A d v e r t i s e m e n t With Us

အန်အယ်ဒီအနေနဲ့ ဉာဏ်ပညာအမြော်အမြင်ရှိအောင် ပြုပြင်လေ့ကျင့်ယူရမည်ဟု ဒေါ်စု ပြော

၂၀၁၅ ဟာ အထူးအရေးကြီးတဲ့နှစ်ဖြစ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပိုကြိုးစားပြီး ဉာဏ်ပညာအမြော်အမြင်ရှိအောင် ကိုယ့်ကိုယ်ကိုယ် ပြုပြင်လေ့ကျင့်ယူမယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။ 1960781_825947754110393_136842218318550125_oဇန်န၀ါရီလ ၄ ရက်နေ့ နေ့လည် ၁ နာရီက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်တဲ့ ၆၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။ ဆက်လက်ပြီး ခုချိန်ဟာ နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရဲ့ ဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရမယ့် ကာလဖြစ်တဲ့အတွက် ဉာဏ်ပညာအမြော်အမြင်လိုအပ်ကြောင်း တည်ဆောက်ခြင်းဟာ တိုက်ခိုက်ခြင်းထက် ပိုခက်ခဲကြောင်းပြောကြားခဲ့ပါတယ်။ နိုင်ငံတနိုင်ငံမပျက်ဆီးဖို့အတွက် ယခင်တုန်းက ရှိခဲ့တဲ့ အရည်အချင်းတွေ ပျောက်သွားတဲ့ တန်ဖိုးထားရမယ့် စိတ်နေစိတ်ထားတွေကိုလည်း ပြန်ရအောင်လုပ်ရမယ်လို့ဆက်ပြောပါတယ်။ ဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီ အချို့နဲ့ နိုင်ငံခြားသံရုံးတွေက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပြီး ညနေ ၃ နာရီမှာ အခမ်းအနား ရုပ်သိမ်းခဲ့ပါတယ်။ ၆၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ ပထမဦးဆုံးအကြိမ်အဖြစ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဗိုလ်ရှုသဘင်အခမ်းအနားကို ဇန်န၀ါရီလ ၄ ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ခဲ့ပါဘူး။

A d v e r t i s e m e n t With Us

More News
Up