DVB Logo
Home
Lead Story
V Grastro bar ပိုင်ရှင်နှင့် မန်နေဂျာ ၂ ဦးကို ဒီဇင်ဘာ ၁၈ ထပ်မံရုံးချိန်း
DVB
·
December 11, 2014
V Grastro bar ပိုင်ရှင်နှင့် မန်နေဂျာ ၂ ဦးကို ဒီဇင်ဘာ ၁၈ ထပ်မံရုံးချိန်း
1 / 8
Donate to DVB

သာသနာတော်ညှိုးနွမ်းစေမှုနဲ့ အမှုဖွင့်အရေးယူခံထားရတဲ့ V Grastro.bar ပိုင်ရှင်နဲ့ မန်နေဂျာနှစ်ဦးကို ဒီကနေ့နေ့လယ် ၁ နာရီ ဗဟန်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီး ဒီဇင်ဘာ ၁၈ ရက်နေ့ မနက် ၁၀ နာရီမှာ ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

ဗုဒ္ဓရုပ်ပွားတော်နဲ့ ကြော်ငြာခဲ့တဲ့အတွက် V Grastroရဲ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်၊ အထွေထွေ မန်နေဂျာ နယူးဇီလန်နိုင်ငံသား Mr. Phil တို့ကို ဗဟန်းမြို့မရဲစခန်း (ပ)၄၉၉/၂၀၁၄၊ပြစ်မှုပုဒ်မ-၂၉၅/၂၉၅-က နဲ့ အမှုဖွင့်အရေးယူထားတာပါ။

ဒီဇင်ဘာ ၁၁ ရက်နေ့ညပိုင်းက ဗုဒ္ဓရုပ်ပွားပုံတော်ကို မလျော်ကန်စွာသုံးစွဲဖော်ပြခဲ့တာဟာ ဒေသန္တရအမိန့်ကို ဖောက်ဖျက်ကျူးလွန်တာဖြစ်တဲ့အတွက် ထိရာက်စွာအရေးယူဖို့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ နဲ့လည်း အမှုဖွင့်အရေးယူဆောင်ရွက်နေပြီး အဲဒီဆိုင်ကို ချိပ်ပိတ်သိမ်းဆည်းသွားဖို့ စီစဉ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

[gallery ids="73526,73527,73528,73529,73530,73531,73532,73533"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013