DVB Logo
Home
မြန်မာသတင်း
မဲစာရွက်တွေကို လူထုလက်ထဲ အတင်းထည့်နေတာရှိတယ် - စည်ပင်ရွေးကောက်ပွဲ
DVB
·
December 27, 2014
မဲစာရွက်တွေကို လူထုလက်ထဲ အတင်းထည့်နေတာရှိတယ် - စည်ပင်ရွေးကောက်ပွဲ
1 / 16
Donate to DVB

ရန်ုကန်ုမြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲတွေကို နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ဒီနေ့ မြို့တော်တခွင် တပြိုင်နက် ကျင်းပပြုလုပ်နေပါတယ်။ မဲရုံအတော်များများရဲ့ မဲပေးမှုအခြေအနေတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးသိန်းညွန့် (သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

“တစ်အချက်က ကျနော်တို့ပါတီက စည်ပင်ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်း မဲပေးခွင့်မရှိတဲ့အတွက် ပါတီအနေနဲ့ စည်ပင်ရွေးကောက်ပွဲမှာ ပါဝင်ပူးပေါင်းခြင်း မရှိဘူး။ နှစ်အချက်က ၁ နှစ်လောက်အတွက်ကို စည်ပင်ရွေးကောက်ပွဲပြုလုပ်တာဟာ နောက်ကွယ်မှာ အဓိပ္ပာယ် အများကြီးရှိတယ်လို့ ကျနော်ယူဆတယ်။ အခုလုပ်တဲ့ ရွေးကောက်ပွဲဟာ ရန်ကုန်မြို့ရဲ့ ကယ်တင်ရှင် ဖြစ်မလား၊ ဒါမှမဟုတ် သမိုင်းတရားခံဖြစ်မလားဆိုတာ စောင့်ကြည့်ရမယ့် ရွေးကောက်ပွဲပဲလေ။. အခုပဲ ကျနော့်ကို လူထုထဲက သတင်းပို့ချက်အရတော့ မဲရုံတွေကို အသွားနည်းရုံတင်မကဘူး၊ ဒီလောက် လူသွားနည်းတဲ့ကြားမှာကို မမှန်မကန်လုပ်ရပ်တွေ လုပ်လာတယ်ဆိုပြီး သတင်းပို့လာတယ်။ ဥပမာ ကျနော့်သင်္ကန်းကျွန်းနယ်မြေမှာ ပြည်ခိုင်ဖြိုးပါတီက ပုဂ္ဂိုလ်တယောက်ဆိုရင်  မဲရုံထဲကို တံဆိပ်ကြီးတပ်ပြီးဝင်လို့ ယှဉ်ပြိုင်ဘက် ပုဂ္ဂိုလ်ကိုယ်စားလှယ်တွေဘက်က ကန့်ကွက်တယ်လို့ ကြားရတယ်လေ၊ အဲ့ဒီလိုပဲ မဲရုံဘေးမှာ ဘယ်သူ့ကိုမဲပေး၊ ဘယ်သူ့ကို မဲမပေးနဲ့ဆိုတာမျိုးတွေ ဗြောင်လုပ်နေတာ ကြားရတယ်လေ။”

ချစ်ဝင်းမောင်(သတင်းစာဆရာ အယ်ဒီတာ)

“စည်ပင်ရွေးကောက်ပွဲကြီးတခု ရှိလို့ရှိမှန်းတောင် မသိရဘူး။ သူ့ရဲ့ ရွေးကောက်ပွဲစနစ်က လူတိုင်း မဲပေးခွင့် မရှိဘူးလေ။ တအိမ်ထောင်တယောက်ဆိုတော့၊ လူတိုင်းနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ မဲပေးစနစ်ပုံစံကြီး ဖြစ်နေတယ်။ နောက်တခုက ဆိုပါစို့ဗျာ။ ရွေးကောက်ပွဲတခုလုပ်မယ်ဆိုရင် ရပ်ကွက်ထဲမှာ အသံချဲ့စက်နဲ့ စည်ပင်ရွေးကောက်ပွဲ လာရောက်မဲထည့်ကြပါဆိုတာမျိုး ဆော်သြတာလည်း ဘာသံမှမကြားရဘူးဗျ။”

