DVB Logo
Home
မြန်မာသတင်း
ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးကြောင်း မှုခင်းဆရာဝန် အတည်ပြု
DVB
·
December 24, 2014
ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးကြောင်း မှုခင်းဆရာဝန် အတည်ပြု
Donate to DVB

လက်ပံတောင်း ကြေးနီစီမံကိန်းအဓိကရုဏ်းမှာ သေဆုံးသူ ဒေါ်ခင်ဝင်းဟာ သေနတ်ထိမှန်တဲ့ဒဏ်ရာနဲ့ သေဆုံးတာဖြစ်တယ်လို့ မှုခင်းဆရာဝန်က အတည်ပြုပြောကြားပါတယ်။

ဒေါ်ခင်ဝင်းအလောင်းကို ဆားလင်းကြီးမြို့နယ်ဆရာဝန် ဒေါက်တာတင့်လွင်၊ မုံရွာမြို့နယ်မှုခင်းဆရာဝန် ဒေါက်တာတင်နွယ်၊ မုံရွာမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ ညွန့်သန်းတို့က ရင်ခွဲရုံမှာ မနက်ပို်င်း ဆယ်နာရီလောက်က ခွဲစိတ်ပြီးနောက် ရှင်းလင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

[caption id="attachment_74813" align="aligncenter" width="576"] ဒေါက်တာတင်နွယ် ဒေါက်တာတင်နွယ်[/caption]

မှုခင်းဆရာဝန် ဒေါက်တာတင်နွယ်က “ဒီဒဏ်ရာကြီး ဒီလိုရတဲ့ဟာကို ကျနော်ကြည့်လိုက်ရင် ဒီဒဏ်ရာသည် သေနတ်ကျည်မှန်တဲ့ဒဏ်ရာပဲ။ ကျနော်တို့ရဲ့တွေ့ရှိချက်က အဲဒါပဲ။ တခြားနေရာတွေ စစ်ဆေးတော့ တကိုယ်လုံးမှာ ဒဏ်ရာမတွေ့ဘူး ဘာမှ၊ ဒီဒဏ်ရာသည် ဓားခုတ်တဲ့ ဒဏ်ရာမဟုတ်ဘူး။ တုတ်နဲ့ရိုက်တာမဟုတ်ဘူး။ ကျနော်တို့ သုံးသပ်ချက်ကတော့ ကျည်ဆန်က နဖူးကမှန်တာပဲ” လို့ပြောဆိုပါတယ်။

ရင်ခွဲစစ်ဆေးတဲ့အခါမှာလည်း ထူးခြားတဲ့ လက္ခဏာမတွေ့ကြောင်းနဲ့ သေနတ်ဘယ်အမျိုးအစားနဲ့ အကွာအဝေးဘယ်လောက်က ပစ်တာလဲလို့မေးမြန်းချက်ကိုတော့ ဆရာဝန်တွေအနေနဲ့ လက်နက်ကျွမ်းကျင်သူမဟုတ်လို့ ဖြေဆိုနိုင်ခြင်းမရှိဘူးလို့  ဒေါက်တာတင်နွယ်က ပြန်လည်ဖြေဆိုခဲ့ပါတယ်။

အစိုးရ သတင်းထုတ်ပြန်ချက်မှာ အဓိကရုဏ်းနှိမ်နင်းရေးလက်နက် ၁၂ ဗို့သေနတ်နဲ့ ၁၅ ချက် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဆေးရုံမှာ ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့အစည်းက ဦးဉာဏ်လင်းက ဒဏ်ရာပါ တွေ့ရှိချက်အရ အဓိကရုဏ်းနှိမ်နင်းတဲ့ ရာဘာကျည်ဆန်အမျိုးအစားမဖြစ်နိုင်ဘူးလို့ ခန့်မှန်းပြောဆိုပါတယ်။

“အဓိကရုဏ်းနှိမ်နင်းရေးဆိုတာ ကျနော်တို့သိသလောက် ရာဘာကျည်ပဲ။ အခုဟာ ရာဘာကျည်နဲ့ပစ်တာမဟုတ်ဘူး။ ကျည်ဆန်နဲ့ပစ်တာ။ အခုဟာ သေနတ်ဒဏ်ရာတွေလိုပဲ အ၀င်သေးပြီးတော့ ပွင့်ထွက်သွားတာ။ ဆိုတော့ ဒါဟာ အဓိကရုဏ်းနှိမ်နင်းတဲ့ သေနတ်တော့မဟုတ်ဘူး။ ”

အဓိကရုဏ်းနှိမ်းနင်းမှုမှာ ရွားသားတွေထဲက ၃ ဦးက သေနတ်အ စစ်ဒဏ်ထိမှန်ပွင့်ထွက်ခဲ့ပြီး ကျန်ရွာသားတွေက ရာဘာကျည်ဆန်ထိမှန်တဲ့ သာမန်ဒဏ်ရာတွေရခဲ့ကြတာကို သူက ထောက်ပြပါတယ်။

အလောင်းကို စစ်ဆေးပြီးတဲ့အခါ မိုးကြိုးပြင်အလယ်ရွာက အိမ်ကို ရွာသားတွေက ပြန်လည်သယ်ဆောင်ကြပြီး မနက်ဖြန်နေ့ခင်းပိုင်းမှာ သဂြိုဟ်ဖို့ စီစဉ်နေကြတယ်လို့ဆိုပါတယ်။

အဓိကရုဏ်းနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးအဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းဥက္ကဋ္ဌ ဒေါက်တာမြင့်နိုင်နဲ့ အဖွဲ့ချုပ် ပုလဲမြို့နယ် အမတ်ဒေါ်ခင်စန်းလှိုင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ ဒီနေ့ခင်းပိုင်း ဆွေးနွေးကြဖို့ရှိ ပါတယ်။

သတင်းဗီဒီယို ကြည့်ရှုရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013