DVB Logo
Home
မြန်မာသတင်း
သာသနာ ညှိုးနွမ်းစေမှုဖြင့် V Grastro bar ပိုင်ရှင်ကို အရေးယူ
DVB
·
December 11, 2014
သာသနာ ညှိုးနွမ်းစေမှုဖြင့် V Grastro bar ပိုင်ရှင်ကို အရေးယူ
Donate to DVB

10430471_592581960871075_710946936040290488_n ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာဖွင့်လှစ်ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲကြော်ငြာမှာ ဗုဒ္ဓရုပ်ပွားတော်ရဲ့နားတော်မှာ နားကျပ်တပ်ဆင်ထားတဲ့သဏ္ဍာန်ဒီဇိုင်းပြုလုပ်ပြီး ပါတီပွဲကြော်ငြာတာနဲ့ ပတ်သက်ပြီး သာသနာညှိုးနွမ်းစေမှုနဲ့ အရေးယူလိုက်ပြီလို့ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးသိန်းဝင်းက ပြောပါတယ်။

“ဘားဖွင့်တာလည်း သိပ်မကြာသေးဘူး၊ အဲဒီနိုင်ငံခြားသားကို ခန့်တာလည်း ၂ ပတ်ပဲ ရှိသေးတယ်။ ပုံမှန်ရောင်းဝယ်နေကြရင်း ပရိုမိုးရှင်းလုပ်မယ်ဆိုပြီး သူ့ပြောတာကတော့ အခြားနိုင်ငံတွေမှာလည်း လုပ်နေတယ်။ ထိုင်းမှာလည်း လုပ်နေတယ်။ ဗုဒ္ဓရုပ်ပွားတော်နဲ့လုပ်တာ ခေတ်စားနေတယ်၊ အဲအတွက် လူစိတ်ဝင်စားအောင် ပရိုမိုးရှင်းလုပ်တာလို့ သူပြောတာပဲ” လို့ စခန်းမှူးက ဆိုပါတယ်။

အခုလိုဗုဒ္ဓရုပ်ပွားတော်နဲ့ ကြော်ငြာခဲ့တဲ့အတွက် V Grastroရဲ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်၊ အထွေထွေ မန်နေဂျာ နယူးဇီလန်နိုင်ငံသား Mr. Philip တို့ကို ဗဟန်းမြို့မရဲစခန်း (ပ)၄၉၉/၂၀၁၄၊ပြစ်မှုပုဒ်မ-၂၉၅/၂၉၅-က နဲ့ ဒီနေ့ည အမှုဖွင့်လိုက်ပြီလို့ စခန်းမှူး က ဆက်ပြောပါတယ်။

ဗုဒ္ဓရုပ်ပွားပုံတော်ကို မလျော်ကန်စွာ သုံးစွဲဖော်ပြခဲ့ခြင်းဟာ ဒေသန္တရအမိန့်ကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်တဲ့အတွက် ထိရောက်စွာ အရေးယူရန် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ -၁၈၈ နဲ့လည်း အမှုဖွင့် အရေးယူ ဆောင်ရွက်နေပြီး အဲဒီဆိုင်အား ချိပ်ပိတ်သိမ်းဆည်းသွားရန် စီစဉ်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ ဗုဒ္ဓရုပ်ပွားပုံတော်အားမလျော်ကန်စွာအသုံးပြုထားတဲ့ ကြော်ငြာပြန့်နှံ့ပြီးနောက် အမျိုးဘာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)က ပုဂ္ဂိုလ်အချို့ အဲ့ဒီ့ဆိုင်ရှေ့ ကို ညနေပိုင်းမှာ ရောက်ရှိလာခဲ့တဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက ဖြေရှင်းပေးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013