DVB Logo
Home
မြန်မာသတင်း
၂ နှစ်အတွင်း မြန်မာ့ဘိန်းစိုက်ပျိုးမှု ဟက်တာ ၆ ထောင်မြင့်တက်
DVB
·
December 30, 2014
၂  နှစ်အတွင်း မြန်မာ့ဘိန်းစိုက်ပျိုးမှု ဟက်တာ ၆ ထောင်မြင့်တက်
Donate to DVB

၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အထိ မြန်မာ့ ဘိန်းစိုက်ပျိုးမှုဟာ ဟက်တာ ၆ ထောင် ပိုလာခဲ့တာပါ။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံမှာ ဘိန်းစိုက်မျိုးမှု ဟက်တာ ၅၇၀၀၀ ကျော် ရှိတယ်လို့ ဒီဇင်ဘာ ၂၅ နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာရဲ့ အယ်ဒီတာ့ အာဘော်မှာ ဖော်ပြထားပါတယ်။

[caption id="attachment_32485" align="alignright" width="490"]၂၀၁၄ ဇန်န၀ါရီ ၂၇ ရက်က ရှမ်းပြည်နယ်ရှိ ဘိန်းစိုက်ခင်းတခုကို တာဝန်ရှိသူများ ဖျက်ဆီးနေစဉ် (ဓာတ်ပုံ - ရိုကျတာ) ၂၀၁၄ ဇန်န၀ါရီ ၂၇ ရက်က ရှမ်းပြည်နယ်ရှိ ဘိန်းစိုက်ခင်းတခုကို ရဲတပ်ဖွဲ့မှ ဖျက်ဆီးနေစဉ် (ဓာတ်ပုံ - ရိုက်တာ)[/caption]

၂၀၁၂ ခုနှစ် ဘိန်းစိုက်ရာသီမှာ ဟက်တာ ၅ သောင်း ၁ ထောင်ကျော် စိုက်ပျိုးပြီး ထုတ်လုပ်မှု တန်ချိန် ၆၉၀ ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်က က ဇွန် ၂၆ မှာ ပြုလုပ်တဲ့ ဖမ်းဆီးရမိ မူးယစ်ဆေးတွေ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

ဒါဟာ  ယူအန်အိုဒီစီနဲ့ ပူးပေါင်း တိုင်းတာခဲ့တာ ဖြစ်ပြီး ၁၉၉၉ ခုနှစ်က စပြီး မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းနဲ့ ဆောင်ရွက်ခဲ့ပေမယ့် တိုက်ဖျက်ဖို့ လိုအပ်သေးတာကြောင့် စီမံကိန်းကို နောက်ထပ် ၅ နှစ် ထပ်တိုးထားတယ်လို့လည်း ရဲမှူးကြီးက ဆက်ပြောပါတယ်။

ဘိန်းစိုက်ပျိုးမှု တိုင်းတာတာကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင်တို့ ပူးပေါင်းပြီး ၂၀၀၆ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ရာမှာ ၁၈၆၀၆ ဟက်တာ ရှိပြီး ၂၀၁၄ ခုနှစ်မှာတော့ ၃၉၆၁၆ ဟက်တာ ရှိနေတယ်လို့ သြဂုတ်လက နိုင်ငံပိုင် သတင်းစဉ်မှာ ဖော်ပြခဲ့ဖူးပါတယ်။

ကွင်းဆင်း တိုင်းတာမှုတွေကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်ဟာ တနိုင်ငံလုံးစိုက်ဧရိယာရဲ့ ၉၀ ရာခိုင်နှုန်းကျော် ရှိတယ်လို့လည်း သတင်းစဉ်မှာ ဖော်ပြထားပါတယ်။

ယူအန်အိုဒီစီရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013