DVB Logo
Home
မြန်မာသတင်း
မြန်မာများကို ဆီးစစ်ဆေးမှု လျော့ရန် ထိုင်းသဘောတူ
DVB
·
December 29, 2014
မြန်မာများကို ဆီးစစ်ဆေးမှု လျော့ရန် ထိုင်းသဘောတူ
Donate to DVB

ထိုင်းနိုင်ငံတွင်းဝင်ရောက်တဲ့ မြန်မာနိုင်ငံသားတွေကို ဆီးစစ်ဆေးခြင်းနဲ့ပတ်သက်လို့ နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူတွေဆွေးနွေးရာမှာ မြန်မာနိုင်ငံသားတွေကို ဆီးစစ်ဆေးမှုကို အတတ်နိုင်ဆုံး လျော့ချဖို့ သဘောတူညီခဲ့ကြပါတယ်။

[caption id="attachment_75429" align="alignright" width="451"]ဓာတ်ပုံ - တာချီလိတ် (မူးယစ်) ဓာတ်ပုံ - တာချီလိတ် (မူးယစ်)[/caption]

တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း ဦးဆောင်တဲ့ နယ်စပ် ဆက်ဆံရေးရုံးများ ကြီးကြပ်မှုကော်မတီ (BLO)နဲ့ ထိုင်းနိုင်ငံ ချင်းရိုင်းပြည်နယ် လက်ထောက်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀ိလတ်စုမ်နာဖန်း ဦးဆောင်တဲ့အဖွဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတာလို့ တာချီလိတ်(မူးယစ်)က သတင်းထုတ်ပြန် ပါတယ်။

ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်နဲ့ အလည်အပတ်သွားသူတွေကို သတ်မှတ်နယ်မြေ မကျော်လွန်ပါက ဆီးမစစ်ဆေးဖို့နဲ့ နှစ်နိုင်ငံ (BLO)အဖွဲ့တွေ အောက်ခြေအဆင့် အစည်းအဝေးကို ၂ လ ၁ ကြိမ် အလှည့်ကျစနစ်နဲ့ ကျင်းပသွားဖို့လည်း သဘောတူညီ ခဲ့ကြပါတယ်။

မယ်ဆိုင်မြို့ ရဲတပ်ဖွဲ့စခန်း အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ အဓိက အားဖြင့် ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းရဲတွေက အချက်အချာကျတဲ့လမ်းတွေမှာ ပိတ်ဆို့ပြီး မူးယစ်းဆေးဝါးသုံးစွဲမှုရှိမရှိ စစ်ဆေးတဲ့အခါ လူမြင်ကွင်းမှာ ဆီးသွားခိုင်းတာဟာ ဟိရိသြတပ္ပတရား ကင်းမဲ့စေတဲ့ ကိစ္စဖြစ်ပြီး လူ့အခွင့်အရေးစံချိန်စံညွှန်းအရ မကိုက်ညီတာ၊  ကူးသန်းသွားလာမှုကို ဟန့်တားစေသလို   အဂတိလိုက်စားမှုတွေ ဖြစ်လာစေတဲ့အချက်တွေကို  တင်ပြဆွေးနွေးခဲ့ ပါတယ်။

မယ်ဆိုင်ရဲစခန်းမှူး ရဲမှူးကြီး နတ်ထ၀တ်က မိမိတို့ ထိုင်းနိုင်ငံသားတွေကိုပါ သူတို့ရဲ့ ပုံသဏ္ဌာန်အား ကြည့်ပြီး ဆီးစစ်နေတာဖြစ်ပြီး ဒီဆောင်ရွက်ချက်ဟာလည်း မူးယစ်ဆေးဝါး ၀င်ရောက်တတ်တဲ့ လမ်းကြောင်း တစ်လျှောက်မှာ ဆောင်ရွက်တာဖြစ်တယ်လို့ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။

ဒုရဲမှူးကြီး ၀င်းထွန်းက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် နေ့ချင်းပြန် သွားရောက် လည်ပတ်သည့် မိမိတို့ မြန်မာနိုင်ငံသာတွေကို ဆီးစစ်ဆေးပြီး ငွေမတောင်းခံဖို့၊ မယ်ဆိုင်မြို့ရှိ Lotus ကုန်တိုက်ကို သွားတဲ့လမ်းပေါ်မှာ ဆီးမစစ်ဆေးရန်နဲ့   မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိမှသာ ဖမ်းဆီးစစ်ဆေးဖို့ မေတ္တာရပ်ခံခဲ့ပြီးနောက် ညှိနှိုင်း သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) ကော်မတီဝင်တွေလည်း တက်ရောက်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013