ဒေါ်နော်လှလှစိုး (မြို့တ်ာစည်ပင်သာယာအဆင့်၊ ရန်ကုန်မြောက်ပိုင်းခရိုင် ကိုယ်စားပြုကိုယ်စားလှယ်လောင်း- မွန်းတည့် ၁၂ နာရီအချိန် ဆက်သွယ်မေးမြန်းချက်)

“လူတွေက မဲ သိပ်လာမပေးကြဘူး။ မဲလာပေးကြတာ တော်တော်လေးနည်းတယ်၊ မဲရုံမှာ မဲပေးနိုင်တဲ့လူ ၅၀၀ လောက်ရှိတာ မဲလာပေးတာ ၅၀ တောင်မပြည့်ဘူး။ နောက်တခုက မဲပေးဖို့လာပြီး အိမ်ထာင်ဦးစီး မဟုတ်လို့ဆိုပြီး ငြင်းပယ်ခံရလို့ မဲမပေးရတဲ့သူတွေလည်း အများကြီးရှိတယ်။ နောက်တခါ တချို့ကော်မတီဝင်လောင်းတွေက သူတို့ရဲ့စာရွက်တွေကို မဲပေးတဲ့နေရာအထိ သွားပြီး လူထုလက်ထဲ ထည့်နေတာတွေမြင်ရတယ်။ အဲ့ဒါတွေကို ကျမတို့ ဓာတ်ပုံတွေနဲ့ မှတ်တမ်းတင်နိုင်ခဲ့တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရာအိမ်မှူးတွေကအစ အဲ့ဒီစာရွက်တွေကို မဲရုံထဲဝင်ပြီး လူထုလက်ထဲအတင်းထည့်နေတာတွေရှိတယ်။ မဲရုံတွေကို လူနေတဲ့နေရာတွေနဲ့ ဝေးတဲ့နေရာမှာထားတာမျိုးလုပ်တယ်။ ဒီဘက်ထိပ်ကလူက ဟိုဘက်ထိပ်က မဲရုံကိုသွားပြီး မဲပေးရတယ်။ မဲရုံတွေကို တမင်ဝေးအောင် ရှန်တိန်လုပ်ထားတာပေါ့။ အသက်ကြီးတဲ့သူတွေ တော်တော်ဒုက္ခရောက်ကြတယ်။ ကျမတို့ တချို့လူကြီးတွေတော့ ကားနဲ့တင်ခေါ်ပြီး ပို့ပေးတာမျိုး လုပ်ပေးပါတယ်။”

ထွန်းထွန်းသိန်း (ဒီဗွီဘီသတင်းထောက် - မွန်းတည့် ၁၂ နာရီအချိန် ဆက်သွယ်မေးမြန်းချက်)

“ကျနော်ဒီနေ့ ကမာရွတ်မြို့နယ်ထဲက စည်ပင်ရွေးကောက်ပွဲကျင်းပတဲ့ မဲရုံတွေ သွားပြီး သတင်းယူခဲ့တယ်။ စာသင်ကျောင်းတွေမှာ မဲရုံတွေဖွင့်ထားတယ်။ ကမာရွတ်မြို့နယ်ထဲမှာ မဲရုံ ၂၁ ရုံရှိတယ်။ အဲ့ဒီမှာ မဲပေးချင်တဲ့သူကများပြီး မဲဆန္ဒရှင်စာရင်းထဲ မပါလို့ မဲမပေးရတဲ့ သူတွေများပြီး ပြဿ နာတက်နေတယ်။ တချို့တွေ ဒီနေ့မွန်းလွဲပိုင်း လူစုပြီးဆန္ဒပြဖို့ လုပ်နေကြတယ်။ခရိုင်အဆင့်ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတယောက်ဆို သူကိုယ်တိုင် မဲစာရင်းထဲပါမလာလို့ မဲမပေးရဘူးလို့ ပြောတယ်။ မဲမပေးရခင် နှစ်ရက်သုံးရက်အလိုလောက် မဲပေးဖို့ လူစာရင်းကို ရပ်ကွက်ထဲက ရာအိမ်မှူးတွေ လာကောက်သွားပြီး အခု မဲပေးဖို့လာတော့ မဲစာရင်းထဲ မပါလာတော့ဘူး။ ကျနော် ရာအိမ်မှူးတယောက် မေးကြည့်တော့ သူ မဲစာရင်းကောက်ပြီး သက်ဆိုင်ရာကို ပေးလိုက်တာပဲ။ ဘာလို့ မပါလာတာလဲတော့ မသိဘူးလို့ ပြောတယ်၊ကမာရွတ်မှာတော့ မဲဆန္ဒရှင်စာရင်ပျောက်တာ အဓိက ကြုံတွေ့နေကြရတဲ့ ပြဿ      နာ ဖြစ်နေတယ်။”

