DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းအမှု နိုင်ငံခြားသား ၂ ဦး သက်သေထွက်ဆိုပေးရန် တောင်းဆို
DVB
·
December 17, 2014
လိပ်ကျွန်းအမှု နိုင်ငံခြားသား ၂ ဦး သက်သေထွက်ဆိုပေးရန် တောင်းဆို
Donate to DVB

ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိန်တိန်နိုင်ငံသား ၂ ဦးအသတ်ခံရတဲ့ အမှုနဲ့ပတ်သက်ပြီး ကော်စမွီခရိုင်တရားရုံးအနေနဲ့ နိုင်ငံခြားသား ၂ ဦးကို သက်သေအဖြစ် ခေါ်ဆောင်ပေးဖို့ စွပ်စွဲဖမ်းဆီးခံ တရားခံတွေဘက်က တောင်းဆိုထားပါတယ်။

300x225x1655881_1541740519391658_6919278869261738109_n2-300x225.jpg.pagespeed.ic.1UcdOU8thEအခင်းဖြစ်ပွားစဉ်က ကော်တောင်ကျွန်း (လိပ်ကျွန်း) ပေါ်မှာ ရှိနေခဲ့တဲ့ ခရစ်စ္စတိုဖာ နဲ့ ရှောင်ဆိုသူ ဗြိတိသျှနိုင်ငံခြားသား ၂ ဦးကို ကော်စမွီခရိုင် တရားရုံးအနေနဲ့ ဆင့်ခေါ်စာပို့ပေးဖို့ ဒီဇင်ဘာလ ၁၆ ရက်နေ့က တောင်းဆိုခဲ့တယ်လို့ ထိုင်းရှေ့နေများကောင်စီအဖွဲ့ဝင် ခွန်အမ်းဖွန်း ဆွန်ထောင်းန်က ဒီဗွီဘီကို ပြောပါတယ်။

“တရားခံ ၂ ဦးရဲ့ ကိုယ်စား ကျမတို့ရှေ့နေများကောင်စီအဖွဲ့ဝင်တဦးက မနေ့က တရားရုံးမှာ သွားပြီး လျှောက်ထားတောင်းဆိုထားပါတယ်။ ရမရတော့ မသိရသေးပါဘူး။ မနက်ဖြန် သွားကြည့်ရပါဦးမယ်။ တရားရုံးက သက်သေဆင့်ခေါ်စာ ထုတ်ပြီးရင် ကျမတို့ဘက်ကလည်း အဲဒီစာနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သွားရောက် ဆက်သွယ်ရဦးမှာပါ။”

လူသတ်မှုဘက်ကနေ တရားလိုလုပ်တဲ့ အစိုးရရှေ့နေများကောင်စီနဲ့ တရားခံလူငယ်တွေ ဘက်က ပြောဆိုချေပပေးမယ့် ရှေ့နေအဖွဲ့ဟာ လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့ကျရင် ကော်စမွီခရိုင်တရားရုံးမှာ နှစ်ဦးနှစ်ဘက် ရရှိထားတဲ့ သက်သေတွေ လာရောက်ဖလှယ်ရမှာ ဖြစ်တဲ့အတွက် သူတို့ဘက်က သက်သေအမည်စာရင်းတွေ အချိန် မီတင်သွင်းနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

တရားခံတွေဘက်ကနေ ချေပပေးမယ့် ရှေ့နေတွေမှာ အမှုမှန်ပေါ်ထွက်ရေး သက်သေပြပေး နိုင်မယ့် လူ ၁၀ ဦးရှိပြီး ၈ ဦးမှာ မြန်မာအလုပ်သမားများဖြစ်ကြောင်း၊ ဒါပေမယ့် သူတို့တွေဟာ ခြိမ်းခြောက်ခံခဲ့ရတာတွေရှိနေတဲ့အတွက် မြန်မာသံရုံးက ကူညီစောင့်ရှောက်ပေးမယ်လို့ ပြောထားတဲ့အကြောင်း ရှေနေက ဆက်ပြောပါတယ်။

အမှန်မှာ ဒီအမှုနဲ့ ပတ်သက်တဲ့ မျက်မြင်သက်သေတွေ နောက်ထပ်ရှိနေသေးကြောင်း၊ ဒီအမှုမှန်ပေါ်ပေါက်ရေးမှာ မျက်မြင်သက်သေတွေဟာ အဓိကကျတဲ့အတွက် နောက်ထပ် သက်သေတွေ ဆက်သွယ်လာဖို့ ထိုင်းရှေ့နေများကောင်စီက ကြိုဆိုကြောင်း ခွန်အမ်းဖွန်း ဆွန်ထောင်းန်က ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းအစိုးရရှေ့နေများကောင်စီဘက်ကတော့ လူသက်သေ စုစုပေါင်း ၄၀ ကျော် ရှာဖွေ ထားပါတယ်။

တရားခံဘက်က သက်သေအဖြစ် လာရောက်ထွက်ဆိုပေးဖို့ တောင်းဆိုထားတဲ့ ဗြိတိန်နိုင်ငံ သား ၂ ဦးမှာ ခရစ်တိုဖာ ဆိုသူက ဒေးဗစ်ရဲ့ သူငယ်ချင်းဖြစ်ပြီး ရှောင်ဆိုသူကတော့ အေစီဘား ဖျော်ဖြေရေးဘက်မှာ ဂီတာတီးတဲ့သူ ဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ လူသတ်မှုဖြစ်ပွားပြီးနောက် မကြာမီအချိန်မှာပဲ ထိုင်းနိုင်ငံကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော်ဖငန်းမြို့နယ် လိပ်ကျွန်း (ခိုတောင်ကျွန်း) မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသား ၂ ဦး စွပ်စွဲဖမ်းဆီးခံနေရပြီး တရားရင်ဆိုင်နေရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013