DVB Logo
Home
မြန်မာသတင်း
ကားပါကင်ရှိမှ ကားတင်သွင်းခွင့်ပြုရေး စတင်စိစစ်နေ
DVB
·
December 11, 2014
ကားပါကင်ရှိမှ ကားတင်သွင်းခွင့်ပြုရေး စတင်စိစစ်နေ
Donate to DVB

ယာဉ်တင်သွင်းတာကို ကန့်သတ်တဲ့အနေနဲ့ ကားပါကင်ရှိမှ ကားတင်သွင်းဖို့ အဖွဲ့တွေဖွဲ့ပြီး စတင် စိစစ်ဆောင်ရွက်နေပြီလို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။

YGN Parliment Start 22082014(2"ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယဉ်တင်သွင်းလိုသူများ ခရိုင်အလိုက်၊ မြို့နယ်အလိုက် ကားပါကင်ရှိမှသာ စိစစ်ထောက်ခံပေးပြီး စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနကို လျှောက်ထားရန်အတွက် အဖွဲ့များ ဖွဲ့ပြီး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်" လို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောပါတယ်။"

မော်တော်ယာဉ်အရောင်းပြခန်းတွေက မော်တော်ယာဉ်တွေ၊ လူတဦးချင်း တင်သွင်းတဲ့ မော်တော်ယာဉ်တွေကို ကန့်သတ်ထိန်းချုပ်တဲ့ရည်ရွယ်ချက်နဲ့ ဒီလို စိစစ်ဆောင်ရွက်တာလို့ ဆိုပါတယ်။

ရန်ကုန်မြို့တော်အတွင်းမှာ ယာဉ်ကြောကျပ်တည်းပြီး သွားလာရအဆင်မပြေမှုတွေ ရှိနေတာဟာ ယာဉ်အစီးရေ တိုးမြင့်လာတာက တခုအပါအ၀င်ဖြစ်ကြောင်း ပညာရှင်တွေက ထောက်ပြပြောဆိုနေကြတာတွေလည်း ရှိပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မော်တော်ယာဉ်တင်သွင်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားတဲ့ လူတဦးချင်း တင်သွင်းခွင့်ရရှိမှာ ဖြစ်သလို ပို့ကုန်နဲ့ သွင်းကုန် ကုမ္ပဏီတွေ၊ နိုင်ငံခြားရေးဝန်ထမ်းတွေ၊ သင်္ဘောသားတွေ၊ ပြည်ပမှာ သွားရောက် လုပ်ကိုင်နေတဲ့သူတွေ၊ ကာကွယ်ရေးဝန်ကြီးဌာနက စစ်သံဝန်ထမ်းတွေ၊ ဟိုတယ်နဲ့ ခရီးလုပ်ငန်းရှင်တွေကို ပြည်ပကနေ တရားဝင် မော်တော်ယာဉ် တင်သွင်းခွင့်ပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013