ဒေါ်မေအုန်း (အနောက်ပိုင်းခရိုင်ကိုယ်စားလှယ် - မြန်မာစံတော်ချိန် ၁နာရီ)

“မဲ လာပေးကြတာ သိပ်မတွေ့ရဘူး။ မနက်ပိုင်းကဆို ၂၀၀ မှာ ၂၀ လောက် ၃၀ လောက် အဲ့လောက်ပဲ လာပေးကြတယ်။ ခုတော့ ၅၀ လောက်ထိ ဖြစ်လာပြီ။ မဲရုံစောင့်တဲ့ လူတွေကတော့ ညနေပိုင်းဆို ပိုများလာမယ်လို့တော့ ပြောကြတာပေါ့နော်။ မဲစာရင်းထဲ မပါလို့ မဲမပေးရတာတွေ ရှိတယ်။ အန်တီ့အမျိုးသားရဲ့ ညီ ဒဂုံမြို့နယ်မှာနေတာ မဲစာရင်း မပါလို့ သူ မဲမထည့်ရဘူးဆိုပြီး စောနကတင် ဖုန်းဆက်တယ်။ ဘာလို့ မပါတာလဲမေးတော့ မဲစာရင်းလာမကြည့်လို့ ပြောတယ်။ ကိုယ်ပါလား၊ မပါလား ရပ်ကွက်ရုံးမှာ လာမစစ်လို့လို့ ပြောတယ်တဲ့။ သူတို့က အဲ့ဒီလို ကိုယ်ပါလား မပါလား သွားစစ်ဖို့ ဘယ်သိမလဲနော်။ သူတို့တင် မကဘူး။ သူတို့ အိမ်နီးနားချင်တွေလည်း အဲ့ဒီလိုဖြစ်တယ်လို့ ပြောတယ်။ အန်တီ အခု ပန်းဘဲတန်းမြို့နယ်ထဲက မဲရုံတွေဆီ သွားနေတာ၊ လမ်းတွေက ပိတ်ကျပ်နေလို့ လမ်းဆင်းလျှောက်ပြီး သွားနေရတယ်။”

ဦးသန်း (ရန်ကုန်တောင်ပိုင်းခရိုင် ကိုယ်စားလှယ် - မြန်မာစံတော်ချိန် ၁ နာရီ)

“မဲလာပေးတဲ့ ရာခိုင်နှုန်း အတော်နည်းတယ်။ လက်ရှိအချိန်ထိ ရာခိုင်နှုန်းနဲ့ ပြောမယ်ဆို ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိသေးတယ် မဲလာပေးကြတယ်။ ကျနော် မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင် ၃ မြို့နယ် ပတ်ခဲ့ပြီးပြီ။ မဲလာပေးကြတာ မဲရုံတရုံမှာ အများဆုံး ၃ ပုံ ၁ ပုံ၊ ၄ ပုံ ၁ ပုံလောက်ပဲ မဲလာပေးကြတာ တွေ့ရတယ်။ နောက်တခုက မဲစာရင်း မပါတဲ့ ပြဿ  နာ တွေ့ရတယ်။ ကျနော်မရောက်သေးတဲ့ ဒေါပုံနဲ့ သာကေတမှာတော့ ၄၀-၅၀ ရာခိုင်နှုန်းလောက် မဲလာပေးကြတယ်လို့ သတင်းရပါတယ်။ မဲရုံမှာ မသမာမှုလုပ်တာတွေ မတွေ့ရပါဘူး။ မဲရုံတွေက စနစ်ကျပါတယ်။ လုံခြုံရေးလည်း ကောင်းပါတယ်။ အားလုံး သန့်သန့်ရှင်းရှင်း တရားမျှတစွာနဲ့ မဲပေးနေကြပါတယ်။”

