Home
သုံးသပျခကျြ
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အတားအဆီးတွေက ဘာလဲ (၂၀၁၄ သုံးသပ်ချက်)
DVB
·
December 31, 2014
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ၂၀၁၄ ခုနှစ်ကုန်ပိုင်းမှာ ရေးထိုးနိုင်မယ်လို့ မျှော်လင့်ချက်တွေဟာ ပျက်ပြယ်ခဲ့ရပေမယ့် နှစ်သစ်မှာ နှစ်ဘက် ဆက်လက်ကြိုးပမ်းကြရဖို့ ရှိပါတယ်။ သဘောတူညီချက်လက်မှတ် မထိုးနိုင်ဖြစ်ခဲ့ရတာဟာ ဘာအားနည်းချက်တွေကြောင့်လဲ။ ဘယ်လိုဖြည့်ဆည်းဆောင်ရွက်ညှိနှိုင်းကြမလဲ စတဲ့ အမြင် သဘောထား တွေကို စုစည်းထားပါတယ်။ နိုင်ဟံသာ (ယူအန်အက်ဖ်စီ) Naing Han Thar“အန်ကယ့်အမြင်ဘက်ကို ပြောရမယ်ဆိုရင် အန်ကယ်တို့ဆွေးနွေးလာတာ သြဂုတ်လအထိ ကတော့ တော်တော်လေး အခြေအနေကောင်းပါတယ်။ ဒါပေမယ့် စက်တင်ဘာလကျတော့ တပ်ဘက်က သူတို့လိုချင်တဲ့ပုံစံပေါ့လေ အဲဒါကို အတင်းတွန်းတဲ့ပုံစံ။ နောက် အရင့်အရင်က သဘောတူထားတဲ့ဟာတွေကိုပါ ပြင်ပြီးတော့ သူတို့လိုချင်တဲ့ပုံစံ သူတို့ အတင်းတွန်းတော့ အဲဒီမှာ သဘောတူညီမှုက ပိုပြီးတော့ လျော့ကျသွားတယ်။ နားလည်မှုအခြေအနေက နောက်ပြန်ဆုတ်သွားတယ်ဆိုတဲ့ သဘောမျိုးအထိ ဖြစ်သွားတယ်။ အဲဒါတွေကြောင့်ပါ။ အဲဒါတွေကြောင့် ၂၀၁၄ မှာ အပစ်မရပ်နိုင်ဘဲနဲ့ အလှမ်းဝေးသွားသလို ဖြစ်လာတာပေါ့။ အဲဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့က အန်ကယ်တို့လည်း သဘောထားကြီးကြီးနဲ့ အမ်ပီစီကို ညှိနှိုင်းပါတယ်။ အဓိက ဦးအောင်မင်းကို ညှိနှိုင်းတယ်လေ။ ယူပီဒဗလျူစီနဲ့ အဲဒါ ဦးအောင်မင်းကိုယ်တိုင် ဒီဘက်ကို မလာနိုင်တဲ့အခြေအနေပေါ်မှာ အန်ကယ်တို့ နေပြည်တော်ထိ လိုက်သွားတယ်။ ဟိုမှာသွားပြီး ညှိနှိုင်းတယ်။ နောက်ပိုင်းမှာ အမ်ပီစီကလည်း ဦးအောင်မင်းတို့က အမ်ပီစီကလူတွေ လွှတ်ပြီးတော့ အန်ကယ်တို့နဲ့လာပြီးတော့ ညှိနေပါတယ်။ အလွတ်သဘောတော့ ညှိနေပါတယ်။ အဲသလို နည်းလမ်းရှာညှိနေတဲ့အချိန်မှာပဲ ဥပမာ လိုင်ဇာဗိုလ်လောင်းသင်တန်းကျောင်းကို လက်နက်ကြီးနဲ့ထုလိုက်တော့ အန်ကယ်တို့ အန်စီစီတီ အဖွဲ့ဝင် တော်တော်များများ ထိခိုက်သွားတယ်လေ။ အဲဒီပေါ်မှာ အန်ကယ်တို့ဘက်က စိတ်မကျေမချမ်း ဖြစ်သွားတဲ့ကိစ္စတွေလည်း ပေါ်လာတယ်။ ယုံကြည်မှုလျော့ကျသွားတာပေါ့လေ။ အဲဒါတွေ ဖြစ်ပေမယ့်ပေါ့လေ ဒါတွေကတော့ တဖက်ကတော့ ကုစားရမှာပဲ အန်ကယ်တို့လည်း ၀ိုင်းကုစားပေးဖို့ တောင်းဆိုထားပါတယ်။ ဒါပေမယ့် ကျေနပ်လောက်တဲ့အနေအထားတော့ မရသေးဘူး။ အခုကတော့ အန်ကယ်တို့ရော၊ ဦးအောင်မင်းတို့ဘက်ကရောပေါ့လေ နည်းလမ်းရှာပြီးတော့ ညှိနှိုင်းနေပါတယ်။ ဒါပေမယ့် တရားဝင်တော့ မဆွေးနွေးရသေးဘူး။ နားလည်မှုတော့ တိုးတက်လာပါတယ်။ ဒါပေမယ့် အဲဒီနားလည်မှုက တရားဝင် ဟိုဘက်က ယူပီဒဗလျူစီဘက်က အားလုံးလက်ခံတဲ့ပုံစံ မဟုတ်သေးတော့ ဒါက တရားဝင်တဲ့ အနေအထားမရောက်သေးတော့ တိုးတက်မှုရယ်လို့မဟုတ်သေးပေမယ့် ကြိုးစားနေပါတယ်။” “အန်ကယ့်အနေနဲ့ နှစ်သစ်မှာ ဆန္ဒပြုချင်တာကတော့ တစ်နှစ်တစ်နှစ်ကုန်တိုင်း ကုန်တိုင်းဆိုရင် တစ်ဖက်က ပြန်ပြောမယ်ဆိုရင်တော့ အဲဒီနှစ်တွေမှာ မအေးချမ်းနိုင်ဘူးဆိုရင် အန်ကယ်တို့ နိုင်ငံက လူထုတွေပေါ့လေ အများကြီးကို ဒုက္ခ ဖြစ်နေတယ်။ အဓိက အိုင်ဒီပီ (ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ) စခန်းတွေမှာ စစ်ပြေးဒုက္ခသည်တွေပေါ့လေ။ သူတို့ရဲ့ဘ၀က တော်တော်လေးကို ကျပ်တည်းတယ်။ တချို့ကတော့ နိုင်ငံတကာက အကူအညီတွေ ပေးချင်ပေမယ့် ပို့ဖို့မလွယ်တဲ့ အနေအထားမျိုးတွေဖြစ်နေတယ်။ ဥပမာ ကချင်ဒုက္ခသည်တွေလေ တော်တော်လေးကို သူတို့အတွက် စိတ်မကောင်းစရာပါပဲ၊ နောက်ပြီးတော့ တဖက်က ပြန်ကြည့်ရင် တနိုင်ငံလုံး အပစ်အခတ်မရပ်စဲနိုင်ဘူး၊ နိုင်ငံရေးဆွေးနွေးပွဲကို မလုပ်နိုင်ဘူးဆိုရင် ဒီပြဿ နာ ပြည်တွင်းစစ်ပြဿ နာက ဒီလိုပဲ ရှည်ကြာနေမယ်။ ရှည်ကြာရင် အန်ကယ်တို့နိုင်ငံက ဒီလိုပဲ လူထုတွေ ဒုက္ခရောက်နေမယ်လေ။ အဲဒီတော့ အန်ကယ်တို့အနေနဲ့ကတော့ ကိုယ့်နိုင်ငံကို