A d v e r t i s e m e n t With Us

တောင်ငူမြို့ဈေးကြီးတွင် မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတွေ့ရှိ

ပဲခူးတိုင်း တောင်ငူမြို့ ဈေးကြီးထဲက ရုံ ၁၅ မှာ  မပေါက်ကွဲသေးတဲ့ ဗုံတလုံး ဒီမနက် တွေ့ရှိခဲ့ပါတယ်။ Taung Ngu Marketဈေးရုံမှာ ရေယိုတတယ်ဆိုပြီး စည်ပင်သာယာဈေးကော်မီတီက ခေါင်မိုးက သွပ်ပြားတွေ ဖျက်နေတုန်း ရေတံလျှောက်ထဲမှာ မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံး တွေ့ရှိတာ ဖြစ်တယ်လို့ တောင်ငူမြို့ခံ ကိုသားကြီးက ပြောပါတယ်။ “ဈေးကော်မီတီက အလုပ်သမားတွေခေါ်ပြီး သွပ်တွေဖြတ်တာ ရေတံလျှောက်ထဲမှာ တွေ့တာ ၉၁ လက်ပစ်ဗုံးအမျိုးအစား။ သံချေးတက်နေတယ်။ စနက်တံကွင်းက တပ်လျှက် ဖြစ်တယ်။” နေ့ခင်းပိုင်းမှာတော့ စစ်မြေပြင်အင်ဂျင်နီယာတပ်က လာပြီးရှင်းနေတယ်လို့ ပြောပါတယ်။ တောင်ငူဈေးကြီးမှာ ပြီးခဲ့တဲ့ နှစ်ဖေဖော်ဝါရီလက အကြီစားမီးလောင်မှု ဖြစ်ပွားခဲ့ပေမယ် ရုံ ၁၅ မှာ မီးလောင်ကျွမ်းခြင်း မရှိခဲ့ပါဘူး။ မီးလောင်ခဲ့တဲ့ ဈေးကို ပြန်ဆောက်ဖို့ ရုံ ၁၅ ပါဖျက်ခိုင်းပေမယ့် ရုံ ၁၅ မှာ ဈေးရောင်းသူတွေက မဖျက်ချင်ကြပါဘူး။ ဒီလိုဖြစ်နေတဲ့အချိန်မှာ အခုလို ဗုံးတွေ့ရှိတာတဲ့အတွက် ဈေးသူဈေးသားတွေက သံသယ ဖြစ်နေကြတယ်လို့  ပြောပါတယ်။ “ရုံ ၁၅ ကြီးက မီးမလောင်တော့ အဲဒီက လူတွေက မဖျက်ပေးချင်ကြဘူးလေ။ ဈေးကြီးကို ပြန် ဆောက်ဖို့အတွက်ကိုလေ။ ဒါပေမယ့် ဗုံးကြီးက အဟောင်းဖြစ်နေတယ်။ နောက် ခေါင်မိုးပေါ်မှာဆိုတော့ ဒီဗုံးသီးကို ခေါင်မိုးပေါ် ဘယ်သူက တင်လို့ရမတုန်းတဲ့ ဈေးသူဈေးသားတွေက အဲလို ပြောနေတကြတယ်။” ဈေးရုံ ၁၅ မှာ ရွှေဆိုင်တွေ၊ အ၀တ်အထည်ဆိုင်တွေ အများစု ရောင်းချတယ်လို့ ဒေသခံတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up