DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် မြန်မာများကိုသတ်မှုဖြင့် သံသယရှိသူ ၂ ဦး ထွက်ပြေး
DVB
·
December 17, 2014
မလေးရှားတွင် မြန်မာများကိုသတ်မှုဖြင့် သံသယရှိသူ ၂ ဦး ထွက်ပြေး
Donate to DVB

မလေးရှားနိုင်ငံ ပီနန်မှာ မြန်မာတွေကို သတ်ဖြတ်မှုနဲ့ စုံစမ်းစစ်ဆေးရာမှာ အကူအညီပေးဖို့ အတွက် ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ မြန်မာ ၂ ဦး ထွက်ပြေးသွားပါတယ်။

10846284_389864907848510_6306611494278998321_nဓာတ်ပုံတွေကို သတင်းစာတွေမှာ ဖော်ပြပြီးတဲ့နောက် အသက် ၃၀ ကျော်နဲ့ ၄၀ ကျော်မြန်မာ ၂ ဦး ထွက်ပြေးသွားတယ်လို့ ပီနန် ရဲတပ်ဖွဲ့ အကြီးအကဲ အက်ဒူရာဟင်ဟန်နာဖီကို ကိုးကားပြီး မလေးရှား သတင်းတွေက ရေးပါတယ်။

"ရဲတပ်ဖွဲ့တွေရဲ့ စုံစမ်းစစ်ဆေးချက်အရ လူ ၂ ဦးက ပီနန်ကနေ ထွက်ပြေးသွားပါတယ်၊ ဒါပေမယ့် သူတို့တွေက မလေးရှားမှာ ရှိနေတုန်း ဖြစ်သလို သူနောက်ကို လိုက်နေပါတယ်၊ သူတို့ကို သိတဲ့ မြင်တဲ့ သူတွေက ရဲတပ်ဖွဲ့ကို ဆက်သွယ်ပြီး စုံစမ်း စစ်ဆေးမှုကို ပူးပေါင်း ဆောင်ရွက်ဖို့ မေတ္တာရပ်ခံပါတယ်” လို့ သူက ပြောပါတယ်။

ဒီ ၂ ဦးအပြင် သူတို့ စုံစမ်းစစ်ဆေးရာမှာ ကူညီဖို့ တခြား သံသယရှိ မြန်မာ ၂ ဦးကိုလည်း ရှာဖွေနေသလို သူတို့ ဓာတ်ပုံတွေကို သတင်းတွေမှာ ဖော်ပြသွားမယ်လို့ ဆိုပါတယ်။

ဒီနှစ်အစောပိုင်းကတည်းက မလေးရှား ပီနန်မှာ မြန်မာနိုင်ငံသားတွေ အပါအ၀င် လူ ၁၈ ဦး အသတ်ခံခဲ့ရပါတယ်။

ကနဦးကတော့ သတ်ထားတဲ့ အလောင်းတွေကို အ၀တ်ဖြူတွေနဲ့ ထုတ်ပြီး လမ်းဘေးမှာ စွန့်ပစ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အသတ်ခံရတဲသူတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တနေရာစီမှာ ခွဲပြီး စွန့်ပစ်ထားပါတယ်။

ဒီအတွက် မြန်မာ ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဒီလူသတ်မှုမှာ သံသယရှိတဲ့ တခြား မြန်မာနိုင်ငံသား အုပ်စုတွေကိုလည်း လိုက်လံရှာဖွေနေပါတယ်။

ဒါအပြင် မလေးရှားမှာ နေထိုင်ခွင့် လက်မှတ်မရှိတဲ့ နေထိုင်သူတွေကို ရှာဖွေဖမ်းဆီးရေး လုပ်ဆောင်ချက်တွေ လုပ်ဆောင်နေတဲ့ အတွက် တရားဝင် လက်မှတ်မရှိတဲ့ မြန်မာ နိုင်ငံသားတွေ ထွက်ပြေးနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ တရားဝင် မြန်မာအလုပ်သမား ၂ သိန်းကျော်နဲ့ တရားမ၀င် မြန်မာ အလုပ်သမား ၁ သိန်းကျော် ရှိတယ်လို့ ပီနန် နာရေးကူညီမှု အသင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013