A d v e r t i s e m e n t With Us

ကနေဒါတွင် နှစ် ၆၀ အတွင်း အဆိုးရွားဆုံးအစုလိုက် လူသတ်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်

ကနေဒါနိုင်ငံအနောက်ပိုင်း အဒ်မွန်တွန်မြို့က လူ ၉ ယောက် သေဆုံးခဲ့တဲ့ အမှု ၃ ခုဟာ အဆက်အစပ် ရှိနိုင်တာကြောင့် ဒါဟာ နှစ် ၆၀ နီးပါးအတွင်း အဆိုးရွားဆုံး အစုလိုက် လူသတ်မှုနဲ့ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပုံရတယ်လို့ ရဲတွေက ပြောပါတယ်။ 222တနေရာထဲမှာ လူ ၇ ယောက်နဲ့ တခြားနေရာမှာ လူ ၁ ယောက် အသတ်ခံရအပြီး အနားကမြို့မှာ ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့ ယောက်ျားတယောက်က သူကိုယ်သူ သတ်သေခဲ့တယ်လို့ ရဲက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ကလေး ၂ ယောက်၊ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၂ ယောက်တို့ ပါပြီး ဒါဟာ အိမ်တွင်းအကြမ်းဖက်မှုလို့ မြို့ရဲချုပ် ရော့ဒ် နတ်ထ်က ပြောပါတယ်။ လူဦးရေ ၈ သိန်း ကျော်ရှိတဲ့ အဒ်မွန်တွန်မြို့မှာ ၂၀၁၃ ခုနှစ် ၁ နှစ်လုံးမှာ လူသတ်မှု ၂၇ မှုသာ ရှိပြီး အစုလိုက်လူသတ်မှုက မကြားဖူးသလောက်နီးပါ ဖြစ်ပါတယ်။ အယ်လ်ဘာတာပြည်နယ်ရဲ့ မြို့တော်လဲ ဖြစ်ပြီး ဒီမြို့က ရေနံသဲတွေဟာ အမေရိကန်ကို ရေနံတင်ပို့မှုရဲ့ အကြီးဆုံး ရင်းမြစ်လဲ ဖြစ်ပါတယ်။ အယ်လ်ဘာတာပြည်နယ် ကယ်လ်ဂါရီမြို့နားမှာ ဧပြီလက ဓားထိုးမှုအတွင်း လူ ၅ ယောက် သေဆုံးမှုဟာ ကယ်လ်ဂါရီမြို့အတွက် အဆိုးရွားဆုံး အစုလိုက် လူသတ်မှု ဖြစ်ခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up