A d v e r t i s e m e n t With Us

နှစ် ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲ ကျင်းပ

နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲတွေကို ဒီနေ့ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ အခု အချိန်အထိတော့ မဲလာပေးသူ အရေအတွက် နည်းနေတာကို တွေ့ရပါတယ်။ မင်္ဂလာဒုံ မြို့နယ်၊ ထောက်ကြံ့မှာတော့  တစ်အိမ်ထောင်ကို တစ်မဲနှုန်း သတ်မှတ်ထားပေမယ့် စာရင်းမပါပဲ ကျန်နေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်လူဦးရေ သိန်း ၅၀ ကျော်မှာ ၄ သိန်းကျော်လောက်ပဲ မဲပေးရမှာ ဖြစ်ပြီး မဲရုံ ၁၀၈၆ ရုံ ရှိမှာဖြစ်ပါတယ်။ မဲပေးမယ့်သူတွေဟာ နိုင်ငံသားကတ်ကို ယူဆောင်လာရမှာဖြစ်ပြီး ကော်မတီ အဆင့်ဆင့်အတွက် ၇ မဲ ပေးရမှာ ဖြစ်ပါတယ်။ [gallery ids="75115,75116,75117,75118,75119,75120"]

A d v e r t i s e m e n t With Us

More News
Up