A d v e r t i s e m e n t With Us

လစ်ဗာပူးကစားကွက် ဘောလုံးရာသီ ဒုတိယပိုင်းတွင် ပိုကောင်းလာရန် နည်းပြ မျှော်လင့်

လစ်ဗာပူး နည်းပြ ရောဒ်ဂျားစ်
လစ်ဗာပူး နည်းပြ ရောဒ်ဂျားစ်က သူ့အသင်းရဲ့ ကစားပုံတွေ ဘောလုံးရာသီ ဒုတိယပိုင်းမှာ ပိုကောင်းလာဖို့ မျှော်လင့်တယ်လို့ပြောပါတယ်။ [caption id="attachment_75338" align="alignright" width="479"]လစ်ဗာပူး နည်းပြ ရောဒ်ဂျားစ် လစ်ဗာပူး နည်းပြ ရောဒ်ဂျားစ်[/caption] လစ်ဗာပူး အသင်းဟာ ဒီဇင်ဘာလ ၂၉ ရက်နေ့ ပရီမီးယားလိဂ်မှာ ဆွမ်ဇီး စီးတီးအသင်းနဲ့  ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာတော့ လက်ရှိ အမှတ်ပေးဇယားမှာ အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာမှာ ရှိတဲ့ ဆောက်သမ်တန် အသင်းနဲ့  ၈ မှတ် အကွာမှာ ရှိနေပါတယ်။ ရောဒ်ဂျားစ်က အသင်းဟာ ဘောလုံးရာသီ ပထမပိုင်းထက် ဒုတိယပိုင်းမှာ ကစားပုံ ပိုကောင်းလာပြီး ဒီအရှိန်ကို ဆက်ထိန်းထားဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။ ဘောလုံးရာသီ ပထမပိုင်းမှာ မှန်းသလောက် အခြေအနေမကောင်းဘဲ အခက်အခဲတွေ ရှိခဲ့ပေမယ့် အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး အသင်းစုဖွဲ့မှုကို ပိုကောင်းအောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ကျရင် အန်ဖယ်ကွင်းမှာ ဆွမ်ဇီးနဲ့ ကစားရမယ့် ပရီးမီးယား လိဂ်ပွဲဟာလည်း  ခက်ခဲမှာ ဖြစ်ပေမယ့် လောလောဆယ် အရှိန်ကို ဆက်ထိန်းထားဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ လစ်ဗာပူးအသင်းဟာ ဒီဇင်ဘာလအတွင်းမှာ ချန်ပီယံ လိဂ်ပွဲတွေမှာတော့ မန်ချက်စတာ ယူနက်တက်အသင်းကို ၃ ဂိုး၊ ဂိုးမရှိနဲ့ ရှုံးခဲ့သလို ပရီးမီးယား လိဂ်မှာတော့ ဆန်းဒါလန်းနဲ့ အာဆင်နယ် အသင်းတို့နဲ့ သရေကျထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up