DVB Logo
Home
မြန်မာသတင်း
ထားဝယ်-ရန်ကုန် ခရီးသည်တင်ကား ဓားပြတိုက်ခံရ၊ ကေအန်ယူတပ်သား ၂ ဦးသေဆုံး
DVB
·
December 11, 2014
ထားဝယ်-ရန်ကုန် ခရီးသည်တင်ကား ဓားပြတိုက်ခံရ၊ ကေအန်ယူတပ်သား ၂ ဦးသေဆုံး
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်မြို့ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ အောင်ရတနာ မှန်လုံခရီးသည် ၄စ/၇၄၉၆ တင်ကားဟာ မိုင်တိုင် ၇၉ မလွှဲတောင် ရောက်ရှိချိန်မှာ ဓားပြတိုက်ခံခဲ့ရပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ  ၆ နာရီခွဲမှာ အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ခရီးသည်တင်ကား ဓားပြတိုက်ခံရစဉ် ကေအန်ယူ တပ်မဟာ ၄ တပ်ရင်း ၁၀ ရဲ့ ဒု-တပ်ခွဲမှူး ဗိုလ်ခင်ဝင်းနဲ့ သူတပည့်တဦး ကားနဲ့ အဲဒီနေရာကို ရောက်ရှိလာခဲ့တာပါ။ ကားရပ်ဖို့ ဓားပြအဖွဲ့ကပြောဆိုပြီး သူတို့ ကားပေါ်ကနေ ဆင်းတဲ့အချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာလို့ ကေအန်ယူ-မြိတ်ထားဝယ် ခရိုင်တွဲဘက် အတွင်းရေးမှူး ပဒိုစောအယ်နာက ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_73557" align="alignright" width="369"]ထားဝယ်အဝေးပြေးကားဂိတ်တွင် တွေ့ရသည့် အောင်ရတနာ ကားအသင်း (ဓာတ်ပုံ - ချန်ပီယံ ၀င်းကျော်) ထားဝယ်အဝေးပြေးကားဂိတ် (ဓာတ်ပုံ - ချန်ပီယံ ၀င်းကျော်)[/caption]

“ဗိုလ်ခင်ဝင်းနဲ့ သူတပည့်တယောက်က ကားတစီးနဲ့ အဲဒီကို ရောက်လာတော့ ဓားပြက ခေါ်ပြီး ဆင်းခိုင်းတယ်။ သူတို့ကတော့ ဓားပြတိုက်ခံရမှန်း မသိဘူး။ ဆင်းတော့ ဓားပြတွေက သူ့ကိုပစ်တာပေါ့။ သူ့တပည့်တယောက်က ထွက်ပြေးတော့ အနောက်ကနေ လှမ်းပစ်ခံရလို့ ဆုံးသွားတယ်။ ”

ဗိုလ်ခင်ဝင်း ကတော့ သေနတ်နဲ့ပစ်ခံရပြီး ချက်ချင်းမဆုံးသေးဘဲ နောက်မှ သူ့သူငယ်ချင်း တယောက်က လာတွေ့ကို ရေးဆေးရုံကို သွားပို့ချိန် လမ်းမှာဆုံးသွားတာလို့ ပြောပါတယ်။

အစိုးရတာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်အရ ဓားပြတိုက်သူတွေဟာ ၁၀ ဦးလောက်ရှိပြီး အဲဒီဒေသမှာ အရင်တုန်းက ဓားပြတွေ ရှိဖူးတယ်လို့ ပြောဆိုကြောင်း ပဒိုအယ်နာက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထားဝယ်မြို့ အောင်ရတနာ အဝေးပြေးကားဂိတ်နဲ့ ထားဝယ်ခရိုင် ရဲတပ်ဖွဲ့ကို မေးမြန်းရာမှာတော့ အခင်းဖြစ်ပွားတာမှန်ကန်ကြောင်း အတည်ပြုပြောဆိုကြပေမယ့် အသေးစိတ်ပြောဆိုတာ မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013