DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်း ၁၀၀၀ ရန်ပုံငွေအသုံးပြုရေး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
DVB
·
December 19, 2014
ကျပ်သိန်း ၁၀၀၀ ရန်ပုံငွေအသုံးပြုရေး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
1 / 6
Donate to DVB

လွှတ်တော်ကချပေးထားတဲ့ ငွေကျပ်သိန်း ၁ ထောင်ရန်ပုံငွေကို ခွဲဝေသုံးစွဲရေးနဲ့ပတ်သက်ပြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်  အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကော့မှူးမြို့နယ်အုပ်ချုပ်ရေးရုံးမှာ ကျေးရွာအုပ်ချုပ်ရေးမှုးတွေ၊ မြို့နယ်ဖွံ့ဖြိုးရေးကော်မီတီ နဲ့ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တ်ာရန်ပုံငွေကိစ္စထည့်သွင်း ဆွေးနွေးခဲ့တာပါ။

လွှတ်တော်ရန်ပုံငွေတွေကို ဖွံ့ဖြိုရေးလုပ်ငန်းစဉ်မှာ အဓိက လမ်းတံ တားကောင်းမွန်ဖို့နဲ့ လယ်ယာချောင်းမြောင်းကောင်းမွန်ရေး၊  ရေရှည်မှာ အဓိက အသုံးပြုဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသိန်းက ပြောပါတယ်။

“ဖွံ့ဖြိုးရေးကိစ္စမှာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့ သုံးမှာပေါ့။ ရွာကလမ်းဟောင်းတွေကို ပြုပြင်ထိန်းသိမ်းဖို့ အဓိကထားတယ်။ နောက် လယ်ယာချောင်းမြောင်းကိစ္စ ကျန်နေသေးတဲ့ မနှစ်က ဘတ်ဂျက်တွေကနေပြီး မပြီးသေးတဲ့ ဟာတွေကို ပြီးအောင်လုပ်ဖို့ အဲကိစ္စတွေကို ပြောပါတယ်။”

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြိုင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒေါက်တာ စိုးမင်းကတော့ ဒေါ်အောင်ဆန်းစုကြည် အရွေးခံရတဲ့နောက်ပိုင်း မြို့နယ်ဖွံ့ဖြိုးရေးအတွက် မျှော်လင့်သလောက် မဖြစ်လာဘူးလို့  ဝေဖန်မှုတွေရှိနေကြောင်း ဒီဗွီဘီကို ပြောပါတယ်။

“ကော့မှူးနဲ့ ကျနော် အဆက်သွယ်သိပ်မပျက်ပါဘူး။ သူတို့ဆီက အဖွဲ့တွေလည်း ကျနော့်ဆီ ကို လာပြီး တွေ့ကြ၊ ရင်ဖွင့်ကြတာလည်း ရှိပါတယ်။ သူတို့ရင်ဖွင့်တာ ကျနော်ကြားတာတော့ စိတ်မကောင်းစရာပေါ့။ သူတို့တွေက ဘာပဲဖြစ်ဖြစ် ကြိုးကြိုးစားစားနဲ့ မဲပေးခဲ့ပေမယ့် သူတို့မှာ မယ်မယ်ရရ ဖွံ့ဖြိုးတိုးတက်မှုတွေ မခံစားရဘူးလို့ ပြောပါတယ်။”

သူ့အနေနဲ့ကတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အစီစဉ်မရှိကြောင်းနဲ့ ပြည်သူတွေနဲ့ထိတွေ့တဲ့ စည်းရုံးရေးပိုင်းမှာသာ လုပ်ဆောင်သွားမယ်လို့ ဒေါက်တာစိုးမင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်းလွဲပိုင်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ် တည်ထောင်ထားတဲ့ သင်တန်းကျောင်းကို သွားရောက်လေ့လာပြီး သင်တန်းသားတွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ကိုယ်စားအဖြစ် အရွေးခံရပြီးနောက်ပိုင်း ကော့မှုးမြို့ယ်ကို တလတကြိမ် နီးပါးသွားရောက်လေ့ရှိပြီး ဒီည ကော့မှူးမှာအိပ်ပြီး မနက်ဖြန် ရန်ကုန်ကို ပြန်မှာဖြစ်ပါတယ်။

ဓာတ်ပုံ - NLD Chairperson

[gallery ids="74306,74307,74308,74309,74310,74311"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013