ညွန်ကြားချက်ဖြင့် ၀ယ်ယူသုံးစွဲကြဖို့ သက်ဆိုင်ရာက အသိပေးနှိုးဆော်ထားပါတယ်။

ဆေးဝါးတွေ တင်သွင်းရောင်းချသူတွေအနေနဲ့  မြန်မာနိုင်ငံမှာ မှတ်ပုံတင်မထားတဲ့ ဆေးဝါးတွေ၊  ဆေးဝါးအတုတွေနဲ့  သက်တမ်းကုန်ဆေးဝါးတွေကို တင်သွင်းဖြန့်ဖြုးရောင်း ချခြင်းလုံးဝမလုပ်ဖို့နဲ့  မလိုက်နာရင် အရေးယူမယ်လို့လည်း ကျန်းမာရေးဌာနက  အသိပေး ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013