မန္တလေးပဋိပက္ခအတွင်း အသတ်ခံရသည့် ကိုထွန်းထွန်းအမှု စီရင်ချက် အမိန့်ချမှတ်

မန္တလေးမြို့မှာ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ကိုထွန်းထွန်း အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားခံ ၁၁ ယောက်ကို မန္တလေးခရိုင်တရားရုံးက ဒီကနေ့ ထောင်ဒဏ် အသီးသီး အမိန့်ချလိုက်ပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်နေ့က တွဲဖက်ခရိုင်တရားသူကြီး (၁) ဦးခင်ထွန်းက  အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ကနေ ၁၃ နှစ်အထိ အမိန့်ချမှတ်ခဲ့တာပါ။ တရားခံ ၁၁ ဦးဟာ လူသတ်မှုမှာ အားပေးကူညီသူတွေဖြစ်ပြီး တကယ်ကျူးလွန်သူ အပါအ၀င် ၇ ဦး ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တာကြောင့် တရားခံပြေး ကြေညာပြီး ၀ရမ်းထုတ်ထားပါတယ်။ ဒီပဋိပက္ခအတွင်း သေဆုံးခဲ့သူနောက်တဦးဖြစ်တဲ့ ကိုစိုးမင်းကို သတ်သူ ၄ ယောက်ကို တော့ အောက်တိုဘာလက အလုပ်ကြမ်းနဲ့ ထောင် ၁၀ နှစ်စီ စီရင်ခဲ့ပါတယ်။   [gallery ids="75575,75576,75577,75578"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up