DVB Logo
Home
Lead Story
တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် လက်ပံတောင်းအရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ် ဖြစ်
DVB
·
December 30, 2014
တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် လက်ပံတောင်းအရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ် ဖြစ်
1 / 11
Donate to DVB

လက်ပံတောင်းအရေးမှာ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အပေါ် အမှုမှန် ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် တောင်းဆိုဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ရန်ကုန်မြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၉  ရက်နေ့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို လက်ပံတောင်းအရေး အတွက် ဒဂုံမြို့နယ်က တရုတ်သံရုံးရှေ့ကို ဖြတ်လျှောက် ဆန္ဒပြဖို့ ခွင့်တောင်းတာကို လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဖြတ်ကျော်ဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။

အခုလို တင်းမာမှုတွေ ဖြစ်ပွားခဲ့ပေမယ့် နှစ်ဖက်စလုံးမှာ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ဘဲ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးခဲ့ပါတယ်။ လက်ပံတောင်းအရေး ဆန္ဒပြသူတွေကို ၀မ်ပေါင် ကုမ္ပဏီ ထွက်သွား၊ လူသတ်အစိုးရ အလိုမရှိစတာတွေကို ကြွေးကြော်ခဲ့ပါတယ်။

ဆန္ဒပြပွဲကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

[gallery ids="75472,75473,75474,75475,75476,75477,75478,75479,75480,75481,75482"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013