DVB Logo
Home
မြန်မာသတင်း
ဂူဂဲလ်မှာ မြန်မာဘာသာပြန်နိုင်ပြီ
DVB
·
December 12, 2014
ဂူဂဲလ်မှာ မြန်မာဘာသာပြန်နိုင်ပြီ
Donate to DVB

အင်တာနက်နဲ့ပတ်သက်တဲ့ ၀န်ဆောင်မှုတွေပေးနေတဲ့ ဂူဂဲလ်ကုမ္ပဏီရဲ့ Google Translate ဘာသာပြန်မှာ  မြန်မာဘာသာကိုလည်း စတင်ထည့်သွင်းထားလိုက်ပါတယ်။

translateဒီအတွက် https://translate.google.com အင်တာနက်လိပ်စာကနေတဆင့် တခြားဘာသာစကားတခုကနေ မြန်မာဘာသာ ဒါမှမဟုတ်  မြန်မာ ဘာသာကနေ တခြားဘာသာစကားတခုကို အပြန်အလှန် ဘာသာ ပြန်ဆိုနိုင်တဲ့ ၀န်ဆောင်မှုကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဂူဂဲလ်က ဘာသာပြန်ဝန်ဆောင်မှု အဖြစ် မြန်မာ ယူနီကုတ် ဖောင့်တွေကို အဓိက အသုံးပြုထားတာ ဖြစ်ပြီး မြန်မာဘာသာနဲ့ ပြန်ဆိုရာမှာ လိုအပ်ချက် တွေတော့ ရှိနေဆဲဖြစ်ပါတယ်။

မြန်မာအပါအ၀င် ဘာသာ ၁၀ ခုကို ထပ်မံ ထည့်သွင်းခဲ့ပြီး ဘာသာစကား ၉၀ အထိ ဘာသာပြန်နိုင်ပြီဖြစ်သလို လူသန်း ၂၀၀ နီးပါး အကျိုးရှိမယ်လို့ ဂူဂဲလ်ရဲ့ ဘလောဂ့်က ရေးပါတယ်။

ထည့်သွင်းလိုက်တဲ့ ဘာသာစကား ၁၀ ခုမှာ မြန်မာ၊ ဆူဒန်၊ တာဂျစ်၊ ဥဇဘက်၊ ချီချေးဝါး၊ မာလာယာလမ်၊ မာလာဂက်စီ၊ ဆက်ဆူတူး၊ ဆင်ဟာလာနှင့် ကာဇက် ဘာသာတွေ ဖြစ်ပါတယ်။

အရင်နှစ် ဂူဂဲလ် အမှုဆောင် ဥက္ကဋ္ဌ အဲရစ်ရှုးမိတ်ရဲ့ ခရီးစဉ်မှာ အင်တာနက်ကို စည်းမျဉ်းနဲ့ကန့်သတ်တာတွေ မလုပ်ဖို့ မြန်မာအစိုးရကို သတိပေးခဲ့ပါတယ်။ ဒါအပြင်  မြန်မာမှာ ရှာဖွေရေးစက်နဲ့ တခြားဝန်ဆောင်မှုတွေ ဖြစ်တဲ့ ဂူဂဲလ် ဘာသာပြန်နဲ့ မြေပုံတွေကနေတဆင့် သတင်းအချက်အလက်တွေ ရရှိဖို့ ဂူဂဲလ်က ဦးစားပေးဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဘာသာပြန်စာမျက်နှာမှာလည်း ဘာသာပြန်ရာမှာ တိကျမှုနဲ့ ပတ်သက်ပြီး အကန့်အသတ်တွေ ရှိနေပါတယ်။

၂၀၁၀ ပြည့်နှစ် စစ်တမ်းတွေ အရ ပြင်သစ်ကနေ အင်္ဂလိပ်ကို ဘာသာပြန်မှုက တိကျတယ်လို့ ဆိုပါတယ်။ ၂၀၁၁-၁၂ စစ်တမ်းတွေအရ အီတလီကနေ အင်္ဂလိပ်ကို ပြန်တာကလည်း တိကျတယ်လို့ ဆိုပါတယ်။

စာသားတွေက တိုတောင်းမယ်ဆိုရင် ဘာသာပြန်တာ ပိုကောင်းကောင်း ပြန်နိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013