DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် သမ္မတ တို့ ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးမည်
DVB
·
January 4, 2015
တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် သမ္မတ တို့  ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးမည်
Donate to DVB

ဗိုလ်ရှုသဘင်ပွဲတက်ဖို့ နေပြည်တော်ရောက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ သမ္မတဦးသိန်းစိန်တို့ ဇန်န၀ါရီ ၅ ရက် မနက် ၉ နာရီမှာ တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။

[caption id="attachment_75948" align="alignright" width="420"]တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် ဒုသမ္မတ တို့ ဒီဇင်ဘာလ ၃ ရက်နေ့ ညစာစားပွဲတွင် မြင်တွေ့ရစဉ် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် ဒုသမ္မတ တို့ ဒီဇင်ဘာလ ၃ ရက်နေ့ ညစာစားပွဲတွင် မြင်တွေ့ရစဉ်[/caption]

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ခေါင်းဆောင် ၂ ဦးကျစီ တက်ရောက်ကြမှာ ဖြစ်ပြီး အဓိက ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးကိစ္စရပ်ကို ဆွေးနွေးကြမှာဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက စုံစမ်းသိရှိရပါတယ်။

နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်မယ့် သမ္မတနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။

သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်တို့ ဆက်လက် တွေ့ဆုံကြဖို့ရှိပြီး ဒါဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းများစွာက ခေါင်းဆောင်တွေနဲ့ အစိုးရပိုင်းတာဝန်အရှိဆုံးသူတွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုလည်း ဖြစ်ပါတယ်။

နေပြည်တော်ရောက်နေတဲ့ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ခွန်ဥက္ကာက သမတနဲ့တွေ့ဆုံတဲအခါ နယ်မြေပြသနာတချို့ရှိနေတာ ဆွေးနွေးမယ်လို့ ပြောပါတယ်။

“ကျနော်တို့ ဒေသဖွံ့ဖြိုးရေးလုပ်တဲ့အချိန်မှာ မဟာမိတ် အာစီအက်စ်အက်စ်-အက်စ်အက်စ်အေနဲ့ ပဋိပက္ခလေးတွေရှိတာကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ဒေသအခြေအနေလေး နည်းနည်းလေး ရှိမယ်။ နောက် ဖက်ဒရယ်ပြည်ထောင်စုကိစ နိုင်ငံရေးကိစ္စကိုတော့ အဓိကထား ပြောမယ်။ အပြန်အလှန် ယုံကြည်မှုရနိုင်မယ့် ကတိစကားတွေ ရနိုင်လိမ့်မယ်လို့လည်း မျှော်လင့်တာပေါ့ဗျာ။”

သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ မနက်ဖြန် ဆွေးနွေးပွဲ အဆင်ပြေချောမွေ့စေဖို့အတွက် ဒီနေ့ညမှာ ၀န်ကြီးဦးအောင်မင်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အကြိုညှိနှိုင်းကြမယ်လို့လည်း သိရပါတယ်။

နေပြည်တော်ဗိုလ်ရှုသဘင်အခန်းအနားကို အစိုးရဘက်က လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ကို ဖိတ်ကြားခဲ့ပြီး ကေအိုင်အို၊ ကေအန်ပီပီနဲ့ စီအန်အက်ဖ် စတဲ့အဖွဲ့ ၃ ဖွဲ့ခေါင်းဆောင်တွေ တက်ရောက်ခြင်း မရှိပါဘူး။

မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ အဆိုအရတော့ သမ္မတနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲမှာ အချိန်ကန့်သတ်မှု မရှိဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013