DVB Logo
Home
မြန်မာသတင်း
ပြည်သူများ မှန်ကန်စွာဆုံးဖြတ်နိုင်ရေး ၀ိုင်းကူကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
January 10, 2015
ပြည်သူများ မှန်ကန်စွာဆုံးဖြတ်နိုင်ရေး ၀ိုင်းကူကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော
1 / 2
Donate to DVB

နိုင်ငံအတွက် အရေးကြီးတဲ့ ၂၀၁၅ ခုနှစ်မှာ ပြည်သူတွေ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့ ၀ိုင်းဝန်းကူညီလုပ်ဆောင်ကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီ ၁၀ ရက် မနက်ပိုင်းက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေးကွန်ရက် ၄ နှစ်ပြည့် အလှူရှင်တွေ ဂုဏ်ပြုပွဲနဲ့ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်ဖွင့်ပွဲအခမ်းအနားမှာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆောင်းစုကြည်က ခုလို တိုက်တွန်းပြောကြားလိုက်တာ ဖြစ်ပါတယ်။

[caption id="attachment_76561" align="aligncenter" width="674"]ဓာတ်ပုံ - NLD Chairperson ဓာတ်ပုံ - NLD Chairperson[/caption]

“နိုင်ငံရေးအတွက် အရေးကြီးတဲ့နှစ်မှာ ပြည်သူလူထုအားလုံးဟာ ပညာရှိရှိနဲ့ ဆုံးဖြတ်ချက်ချဖို့အရေးကြီးတယ်လို့ ကျမ မကြာခဏပြောပြောနေတာ ဖြစ်ပါတယ်။ ဒီကိစ္စအတွက် နိုင်ငံအတွက် စေတနာထားတဲ့ ပုဂ္ဂိုလ်အားလုံးက ၀ိုင်းပြီးတော့ ကူညီဖို့ လိုပါတယ်။ ဒီနိုင်ငံ ရှေ့ဆက်သွားမယ့်လမ်းကြောင်းအတွက် ကျမတို့ပြည်သူအားလုံးဟာ မှန်မှန်ကန်ကန်ဆုံဖြတ်ချက်ချဖို့ လိုပါတယ်။ အဲ့ဒီလို မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်ချနိုင်ဖို့ အားလုံးက ၀ိုင်းပြီးတော့ ကူညီပေးကြဖို့ မေတာရပ်ပါတယ်။”

ပညာရေးနဲ့ပတ်သက်လို့ အလွတ်ကျက်အလွတ်ဖြေ ပညာရေးစနစ်ကြောင့် လူငယ်တွေ စဉ်းစားတွေးမှုမရှိ ဖြစ်နေကြောင်းလည်း ထောက်ပြပြောဆိုသွားပါတယ်။

အဖွဲ့ချုပ်ရဲ့ ပညာရေး ကွန်ရက် ၄ နှစ်ပြည့် အခမ်းအနား ပညာရေးရန်ပုံငွေ ရှာဖွေရေးဖျော်ဖြေပွဲတွေကို ဇန်န၀ါရီ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။

ပညာဒါနကျောင်းများ ရေရှည်အောင်မြင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပေးဖို့၊ ဆရာ၊ဆရာမများ စွမ်းရည်မြှင့်သင်တန်းများ ဆောင်ရွက်ဖို့၊ ပညာရေးမြင့်တင်မှု လုပ်ငန်းတွေကို နိုင်ငံတကာ ပညာရေး အဖွဲ့အစည်းများတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့၊ နယ်စပ်ဒေသမှာ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသတွေကို ပညာရေး အကူအညီပေးနိုင်ဖို၊ ပညာရေးသင်ကြားရေး အခက်အခဲရှိနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပညာသင်ထောက်ပံပေးရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ အန်အယ်လ်ဒီ ပညာရေးကွန်ရက်ကို ဖွဲ့စည်းတည်ထောင်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013