ရန်ကုန်စည်ပင် ရွေးကောက်ပွဲရလဒ် မနက်ဖြန် ထုတ်ပြန်မည်

1စနေနေ့ကပြုလုပ်ခဲ့တဲ့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲ ရလဒ်တွေကို မနက်ဖြန် တနင်္လာနေ့ မှာ ထုတ်ပြန်မယ်လို့ စည်ပင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီဗွီဘီကို ပြောပါတယ်။ လတ်တလောထွက်ပေါ်နေတဲ့ သတင်းတွေအရ ကော်မတီဝင်အဆင့်မှာ ပြည်သူ့ကိုယ်စားလှယ်တချို့ အနိုင်ရရှိတယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်သေးပါဘူး။ နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းကျန်တဲ့ ပြဿနာကို နေရာတိုင်းလိုလို ကြုံခဲ့ရပြီး တချို့မဲဆန္ဒနယ်တွေမှာ မဲပေးခွင့်ရှိသူတွေထဲက ထက်ဝက်လောက်ပဲ မဲပေးခဲ့ကြပါတယ်။ ရန်ကုန်လူဦးရေ သိန်း ၅၀ ကျော်မှာ မဲပေးခွင့်ရှိသူ ၄ သိန်းကျော် ရှိပါတယ်။ မြို့နယ်အဆင့် ၉၉ နေရာ၊ ခရိုင်အဆင့် ၁၂ နေရာနဲ့ ဗဟိုကော်မတီအဆင့် ၄ နေရာ စုစုပေါင်း ၁၁၅ နေရာအတွက် ကိုယ်စားလှယ်ပေါင်း ၂၉၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up