နစ်မွန်းအောင်လုပ်နေတဲ့ ဖြစ်ရှိနေတဲ့ ဒီပြည်တွင်းစစ်ကို အမြန်ရပ်စဲချင်တယ်။ အဲဒါကို ရပ်ဆဲဖို့ဆိုတဲ့နေရာမှာ တနိုင်ငံလုံး အပစ်ရပ်ပြီးတော့မှ နိုင်ငံရေးဆွေးနွေးပွဲကို အမြန်တက်ချင်တယ်။ အဲဒီအတွက်လည်း ကြိုးစားနေပါတယ်။ ပြည်သူလူထုတရပ်လုံးအနေနဲ့ အဲဒီအတွက် ၀ိုင်းဝန်းအားပေးစေချင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒီပြည်တွင်းစစ်ကို ရပ်စဲအောင်မလုပ်နိုင်ရင် နိုင်ငံကို တဖက်က ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေလည်း တိုးမြှင့်ဖို့ဆိုတာလည်း မဖြစ်နိုင်သလို စီးပွားရေးအရ ဒါကတော့ ပိုပြီးတော့မှ တိုးတက်မြင့်မားလာအောင် လုပ်လို့လည်းမရဘူး။ အစစအရာရာပေါ့လေ ဘာမှ လုပ်လို့မရဘူး။ ဒါကြောင့် ၂၀၁၅ မှာ  တဖက်က ရွေးကောက်ပွဲလုပ်ရမယ်။ ရွေးကောက်ပွဲကိုလည်း စစ်စစ်မှန်မှန်နဲ့ပေါ့လေ ဒါက ဖြစ်ဖို့လိုတယ်။ ပြည်သူလူထုအနေနဲ့လည်း တကယ့် နိုင်ငံပေါ်မှာ စေတနာမှန်၊ စေတနာကောင်းရှိတဲ့ပုဂ္ဂိုလ်တွေကို ရွေးချယ်ဖို့ လိုသလို တဖက်ကလည်း တနိုင်ငံလုံးအပစ်အခတ်ရပ်ဆဲရေး ဒါကလည်း အရေးကြီးတယ်။ တဖက်က ပြောမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံထဲကပေါ့လေ လိုအပ်တဲ့အပိုင်းတွေကို ပြင်ဖို့လည်းလိုတယ်။ ဒါတွေကို မပြင်နိုင်သမျှကတော့ ဘယ်လိုမှ မတိုးတက်နိုင်ဘူး။ တနိုင်ငံလုံး အပစ်မရပ်စဲနိုင်သမျှ ကတော့ ဘယ်လိုမှ ထွက်ပေါက်မရနိုင်ဘူး။ ဒါကြောင့် အရေးကြီးတဲ့အပိုင်းတွေကိုပေါ့လေ။  အဓိကအားဖြင့် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး အမြန်ရဖို့၊ နိုင်ငံရေးဆွေးနွေးပွဲ အမြန်လုပ်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံထဲက ပြင်သင့်တဲ့အပိုင်းတွေကို အမြန်ပြင်ဖို့၊ အဲဒီမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးတွေ အမြန်ဖော်ဆောင်ပြီးတော့ အန်ကယ်တို့နိုင်ငံကို အမြန်တိုးတက်အောင် လုပ်ဖို့သင့်တယ် အဲလိုလည်း အားလုံးက ၀ိုင်းကြိုးစားကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။” ဦးဝင်းမြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) [caption id="attachment_38291" align="alignright" width="310"]ဦးဝင်းမြင့် ဦးဝင်းမြင့်[/caption] “မှန်ကန်တဲ့စိတ်ထားနဲ့ မျှတတဲ့သဘောထားတွေ ရှိဖို့တော့ လိုတာပေါ့ဗျာ။ တဖက်နဲ့တဖက်က မှန်ကန်တဲ့စိတ်ထားနဲ့ မျှတတဲ့သဘောထားတွေရှိမယ်၊ တန်းတူညီမျှတဲ့အခွင့်အရေးတွေ ပေးမယ်ဆိုရင် ဒါက ရရှိမှာပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ ၂၀၁၅ မှာ သက်ဆိုင်ရာအင်အားစုတွေကဗျာ တိုင်းပြည်မှာ တာဝန်ရှိတဲ့ State Holder တွေက တွေ့ဆုံဆွေးနွေးပြီးတော့ ညှိနှိုင်းအဖြေရှာသင့်တာပေါ့““ ကျနော်တို့က ငြိမ်းချမ်းရေးကို လိုလားတယ်ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ရဲ့ ၂၀၁၅ မှာဆိုရင် လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့တဲ့ မိန့်ခွန်းနဲ့ ပြောမယ်ဆိုရင် ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်၊ ဒီမိုကရေစီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်ဆိုတော့ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီကျင့်စဉ်တွေ တကယ်ကျင့်သုံးမယ်ဆိုရင်၊ ဒီမိုကရေစီကျင့်စဉ်တွေဆိုတာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှတဲ့အခွင့်အရေးတွေအားလုံး ပါတာပေါ့ဗျာ။ အဲဒါကျင့်သုံးမယ်ဆိုရင် အခုနလို ကျနော်တို့နိုင်ငံ လွတ်လပ်ရေးရရှိခဲ့တဲ့ အနှစ်သာရနဲ့လည်း ဆီလျော်မယ်။ ငြိမ်းချမ်းရေးလည်း ရရှိမှာ အမှန်ပဲလေ။ ဒါကြောင့်မို့လို့ ဒီမိုကရေစီဝါဒ ကျင့်သုံးဖို့တော့ လိုတာပေါ့။ ၂၀၁၅ မှာဗျာ တိုင်းပြည်ကို ဒီမိုကရေစီအသွင် တကယ်ကူးပြောင်းချင်တယ်၊ ဒီမိုကရေစီနိုင်ငံ တကယ်တည်ဆောက်မယ်၊ တိုင်းပြည်လည်း တကယ်ငြိမ်းချမ်းချင်တယ်ပေါ့နော်၊ တကယ်လည်းခေတ်မီဖွံ့ဖြိုးတိုးတက်ချင်တယ် ဆိုလို့ရှိရင် သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးက စိတ်ထားတွေ မွေးမြူပြီးတော့ တိုင်းသူပြည်သားတွေကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိအောင်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရရှိအောင် ညှိနှိုင်းအဖြေရှာတဲ့ စိတ်ဓာတ်တွေ မွေးမြူဖို့လိုတယ်။ နောက်တခု အာဏာကို ချုပ်ကိုင်ထားလိုတဲ့ အခြေခံစိတ်ဓာတ်တွေ Mind Set တွေလည်း ပြောင်းလဲဖို့တော့လိုတာပေါ့” ခွန်ထွန်းဦး (ယူအန်အေခေါင်းဆောင်) Khun Tun Oo“အမ်ပီစီ (မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ စကားပြောတယ်။ အပစ်ရပ်တယ်။ တပ်က ၀င်တိုက်လိုက် အဲဒီဟာကတော့ အဓိကအချက်တွေပါပဲ။ ကျနော်တို့ရှမ်းတွေ ဘန်ကောက်မှာ အစည်းအဝေးထိုင်တုန်းကလည်း ၀မ်ဖာဆောင်(ဖာဆောင်တံတား)ကို ၀င်ချသွားတယ်။ အဲဒါလည်း တနေ့တည်းတချိန်တည်း ချတာပါပဲ မထူးပါဘူး။ မလုပ်သင့်တဲ့အရာတွေ။ နောက်ပြီးတော့ ကရင်ဘက်ကအဖွဲ့တွေလည်း ဒီကေဘီအေလည်း ချတယ်။ နောက်ဆုံးကျတော့ အခု ကေအိုင်အေကို သွားချတယ်ဆိုတော့ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတဲ့ဟာကတော့ ရှင်းရှင်းပြောရရင် လုပ်နည်းလုပ်ဟန် မဟုတ်တော့ဘူးလေ။ ငြိမ်းချမ်းရေးကို ရချင်တဲ့လုပ်ရပ်မျိုး မဟုတ်တော့ဘူးလေ။ ဒါတွေကလည်း ယုံကြည်မှုတည်ဆောက်ရမယ့်အချိန် ဖြစ်နေတဲ့ အချိန်ဆိုတော့ ဒါယုံကြည်မှုတည်ဆောက်မှုလည်း မဟုတ်ဘူးလို့ ကျနော်ထင်တယ် ဒါကတော့ ပွင့်ပွင့်လင်းလင်း ပြောတာပါ။ ဒီကိစ္စမျိုးတွေကြောင့်လည်း ယုံကြည်မှုက မရှိတာပေါ့။ အခုလည်း မရသေးပါဘူး။” “ဒီအားနည်းချက်တွေ ပြေပျောက်ဖို့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေအားလုံး ပထမဆုံး စားပွဲဝိုင်း မှာ ထိုင်ပြီးတော့၊ စကားပြောပြီးတော့ အားလုံး ကိုယ်လိုချင်တာ၊ သူလိုချင်တာ ပါသင့်ပါထိုက်သူ တွေ ပါပြီး အကုန်လုံး နားထောင်ပြီးတော့ စကားပြောတာ အကောင်းဆုံးပဲ ကျနော် ထင်တယ်။ အမ်ပီစီနဲ့ လည်း မပြီးဘူး။ သဘောကတော့ အန်စီစီတီနဲ့လည်း မပြီးသေးဘူးပေါ့ဗျာ။ တပ်ကလည်း မပြီးသေးဘူး။ အစိုးရနဲ့လည်း မပြီးသေးဘူး။ ကျန်တဲ့ နိုင်ငံရေးလောကက ပုဂ္ဂိုလ်တွေလည်း မပြီးသေးပါဘူး။ အဲဒီတော့ လူထုလူတန်းစားကိုယ်စားလှယ်တွေလည်း လိုတာပဲ။ အကုန်လုံး စားပွဲဝိုင်းမှာထိုင် စကားပြော၊ ဘာဖြစ်သင့်တယ် ဆွေးနွေးဖို့ကိစ္စတွေက ရှာရမှာပေါ့။ ဘာဖြစ်လို့လည်းဆိုရင် အခု မဆွေးနွေးကြပဲနဲ့ ငါက ရပ်လိုက်၊ သူက ပစ်လိုက်။ သူက မပစ်ပေမယ့် ငါ ရပ်တယ် ဟိုဘက်က ထလုပ်လိုက်တယ်ဆိုတော့ ဘယ် ဒီ ငြိမ်းချမ်းရေးက ၆၇ နှစ်ရှိနေပြီ ဘယ်ငြိမ်းချမ်းရေး ပြီးနိုင်ပါ့မလဲ။ လူထုက ပင်ပန်းနေပြီ။ ၆၇ နှစ်လုံးလုံး အချင်းချင်း တိုက်လိုက်ကြတာ အားလုံးက ပင်ပန်းနေပြီ။ အဲဒါတောင်မှ မရပ်သေးဘူးဆိုရင်တော့ တိုင်းပြည်ရဲ့ကံကြမ္မာပဲပေါ့။ ဒီလိုမှ ကိုယ့်ကိုယ်ကို မသိကြဘူးဆိုရင် လုပ်ကြမယ်ဆိုရင် လုပ်ကြပေါ့။ ကျနော်တို့အနေနဲ့ ပြောချင်တာကတော့ “တော်ပါတော့၊ ရပ်ပါတော့။ စကားပြောတို့ ငြိမ်းချမ်းရေးတို့ ဘာတို့ပြောနိုင်တာကလွဲလို့ ဒါကလွဲလို့ ဘာမှ မပြောနိုင်တော့ဘူးဗျာ”။ ဘယ်သူ့ကို ဘယ်သူမှ ယိုးမယ်ဖွဲ့ပြီး သွားဖို့ မကောင်းတော့ဘူးလေ။ ကဏ္ဍအသီးသီးကလည်း ယိုယွင်းနေပြီပဲ။ တယောက်ကို တယောက် ပုံချနေမယ့်အစား စားပွဲဝိုင်းမှာအားလုံး အတူထိုင်ပြီးတော့ ဒီပြဿ   နာကို ဖြေရှင်းရင် မကောင်းဘူးလား။ မြေယာပြဿ   နာ။ လာဘ်စားမှု အခြားအခြားသော နိုင်ငံရေးပြဿ  နာ။ စီးပွားရေးပြဿ နာတွေ။ တိုင်းရင်းသားပြသနာတွေ အကုန်လုံး ဘယ်လောက်ဆိုးလဲ တိုင်းပြည်ကြီးမှာ။ အဲဒါကို အားလုံးစားပွဲမှာထိုင်ပြီးမှ မဖြေရှင်းနိုင်ဘူးလား။ ဒီပြဿ  နာကြီးကို ၂၀၁၅ အထိ သယ်သွားဦးမှာတဲ့လား။ နောက်လာနောက်သားတွေကို ဒီပြဿ  နာကြီးကို ပေးခဲ့ဦးမှာလားဆိုတာ စဉ်းစားကြပါ။ ကိုယ့်တကိုယ်တည်း မကြည့်ပါနဲ့။ အားလုံးပြည်သူတွေမျက်နှာကို ကြည့်ပါ။ အဲလိုမှ ကျနော်တို့က ပြောင်းလဲချင်တဲ့စိတ်၊ တယောက်နဲ့တယောက် စာနာမှုစိတ်တွေ မထားဘဲနဲ့ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် ဒီတိုင်းပြည်ဟာ တော်တော်လေးကို အန္တရာယ်များပါတယ်ဆိုတာ ကျနော် ပြောချင်ပါတယ်။ အဲဒါ ကျနော့် ၂၀၁၅ ရဲ့ ဆန္ဒအစစ်အမှန်ပါ။ စောသန်းမြင့် (ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒု ဥက္ကဋ္ဌ) [caption id="attachment_60644" align="alignright" width="312"]ညီနောင်တိုင်းရင်းသားများပါတီ  ဒုဥက္ကဋ္ဌ ဦးစောမြင့်သန်း ညီနောင်တိုင်းရင်းသားများပါတီ ဒုဥက္ကဋ္ဌ ဦးစောသန်းမြင့်[/caption] “တပြည်လုံးအပစ်ရပ်လက်မှတ် မရေးထိုးနိုင်သေးတာဟာ နှစ်ဦးနှစ်ဘက်မှာ အားနည်းချက် ရှိတယ်ဗျ။ အစိုးရဘက်မှာလည်း ကျနော့်အထင် ၆ ကြိမ်မြောက်အစည်းအဝေးမှာ ယူပီဒဗလျူစီနဲ့ အန်စီစီတီကိစ္စမှာ တပ်မတော်ဘက် ပြန်ပြီးတော့ သဘောထားနည်းနည်းလေး ပြန်ပြီးတော့ တင်းမာလာတဲ့ သဘောရှိတယ်။ အဲဒီအခါမှာ အန်စီစီတီနဲ့ ညှိနှိုင်းတဲ့အခါမှာ အဆင်မပြေတာ ရှိတယ်။ ဒါက အစိုးရပိုင်းရဲ့ အားနည်းချက်ဖြစ်တာပေါ့။ ဒီတိုင်းရင်းသားလက်နက်ကိုင်ရဲ့ အားနည်းချက်ကလည်း အမှန်အတိုင်းပြောရင် ရှိပါတယ်ဗျ။ ဘာလို့လည်းဆိုရင် အခုဆိုရင် မြန်မာပြည်မြောက်ပိုင်းမှာဖြစ်တဲ့ ကိစ္စတွေဟာ ဥပမာဆိုရင် ကေအိုင်အေနဲ့ ပလောင်မှာဖြစ်တဲ့ ကိစ္စ၊ ရှမ်းမြောက်မှာဖြစ်တဲ့ကိစ္စ ဥပမာ ရှမ်းမြောက်ဆိုရင် SSPP ဆိုရင် အပစ်အခတ်ရပ်စဲပြီး ဖြစ်တယ်လေ။ ပြီးခဲ့တဲ့ ဟိုတလောကဖြစ်ခဲ့တဲ့ ၀မ်ဟိုင်းဌာနချုပ်မှာ ဖြစ်တဲ့ကိစ္စတွေက ဒါကတော့ နှစ်ဘက်တပ်တွေက အောက်ခြေမှာ ထိတွေ့မှုက တော်တော်လေးပြင်းထန်လာတဲ့ အနေအထား ရှိတယ်။ အဲဒီတော့ ကျနော်တို့အမြင်ကတော့ အပစ်အခတ်ရပ်စဲဖို့ အန်စီအေ (တပြည်လုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်)မှာ လက်မှတ်မထိုးနိုင်တာက အစိုးရဘက်ကရော၊ ဒီ အန်စီစီတီထဲမှာ ပါဝင်တဲ့ အဖွဲ့တွေကရောပေါ့နော် အားနည်းချက်ရှိတယ်။ အဲဒါကို ပြန်ပြီးတော့ မညှိနှိုင်းနိုင်မချင်းကတော့ အန်စီအေ မှာ လက်မှတ်ထိုးဖို့ကတော့၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲ ဖို့က အားနည်းချက် ရှိတဲ့အတွက် မဖြစ်နိုင်သေးဘူးလို့ မြင်တယ်။ ဒါပေမယ့် ကျနော်တို့ကတော့ အားလုံးမျှော်လင့်တယ်ပေါ့လေ။ အမြန်ဆုံး လက်မှတ်ထိုးနိုင်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးရမှ သာလျှင် ၂၀၁၅ ရွေးကောက်ပွဲဟာ အဆင်ပြေလာနိုင်တဲ့ အနေအထားရှိတယ်။ ပြည်တွင်းငြိမ်းချမ်းရေး မရဘူးဆိုရင် ၂၀၁၅ ရဲ့ ရွေးကောက်ပွဲမှာလည်း အများကြီး သက်ရောက်တဲ့အတွက် ကျနော်တို့က နှစ်ဖက် အားနည်းချက်တွေကို အမြန်ဆုံးညှိနှိုင်းပြီးတော့ ပြည်သူရဲ့အကျိုး၊ နိုင်ငံရဲ့အကျိုးကို ကြည့်ပြီးတော့ ဒီအားနည်းချက်တွေကို ညှိနှိုင်းဖြေရှင်းမယ်ဆိုရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲတဲ့အဆင့်တော့ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။” “အဓိက အခက်အခဲက တပ်မတော်နေရာချထားရေး ဖြစ်တယ်လေ။ နှစ်ဘက်တပ် နေရာချထားရေးက အင်မတန်ခက်ခဲတယ်။ နောက်ပြီးတော့ FUA ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ကိစ္စကတော့ အဲဒီနှစ်ခုမှာ သွားပြီးဖြစ်တယ်လို့ ကျနော်မြင်တယ်လေ။ လက်ရှိ အစိုးရနဲ့ တပ်မတော်အနေနဲ့ FUA ကို လက်ခံနိုင်တဲ့ အနေအထား မရှိသေးဘူး။ အဲဒီမှာ သဘောထားတင်းမာတာရှိတယ်။ အစိုးရဘက်က၊ တပ်မတော်ဘက်က။ နှစ်ဘက်တပ်နေရာ ချထားရေးကလည်း အခုထိ ပီပီပြင်ပြင် ဘာမှ မလုပ်နိုင်သေးဘူး။ ကျနော်တို့အမြင်ကတော့ နှစ်ဘက် အပစ်ခတ်ရပ်စဲဖို့ကိစ္စမှာ နှစ်ဘက်တပ်နေရာချထားရေးနဲ့ FUA ကိစ္စ။ ဒီနှစ်ခု ကျော်လွှားနိုင်မယ်ဆိုရင်တော့ အန်စီအေ (တပြည်လုံးအပစ်ရပ်စာချုပ်) လက်မှတ်ထိုးဖို့ဟာ မခဲယဉ်းဘူးလို့ ကျနော် မျှော်လင့်တယ်။ ” “နှစ်သစ်ကူးအနေနဲ့ကတော့ ကျနော်တို့ တနိုင်ငံလုံးနဲ့ ပြည်သူအားလုံး လိုအပ်တာကတော့ ငြိမ်းချမ်းရေးဖြစ်တယ်ပေါ့နော်။ ၂၀၁၄ မှာတော့ ဘာပဲဖြစ်ဖြစ် ၂၀၁၁ က စလာတဲ့ ၂၀၁၄ ထိ လုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်ပြီးတော့ အောင်မြင်မှု အများကြီးကို ရရှိခဲ့ပါတယ်။ ကျနော်တို့သုံးသပ်မယ်ဆိုရင် ၈၅-၉၀ ရာခိုင်နှုန်းလောက် အောင်မြင်မှုရလာပြီးတော့ ကျန်တာ ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တယ်။ အဲဒါကို နောက်ဆုံးအနေနဲ့ ညှိနှိုင်းမယ်ဆိုရင် လာမယ့် ၂၀၁၅ နှစ်သစ်ဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲတဲ့အဆင့်၊ ငြိမ်းချမ်းရေးရနိုင်တဲ့အဆင့် ဖြစ်လာမယ်လို့ မျှော်လင့်တယ် ဒါကြောင့်မို့လို့ လာမယ့်နှစ်သစ်ကူး၊ မနက်ဖြန် စမယ့်နှစ်သစ်ကူး ၂၀၁၅ မှာတော့ ကျနော်တို့ တိုင်းပြည်ရဲ့ အရေးအကြီးဆုံးအချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးကိစ္စကို အောင်အောင်မြင်မြင်နဲ့ နှစ်ဘက်စလုံးက ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ နောက်ပြီးတော့ လာမယ့် လွှတ်တော်မှာလည်း အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲ အနေအထား ဖြစ်ပါစေ။ ဒီနှစ်ခုကတော့ ကျနော်တို့ အဓိကလိုအပ်တဲ့ မျှော်လင့်ချက်ဖြစ်တယ်။ တောင်းဆိုချက် ဖြစ်တယ်လို့ ၂၀၁၄ အကုန်ဒီနေ့မှာ ဆုတောင်းတယ်။” ဦးခင်မောင်ဆွေ (ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် – အက်ဖ်ဒီအေ) [caption id="attachment_49226" align="alignleft" width="281"]ဦးခင်မောင်ဆွေ ဦးခင်မောင်ဆွေ[/caption] “လက်မှတ်မထိုးနိုင်တာကတော့ တဖက်နဲ့ တဖက် နိုင်ငံရေးယုံကြည်မှုပေါ့။ ယုံကြည်မှုကို အပြည့်အ၀ မရသေးလို့ပေါ့ဗျာ။ နောက်ပြီးတော့ တချို့ကိစ္စတွေမှာလည်းပဲ အပြန်အလှန် နားလည်မှုက ဘာခေါ်မလဲ။ တဖက်နဲ့ တဖက်ပေါ်မှာ နားလည်မှုကို အပြည့်အ၀ရအောင် ဆောင်ကြဉ်းဖို့ ကာလဒေသလည်း လိုနေသေးလို့ ဖြစ်ပါတယ်။ နောက် တဖက်ကလည်း နိုင်ငံနဲ့ ပြည်သူအကျိုးစီးပွားကိုသာ ကြည့်ပြီးတော့ ဆောင်ရွက်ကြမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးနိုင်စရာအကြောင်း မရှိဘူးလို့ ယုံကြည်ပါတယ်။ ဒီအချက်တွေကို ဖြည့်ဆည်းဖို့ အဓိကကျတာကတော့ ကျနော်သိရသလောက်ကတော့ အစိုးရဘက်ကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့အတွက် သူတို့ လိုလားမှု ရှိပါတယ်။ တပ်မတော်ဘက်ကလည်းပဲ ထိုနည်းလည်းကောင်းပဲ အပစ်အခတ်ရပ်စဲရေးကို လုပ်ချင်ပါတယ်။ ထိုနည်းလည်းကောင်းပဲ တိုင်းရင်းသားလက်နက်ကိုင်အုပ်စု အများစုကလည်းပဲ အဲလို ကျနော်တို့ လက်မှတ်ထိုးပြီးတော့ ငြိမ်းချမ်းရေးကို ဆက်သွားချင်တဲ့အနေအထားတွေ ရှိပါတယ်။ သို့သော်လည်းပဲ တပ်ပိုင်းဆိုင်ရာကိစ္စတွေမှာ နှစ်ဖက် သဘောတူဖို့ အချက်အချို့ ကျန်နေသေးတယ်လို့ ယူဆစရာ ရှိပါတယ်။ တပ်ပိုင်းဆိုင်ရာဆိုတာ တိုင်းရင်းသားလက်နက်ကိုင် တွေဘက်ကရော၊ တပ်မတော်ဘက်ကရော ညှိတဲ့နေရာတွေမှာ၊ တပ်ချင်းတပ်ချင်းညှိတဲ့ နေရာတွေမှာ အရှည်ဘယ်လိုလုပ်မလဲဆိုတာတွေကို ပြေပြေလည်လည်နဲ့ သဘောထားကြီးစွာနဲ့ အလျော့အတင်းနဲ့ သွားမယ်ဆိုရင်တော့ဖြင့် မဖြစ်နိုင်စရာမရှိလောက်ဘူးလို့ ထင်ပါတယ်။ တခြားအကျိုးစီးပွားတွေ ထည့်မစဉ်းစားဘူးဆိုရင်ပေါ့ဗျာ။ အဖွဲ့အစည်းအကျိုးစီးပွားပေါ့။ မိမိတို့ အဖွဲ့အစည်း အကျိုးစီးပွားတွေဟာ ဘယ်လောက်ရှိနေတယ်။ ဒီလက်မှတ်ထိုးလိုက်လို့ရှိရင် အဖွဲ့အစည်းအကျိုးစီးပွားကို ဘယ်လောက်ထိခိုက်မလဲဆိုတဲ့ ဒီလို စိတ်ကူးစိတ်သန်းမျိုးတွေကို လျော့ချပြီးတော့ ငြိမ်းချမ်းရေးရဖို့အတွက်ပဲ အဓိကကျတယ်၊ နိုင်ငံနဲ့ပြည်သူအကျိုးစီးပွားက အဓိကကျတယ်ဆိုတဲ့ သဘောထားပေါ်မှာ ခိုင်ခိုင်မာမာ တည့်တည့်မတ်မတ်ရပ်မယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးရော၊  ငြိမ်းချမ်းရေးဆွေးနွေးမှုပွဲကိုရော ရောက်သွားလိမ့်မယ်လို့ တထစ်ချ ယုံကြည်ပါတယ်။ “ကျနော်တို့နိုင်ငံဟာ လူမျိုးပေါင်းစုံ နေထိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ အချုပ်အခြာအာဏာဟာ အဲဒီလူမျိုးပေါင်းစုံက ပိုင်ပါတယ်။ အစိုးရတခုတည်းပိုင်တာ မဟုတ်ပါဘူး အဲဒီတော့ ငြိမ်းချမ်းရေးဆိုတာဟာ ကမ္ဘာ့ပေါ်မှာ သက်တမ်းအရှည်ဆုံး အကြာဆုံးဖြစ်တဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းဖို့ရာ အင်မတန်မှပဲ အရေးကြီးပါတယ်။ ပြည်တွင်းစစ်ကို မချုပ်ငြိမ်းဘူးဆိုလို့ရှိရင်တော့ ကျနော်တို့ လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ်ကို ရောက်ရှိဖို့ အကြောင်း မရှိပါဘူး။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ်ကို မရောက်လို့ရှိရင်လည်းပဲ ဖြစ်နေတဲ့ ဆင်းရဲမွဲတေမှု၊ တယောက်နဲ့ တယောက် မယုံသင်္ကာဖြစ်မှု၊ သယံဇာတတွေကို ခွဲဝေကျင့်သုံးမှု၊ တဖက်နဲ့တဖက် လွှမ်းမိုးချုပ်ချယ်နေတဲ့ဟာမျိုးတွေဟာမျိုးတွေကို ကျနော်တို့ ဖယ်ရှားနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံဟာ ပါကစ္စတန်နိုင်ငံလို ပြည်တွင်း မငြိမ်မသက်မှုတွေကို ဆက်ပြီးတော့ သွားမလား။ အင်ဒိုနီးရှားနိုင်ငံလို ပြည်တွင်းငြိမ်းချမ်းတဲ့၊ သာယာတဲ့ဆီကို သွားမလားဆိုတာမျိုးကို စဉ်းစားဖို့ လိုပါတယ်။ နောက်ပြီးတော့ အာဖဂန်နစ္စတန်လို စစ်မင်းတွေအုပ်ချုပ်တဲ့နိုင်ငံမျိုး မဖြစ်အောင်လည်းပဲ နားလည်မှု ရှိရှိနဲ့  ပူးပေါင်း ဆောင်ရွက်မှုက အရေးကြီးနေတဲ့အချိန် ဖြစ်တာမို့လို့ နှစ်သစ်ကူးမှာ ငြိမ်းချမ်းရေးဟာ ဆိုလို့ရှိရင် မြန်မာနိုင်ငံလူမျိုးအားလုံးအတွက် အဓိကကျတဲ့အချက်ကြီး ဖြစ်ပါတယ်။ အဲဒီအချက်ကြီးကို ရအောင် ကြိုးပမ်းကြဖို့တိုက်တွန်းကြောင်း ပြောလိုပါတယ်။” ဦးလှမောင်ရွှေ (မြန်မာ့ငြိမ်းချမ်းရေးစင်တာ) Hla Maung Shwe“တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုတဲ့ကိစ္စရပ်ကို တိုင်းရင်းသားလက်နက်ကိုင်တွေ အဖွဲ့ဘက်က နှစ်ပေါင်းများစွာ ဒီအဆိုကို တင်ခဲ့တာ ရှိပါတယ်။ အဲဒီတော့ သမတဦးသိန်းစိန်လက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာက အပစ်အခတ် ရပ်စဲရေးတင် မဟုတ်ပါဘူး။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအထိ ရောက်အောင်သွားပြီး အဖြေထုတ်ဖို့ဆိုတဲ့ ရည်မှန်းချက် ရှိပါတယ်။ အခု အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုဖို့ စပြီး ကနဦးပြုတဲ့အချက်ပေါင်း ၁၂၀၊ ၁၃၀ ဆိုတာက ပြည်ထောင်စုဘက်က အဆိုပြုတာ တချက်မှ မပါသေးပါဘူး။ အားလုံးက တိုင်းရင်းသားတွေဘက်က အဆိုပြုထားပြီးတော့မှ ဒါကို ညှိနှိုင်းတာပဲဖြစ်ပါတယ်။ အခု ဒီဇင်ဘာလမကုန်ခင်အထိ အချက်သုံးချက်လောက်ပဲ ညှိဖို့ကျန်တယ်၊ ဘာကြောင့်မို့လို့ မထိုးနိုင်သေးလဲဆိုရင်တော့ အဆိုပြုတာ တိုင်းရင်းသားတွေဖြစ်တယ်။ ညှိနှိုင်းတာလည်း ပြည်ထောင်စုဘက်က ညှိနှိုင်းပေမယ့် အဖွဲ့တွေက အမြောက်အများဖြစ်ပြီးတော့ အယူအဆ မျိုးစုံပေါ်မှာ လျော့ချင်တဲ့အဖွဲ့နဲ့ တချို့အဖွဲ့တွေကလည်း စောင့်ကြည့်မယ့်အဖွဲ့တွေကြားထဲမှာ အခက်အခဲ ရှိတဲ့သဘောလို့ ယူဆပါတယ်။ ဒုတိယကတော့ ယုံကြည်မှုပေါ့။ ဒီထက်ပို တည်ဆောက်နိုင်ဖို့လည်း လိုတယ်လို့ ထင်ပါတယ်။ ဒီဟာကို ကျနော်တို့ ၀န်ကြီးဦးအောင်မင်းတို့အနေနဲ့ ဒီကိစ္စကို စဉ်းစားတဲ့နေရာမှာ အားလုံး ယုံကြည်မှုဆောက်တဲ့အနေအထားပေါ်မှာ ဒီထက်ပိုပြီးတော့ ရှိနိုင်ဖို့အတွက် ကြားထဲမှာ အလုပ်အဖွဲ့တွေ လွှတ်ပြီးတော့ ဆောင်ရွက်နေတဲ့ အနေအထားတခုတော့ ရှိပါတယ်။ နောက်တခုကတော့ စိတ်စိတ်လေးတွေ့နိုင်တော့မှ ယုံကြည်မှုတွေ ပိုဆောက်နိုင်ပြီးတော့ အလွတ်သဘော ညှိနှိုင်းကြ၊ တော်တော်ကြီးသေချာမှ စားပွဲဝိုင်းကိုတင်ဖို့ဆိုတာကိုလည်း နှစ်ဘက်က သဘောတူထားတာ ဖြစ်တဲ့အတွက် တနည်းအားဖြင့် နှစ်ဘက်လုံးက တချို့ လျော့သင့်တဲ့ကိစ္စတွေကို နှစ်ဘက်စလုံး လျော့နိုင်ဖို့ဆိုတဲ့ ကိစ္စပေါ့လေ။ ဒီ ၃ ခု တော့ ကျနော်တို့ ပြင်ဆင်နေပါတယ်။ ၂၀၁၄ ခုနှစ်ဟာ ကျနော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးရယူတဲ့သမိုင်းမှာ ပစ်ခတ်တိုက်ခိုက် ထိတွေ့တဲ့ တိုက်ပွဲအနည်းဆုံးနှစ်ပါပဲ။ ဒါပေမယ့် မီဒီယာတွေက ပွင့်လင်းလွတ်လပ်လာတဲ့ အခါ ကျတော့ ဖော်ပြခွင့်ရလာလို့ လူထုအနေနဲ့စိုးရိမ်ပေမယ့် ကျနော်တို့လုပ်ထားတဲ့ သုတေသနအချက်အလက်တွေအရ ပြောရင်တော့ ၁၉၄၈ ခုနှစ်ကနေပြီးတော့ ၂၀၁၄ ကြားထဲမှာ ၂၀၁၄ သည် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှု အနည်းဆုံးဆိုတဲ့ အခြေခံကောင်းတွေ ရှိနေပါတယ်။ ဒီအခြေခံကောင်းတွေကို ၂၀၁၅ မှာ ဆက်ပြီးတော့ ပါဝင်တဲ့ key state holder အားလုံးက စိတ်ရှည်၊ သည်းခံ၊ ဇွဲရှိရှိနဲ့ ဆောင်ရွက်မယ် ဆိုရင်တော့ ၂၀၁၅ ထဲမှာပဲ NCA (တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်) ရေးထိုးရုံတင်မဟုတ်ဘူး။ နိုင်ငံရေးဆွေးနွေးပွဲတွေ စနိုင်မယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) အလုပ်အဖွဲ့က ယုံကြည်ပါတယ်ဗျ။ ကိုကိုကြီး (၈၈ မျိုးဆက်  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ko ko gyiတပြည်လုံးအပစ်အခတ်ရပ် လက်မှတ်မထိုးနိုင်တာဟာ တခွန်းတည်းပြောရရင် ယုံကြည်မှု အားနည်းတာပေါ့။ ယုံကြည်မှုအားနည်းတယ်ဆိုတာကလည်း အရင်အတိတ်က အတွေ့အကြုံ တွေပေါ်မှာ အကြောင်းပြုပြီးတော့ ဒီအပစ်အခတ်ရပ်စဲရေး လုပ်တော့မယ်ဆိုတဲ့ အချိန်မှာ အပစ်အခတ်ရပ်စဲရေး ပြီးတဲ့အခါမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေအတွက် လိုအပ်တဲ့ အခြေခံတွေ၊ အာမခံချက်တွေ ဘယ်လောက်ရှိမလဲဆိုတဲ့ ကိစ္စပေါ့နော်၊ ဆိုတော့ အဲဒီဟာတွေပေါ်မှာ သံသယလွန်ကဲတဲ့ ကိစ္စတွေပေါ့ အဲဒါမျိုးတွေလို့ ကျနော်တို့ မြင်ပါတယ်။ ဒီအားနည်းချက်ကို ဖြည့်ဆည်းဖို့ တခုကတော့ အရေးပါတဲ့ ခေါင်းဆောင်တွေကြားထဲမှာ ချောမွေ့တဲ့ဆက်ဆံရေးပေါ့။ ဥပမာ တခုခု အထစ်အငေါ့ဖြစ်တယ်။ မြေပြင်မှာ ထိတွေ့တိုက်ခိုက်မှု ဖြစ်တယ်ဆိုရင်လည်း ချက်ခြင်း ဆွေးနွေးဖြေရှင်းနိုင်တဲ့ hot line ပေါ့၊ အဲသလို လမ်းကြောင်းမျိုးတွေ ရှိဖို့လိုတယ်လို့ မြင်ပါတယ်။ နောက်တခုကတော့ ဒီတစ်ခါ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရင့်အရင်က ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာတုန်းကလိုမျိုး မဖြစ်အောင်ပေါ့။ ဆိုလိုတာက အရင်က တစ်ဖွဲ့ချင်းနဲ့ အပေးအယူ လုပ်တယ်။ ဘယ်သူမှ မသိလိုက်ရဘူး၊ ပွင့်လင်းမြင်သာမှု မရှိဘူး။ နောက်တခုက လက်နက်ကိုင်တွေအချင်းချင်းကြားထဲမှာပဲ သဘောတူညီမှုတွေ လုပ်တယ်။ အဲဒီတော့ သာမန်ပြည်သူတွေက သိခွင့် ပါဝင်ခွင့်မရခဲ့ဘူး။ ဒီတခေါက်မှာတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒေသခံပြည်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ အပါအ၀င်ပေါ့နော် အားလုံးကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ဖြစ်စဉ် ဖြစ်ဖို့လိုပါတယ်။ နောက်တခုက တဖွဲ့ချင်းစီရဲ့ သတင်းထုတ်ပြန်ချက်တွေပဲ ဖြစ်ဖြစ်၊ မီဒီယာနဲ့ ဆက်ဆံတဲ့နေရာမှာပဲဖြစ်ဖြစ်၊ နောက် မြေပြင်ပေါ်မှာ ဆောင်ရွက်ချက်တွေပဲ ဖြစ်ဖြစ် အဲဒါတွေက တဖက်ကို တဖက် နားလည်မှု မလွဲအောင် ကျနော်တို့ ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ဂရိုစိုက်ဖို့ လိုပါတယ်။ မဟုတ်ရင် ကိုယ့်ရဲ့စိတ်ကူး၊ ကိုယ့်ရဲ့ ယုံကြည်ချက်၊ ခံယူချက်အရလုပ်လိုက်တဲ့ကိစ္စ ပြောလိုက်တဲ့ကိစ္စတွေဟာ တစ်ဖက်ကနေပြီးတော့ ဒါ လက်ဦးမှု ယူတယ်။ ဒါ အပေါ်စီးယူတယ် ဆိုတဲ့ အထင်အမြင်လွဲမှု ဖြစ်ပြီဆိုတာနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က ကြန့်ကြာသွားတဲ့သဘောမျိုးတွေ ဖြစ်နေတာတွေကို သတိထားပြီးတော့ ရှောင်ရှားသင့်တယ်လို့ မြင်ပါတယ်။ ” “တကယ်တော့ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဒီမိုကရေစီတို့၊ ဖွံ့ဖြိုးတိုးတက်မှုတို့ဆိုတာ ဘယ်လိုမှ အာမခံချက်မရှိနိုင်ဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ လာမယ့်နှစ်သစ်မှာ ပြည်သူတရပ်လုံးကလည်း မျှော်လင့်တောင့်တနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အောင်အောင်မြင်မြင်နဲ့ ဖြစ်ထွန်းလာပါစေ လို့လည်း ကျနော် ဆုလည်းတောင်းပါတယ်။ ဆုတောင်းရုံတင်မကဘဲနဲ့ လက်တွေ့ဆောင်ရွက်မှုတွေမှာလည်းပဲ အရေးပါတဲ့ ခေါင်းဆောင်များ အကြား၊ နောက် ငြိမ်းချမ်းရေးမှာ ဆက်စပ်နေတဲ့၊ ပတ်သက်နေတဲ့ အားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာပါစေ။ အနိမ့်ဆုံးအဆင့်တော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အဆင့်လောက်ကိုတော့ ၂၀၁၅ ထဲမှာ အကောင်အထည်ပေါ်လာပါစေလို့ ကျနော်တော့ ဆုမွန်ကောင်းတောင်းပါတယ်။ စာရေးဆရာ ဆရာဖေမြင့် (စာနယ်ဇင်းကောင်စီအဖွဲ့ဝင်-ပြည်သူ့အရေးဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ) တပြည်လုံးအပစ်ခတ်ရပ် လက်မှတ်မထိုးနိုင်သေးတာ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှု သေသေချာချာမရှိသေးဘူးလို့ ထင်ပါတယ်။ Phay Myintယုံကြည်မှု ရရှိဖို့က တဘက်နဲ့တဘက် ပဏာမသဘောတူချက်တွေ ရှိရမယ်။ ရှိပြီးရင် သဘောတူချက်တွေကို နှစ်ဦးနှစ်ဘက် လိုက်နာဖို့လိုတာပေါ့။ လိုက်နာရင် ယုံကြည်မှုရှိမယ်။ ယုံကြည်တဲ့အခါ အရေးကြီးတဲ့အချက်တွေကိုလည်း ညှိနှိုင်းပြီးသဘောတူညီချက်တွေ ရလာမယ်။ အဲလိုနဲ့တဆင့်ဆီ သွားရလိမ့်မယ်လို့ ထင်ပါတယ်။ အခုဟာက ဆွေးနွေးနေရာကနေ ပစ်ဟယ်ခတ်ဟယ် ဖြစ်တယ်ပေါ့နော်။ အဲဒီခါကျ တဘက်ကလည်း ဘယ်သူကပစ်တယ်ပြောတယ်။ တဘက်ကလည်း သူတို့နေရာကို လာပစ်တယ်လို့ပြောတယ်။ အဲလိုအနေအထားမျိုးက တဦးကိုတဦး မယုံကြည်နိုင်သေးတဲ့ သဘောရှိနေတယ်ပေါ့။ ကျနော်တို့တိုင်းပြည်မှာ အားလုံးငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တယ်။ နိုင်ငံသားအားလုံးကြားမှာလည်း လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမှု အနေအထားတဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်တာကို လိုလားပါတယ်။ စာနယ်ဇင်းသမားများအနေနဲ့လည်း  ပဋိပက္ခဖြစ်နေတဲ့ ကိစ္စတွေ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ ကိစ္စတွေမှာ သတင်းအချက်ပလက်ပြည့်စုံ ရဖို့လိုတယ်။ ၂ ဘက် ရှိရင် ၂ ဘက်လုံး ကြိုးစား ရှာဖွေပြီး မှန်မှန်ကန်ကန်ပေးနိုင်ဖို့ လိုတယ်။ သတင်းသမားအနေနဲ့နဲ့  ရစရာသူလည်း ပြည့်စုံအောင်ရှာမှာဘဲ။ ဒါပေမယ့် သက်ဆိုင်ဌာနတွေက မပေးရင် သူလည်း မရနိုင်ဘူးပေါ့။ တမင်တကာ ဘက်လိုက်ပြီးရေးတာမဟုတ်ပေမယ့်  ပြည့်ပြည့်စုံစုံရေးဖို့ ကြိုးစားလို့ မရနိုင်တဲ့ အခါမှာတော့ တိမ်းစောင်းတဲ့ဟာတွေ ဖြစ်တတ်တာပေါ့ဗျာ။ အဲတော့ သက်ဆိုင်ရာ ကာယကံရှင်တွေကလည်း သတင်းအချက်အလက်တွေကို ပြည့်ပြည့်၀၀ မှန်မှန်ကန်ကန်ထ ထုတ်ပြန်ပေးဖို့ မေးမြန်းရင် ဖြေကြားပေးဖို့ လိုတာပေါ့နော်။ သတင်းသမားတွေဘက်ကလည်း  ပြည့်စုံအာင် မေးမြန်းစုံစမ်းပြီးတော့မှ ရေးသားဖို့ လိုတာပေါ့။ ဒေါ်ခွန်ဂျာ  (ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့) [caption id="attachment_54118" align="alignright" width="224"]ဒေါ်ခွန်ဂျာ ဒေါ်ခွန်ဂျာ[/caption] တပ်မတော်ရဲ့ အခန်းကဏ္ဍကို အခြေခံဥပဒေနဲ့ ပြည်လည်ထိန်းချုပ်ပြီးတော့မှ အရပ်သား အစိုးရရဲ့ လက်အောက်မှာ ထားရှိနိုင်တဲ့အချိန်ကျမှသာ အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တခုလုံး ဖြောင့်ဖြူးနိုင်မယ်လို့ ယူဆပါတယ်။ ကျမတို့ မြန်မာတနိုင်ငံလုံးကို  မြန်မာ့တပ်မတော်သည်လည်းကောင်း အစိုးရက သော်လည်းကောင်း တခုခုထိန်းချုပ်နိုင်စွမ်းမရှိတဲ့အခါမှာ ထိန်းကျောင်းဖို့အတွက် ကတော့ ပြည်သူလုထုပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုလုံးမှာရော နိုင်ငံတည်ထောင်ရေးမှာပါ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ပါဝင်နိုင်ဖို့အတွက် အကုန်လုံးပြင်ဆင်ထားစေချင်ပါတယ်ရှင့်။ ၂၀၁၅ နဲ့  ၂၀၁၅ အလွန်မှာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး မိမိရည်မှန်းထားတဲ့အတိုင်း ဖြစ်ပေါ်လာဖို့အတွက် ငြိမ်းချမ်းသာယာတဲ့ နိုင်ငံ၊ စည်းလုံးညီညွတ်တဲ့နိုင်ငံ ဖြစ်ပေါ်လာပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024