DVB Logo
Home
မြန်မာသတင်း
လိုင်ဇာကိစ္စ နှစ်ဘက် ညှိနှိုင်းစည်းဝေးရန် အန်စီစီတီ တောင်းဆို
DVB
·
December 22, 2014
လိုင်ဇာကိစ္စ နှစ်ဘက် ညှိနှိုင်းစည်းဝေးရန် အန်စီစီတီ တောင်းဆို
Donate to DVB

လိုင်ဇာပစ်ခတ်မှုမျိုး ထပ်ပြီးမဖြစ်ပွားဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းကိုယ်စားလှယ်တွေ ပါဝင်တဲ့ ညှိနှိုင်းအစည်းအဝေးပွဲ တခုပြုလုပ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)တို့ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

NCCT and UPWC 22122014အန်စီစီတီနဲ့ ယူပီဒဗလျူစီ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ပထမနေ့ဆွေးနွေးပွဲမှာ အန်စီစီတီ ဒုဥက္ကဋ္ဌ ၁ ဖဒိုကွယ်ထူးဝင်းက ဆွေးနွေးပွဲအဖွင့်စကားပြောကြားရာမှာ အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

“လိုင်ဇာအဖြစ်အပျက်မျိုး ထပ်မံ မကြုံတွေ့ရအောင် ဒီအဖြစ်အပျက်နဲ့ပတ်သက်တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းကိုယ်စားလှယ်အားလုံး ပါဝင်တက်ရောက်နိုင်တဲ့ ညှိနှိုင်း အဖြေရှာတဲ့ စည်းဝေးတခု အမြန်ဆုံးပြုလုပ်ဖို့ အန်စီစီတီအနေနဲ့ တိုက်တွန်း အကြံပြုလိုက်ပြီး ဒီညှိနှိုင်းဆွေးနွေးပွဲကတဆင့် အားလုံးကို လွှမ်းခြုံတဲ့ ယန္တရားတခု ချမှတ်နိုင်ဖို့ မျှော်လင့်ပါတယ်။”

ပထမနေ့ဆွေးနွေးပွဲကို အစိုးရဘက်က ၀န်ကြီးဦးအောင်မင်း ခေါင်းဆောင်တက်ရောက်ပြီး အန်စီစီတီဘက်က ဖဒိုကွယ်ထူးဝင်း ခေါင်းဆောင်တက်ရောက်နေပါတယ်။

ဆွေးနွေးပွဲကို စက်တင်ဘာနောက်ဆုံးတွေ့ဆုံပွဲတက်ခဲ့တဲ့ အစိုးရစစ်တပ်ကိုယ်စားလှယ်ဒု ဗိုလ်ချုပ်ကြီးခင်ဇော်ဦး တက်ရောက်ခြင်း မရှိသလို အန်စီစီတီဘက်ကလည်း အဖွဲ့ခေါင်းဆောင် နိုင်ဟံသာနဲ့ ဒုခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်တို့ မတက်ကြပါဘူး။

ရန်ကုန်ငြိမ်းချမ်းရေးစင်တာမှာ အခုပြုလုပ်နေတဲ့ ဆွေးနွေးပွဲမတိုင်မီ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အန်စီစီတီဘက်က လိုင်ဇာပတ်ခတ်မှုနဲ့ ပတ်သက်ပြီး အစိုးရဘက်က နစ်နာသူတွေအတွက် ဘာတွေလုပ်ဆောင်ပေးမလဲဆိုတဲ့ အချက်အပါအ၀င် အချက် ၅ ချက်တောင်းဆိုထားပြီး ဒီအချက်တွေနဲ့စပ်လျဉ်းပြီး အစိုးရဘက်က ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုထားခြင်း မရှိခဲ့ပါဘူး။

အဲ့ဒီနောက် ဒီနေ့ ရန်ကုန်ဆွေးနွေးပွဲ စစချင်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ အန်စီစီတီဘက်က လိုင်ဇာပတ်ခတ်မှုနဲ့ ပတ်သက်ပြီး အခုလို ထုတ်ဖော်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013