ဦးမြဟန် (မရန်ကုန်းမြို့နယ်)

“ကျနော်လမ်းလျှောက်ထွက်ရင်း လမ်းကြုံလို့ မဲလာထည့်တာပါ။ မဲထည့်တဲ့ သူတော့မသိဘူး ကြော်ငြာမှာကပ်ထားတဲ့ သူရဲ့ဥပတိရုပ်ကြည့်ပြီး မဲထည့်ပေးလိုက်တာပါ။”

ဦးအောင်မျိုးထွန်း (စမ်းချောင်းမြို့နယ်)

10868030_835356016523436_4793898464591610725_n“ကျနော် ၁၂ နာရီခွဲလောက် မဲသွားပေးတော့ မဲရုံထဲ ကျနော်တယောက်ပဲရှိတယ်။ မဲရုံက တာဝန်ရှိတဲ့သူ မေးကြည့်တော့ မဲပေးခွင့်ရှိသူရဲ့ လေးပုံတ ပုံလောက်တောင် မရှိချင်သေးဘူးတဲ့။ မဲထည့်ချင်လို့လာတဲ့သူတောင် မရှိတော့ မဲစာရင်းမှာ မပါလို့ ပြဿ  နာတက်တယ်ဆိုတဲ့ကိစ္စမျိုး ဘယ်ရှိမှာလဲဗျာ။ လူတွေကဘာလို့ စိတ်မ၀င်စားကြလဲ ပြိုင်တဲ့လူတွေက ကြံ့ဖွံ့နဲ့ ကြံ့ဖွံ့အဆွယ်အပွားတွေ ချည်းပဲဗျ။ သူတို့ထည့်လည်း ဘာထူးမလဲဗျာ။ တကယ်တော့ မြို့တော်ဝန်ကအစ ပြည်သူက ၁၈ နှစ်ပြည့်ပြီးသူ ပြည်သူ တိုင်းက တိုက်ရိုက် မဲပေးရွေးခွင့်ရှိမှ စည်ပင်သာယာက ပြောင်းမှာ။ ကျနော် ဒီနေ့ မဲဘယ်လို ထည့်သလဲ သိလား။ မဲစာရင်းစာရွက်ပေါ်မှာ ဘယ်သူမှ မထည့်ဘဲ ကျနော် ရေးချင်တာ ရေးခဲ့တယ်။ မြို့တော်စည်ပင်ပြုပြင်ဖို့ မြို့တော်ဝန်ကို ပြည်သူရွေးစို့ ဆိုတဲ့စာကို ရေးခဲ့ပြီး မဲပုံးထဲ ထိုးထည့်ခဲ့တယ်။ အဲ့ဒါ ဓာတ်ပုံရိုက်ပြီးတော့ ကျနော့် ဖေ့စ်ဘွတ်မှာလည်း တင်ထားတယ်။”

ဦးကျော်မင်းထွန်း (မရန်းကုန်းမြို့နယ်)

“ဒီမှာ မဲပေးရမှာ နှစ်ယောက်လားဗျ။ ကျနော်လည်း ဘယ်သူကို ပေးရမှန်းမသိလို့ ကြည့်နေတာ။”

ဒေါ်ညိုညိုစန်း (မရန်းကုန်းမြို့နယ်)

“ဘယ်သူ့ကို ပေးရမှန်းကျမလည်း မသိဘူး။ ရပ်ကွက်ထဲက သူတွေ သွားပေးကြမယ်ဆိုတော့ ကျမလည်းလာပေးတာပါ။

(ဆက်လက်ဖော်ပြပါမည်)

[gallery ids="75169,75170,75171,75172,75173,75174,75175,75176,75177,75178,75179,75180"]

ကမာရွတ်မြို့နယ်

ဓာတ်ပုံ - ထွန်းထွန်းသိန်း

[gallery ids="75192,75193,75194"]

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013