A d v e r t i s e m e n t With Us

ရှမ်းပြည်နယ်ထွက် အစားအစာများ အိမ်တိုင်ရာရောက် မှာယူစားသောက်နိုင်

Shan Foodရှမ်းပြည်နယ်ထွက် အစားအစားတွေကို အမြန်ချောပို့စနစ်နဲ့ အိမ်တိုင်ရာရောက် မှာယူ စားသောက်နိုင်ကြတော့မှာ ဖြစ်ပါတယ်။ မြန်မာ့စာတိုက်လုပ်ငန်းရဲ့ ၀န်ဆောင်မှုလုပ်ငန်း အသစ်တခုအနေနဲ့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်ကစပြီး ရှမ်းပြည်နယ်ထွက် ပဲပုပ်၊ ခေါပုပ်၊ မုန်ညင်းချဉ်၊ ကြက်သွန်ချဉ်၊ ဆီတို့ဟူးစတဲ့ အစားအစာတွေကို ဒီနေ့ပို့ မနက်ဖြန်ရောက် ပို့ဆောင်ပေးမှာဖြစ်တယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့က လူကြိုက်များတဲ့ ဂျေဒိုးနတ်၊ ပုစွန်ခြောက်၊ ငါးနီတူးခြောက်၊ အာပြဲခြောက်၊ မုန့်ဟင်းခါးခြောက် စတဲ့ အစားအစာတွေကိုလည်း မှာယူရင် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ မြန်မာစာတိုက်လုပ်ငန်းရဲ့ နှစ်သစ်ကူး ၀န်ဆောင်မှုအသစ်တရပ်ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up