DVB Logo
Home
မြန်မာသတင်း
ရေသန့်များတွင် ပိုးမွှားတွေ့ရှိမှု အရေးယူရခက်ဟု ကျန်းမာရေးဝန်ကြီးဌာနပြော
DVB
·
January 7, 2015
ရေသန့်များတွင် ပိုးမွှားတွေ့ရှိမှု အရေးယူရခက်ဟု ကျန်းမာရေးဝန်ကြီးဌာနပြော
Donate to DVB

ပြည်တွင်းထုတ် ရေသန့်တံဆိပ် ၂၀ ကျော်မှာ ပိုးမွှားတွေ့ရှိတယ်ဆိုတဲ့အချက်ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သုတေသနစာတမ်းတခုရဲ့ ဖော်ပြချက်ဖြစ်ပြီး လတ်တလောတွေ့ရှိချက် မဟုတ်တဲ့အတွက် အရေးယူရ ခက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန အဆင့်မြင့်တာဝန်ရှိသူ တဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မှာကျင်းပတဲ့ ကျန်းမာရေးသုတေသန ညီလာခံတခုမှာ စာတမ်း ရှင်တဦးက ဈေးကွက်တွင်းဖြန့်ချိရောင်းချနေတဲ့ ရေသန့်တံဆိပ် ၅၀ ကျော်အနက် ၂၀ ကျော်မှာ ဗက်တီးရီးယားပိုးမွှားတွေ ပါဝင်နေတယ်လို့ တင်သွင်းခဲ့ပါတယ်။

ဒီသတင်းကြောင့် ရှောင်ကြဉ်သုံးစွဲနိုင်ဖို့၊ ပို့မွှားပါဝင်တဲ့ တံဆိပ်အမျိုးအစားတွေကို လူသိရှင်ကြား ထုတ်ပြန်ပေးဖို့ အများပြည်သူက လိုလားနေတာပါ။

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က  စာတမ်းပါ ရေသန့်တံဆိပ်အမည်ကို ကျင့်ဝတ်အရ မပြောနိုင်သလို အရေးယူဖို့လည်း ခက်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“သုတေသနစာတမ်းက ၂၀၁၂ ခုနှစ်က သူတေသနလုပ်ထားတာဗျ။ အခု လတ်တလောတွေ့ရှိချက် မဟုတ်တော့ ဒါကိုယူပြီးတော့ နောက်ဆက်တွဲ အရေးယူလုပ်ဆောင်ဖို့ ခက်တယ်။ ဘာလို့ဆိုတော့ ကြားထဲမှာ နှစ်က ဟာသွားပြီလေ။ နောက် သုတေသနတွေရဲ့ သဘောတရားအရတော့ အမည်နာမကို ထုတ်ဖော်ပြောကြားတာ မပြုရတဲ့ သုတေသနကျင့်ဝတ်ရှိတာပေါ့။ ဒါကြောင့်မို့ နာမည်ကို ထုတ်ဖော် မပြောတာပါ။”

အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်ခွဲဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်ချစ်ကတော့ ဈေးကွက်ထဲက ရေသန့်ဘူးတွေကို စစ်ဆေးထုတ်ပြန်ရင် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“စက်ရုံကထုတ်ပြီးတော့ နမူနာပို့တဲ့ ရေသန့်နဲ့ ဈေးကွက်ထဲရောင်းတဲ့ နမူနာရေသန့်နဲ့တော့ တူမှာမဟုတ်ဘူး၊ ဈေးကွက်ထဲရောက်တဲ့အခါကျတော့ ပတ်ကင်ပေါက်တာတို့၊ နေပူကြီးထဲမှာ လျှောက်သယ်တာတို့ အစုံပဲပေါ့နော်၊ သယ်ယူပို့ဆောင်ရင်း ထုတ်ပိုးမှုကြောင့်လည်း ဖြစ်နိုင်တာပဲလေ။ အဲ့ဒီတော့ ပြည်သူလူထုအတွက် ဈေးကွက်ထဲက နမူနာယူပြီး စစ်ဖို့ လိုတာပေါ့။”

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနဲ့ ဈေးကွက်အတွင်း ဖြန့်ချိရောင်းချနေတဲ့ အစားအသောက်တွေမှာ ပိုးမွှား၊ ဓာတုဆေးဝါး စတာတွေ  ပါ မပါ လိုက်လံစစ်ဆေးပြီး စားသုံးရန်မသင်တဲ့ အစားအသောက်အမှတ်တံဆိပ်တွေကို အခါအားလျော်စွာ သတင်းထုတ်ပြန်ပေးလေ့ရှိပါတယ်။

တဖက်မှာလည်း ဌာနရဲ့ ဘတ်ဂျက်၊ ၀န်ထမ်းအင်အား၊ စက်ပစ္စည်းအင်အားတို့ မလုံလောက်တဲ့ ပြဿ      နာ အခက်အခဲနဲ့လည်း ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013