DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားပူးပေါင်းတပ်နှင့် အစိုးရတပ် တိုက်ပွဲပြင်းထန်
DVB
·
December 10, 2014
ရှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားပူးပေါင်းတပ်နှင့် အစိုးရတပ် တိုက်ပွဲပြင်းထန်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲမှာ ကချင်၊ တအာင်း (ပလောင်)၊ ကိုးကန့် စတဲ့ တိုင်းရင်းသား ပူးပေါင်းတပ်နဲ့ အစိုးရတပ်ကြား ဒီနေ့ တနေကုန်နီးပါး ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

[caption id="attachment_49026" align="alignright" width="500"]တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်  (ဓာတ်ပုံ - pnsjapan.com) တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (ဓာတ်ပုံ - pnsjapan.com)[/caption]

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) ၊ ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော် နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစု ( ကိုးကန့် ) တပ်ဖွဲ့တွေဟာ အစိုးရနဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးနေတဲ့  ယူအဲန်အက်ဖ်စီ ညီညွတ်သော တိုင်းရင်းသားလူမျိုး

များဖက်ဒရယ်ကောင်စီ ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

အစိုးရတပ်ဘက်က တပ်မ ၁၁၊ တပ်မ ၇၇၊ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဟာ ခုရက်ပိုင်းအတွင်း တအာင်းဒေသဘက်ကို စစ်အင်အား ဖြည့်တင်းလာတဲ့အတွက် သူတို့တပ်တွေနဲ့ မကြာခဏ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) ရဲ့ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ခုရက်ပိုင်းအတွင်း အစိုးရတပ် အင်အား ၅၀၀ ကျော် ကျနော်တို့ ထိန်းချုပ်နယ်မြေဘက်ကို တက်လာတယ်ခင်ဗျ၊ အဲလိုတက်လာတော့ မိုဘိုင်းတပ်ဖွဲ့အဖြစ် လှုပ်ရှားနေတဲ့ ကျနော်တို့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ကြပါတယ်။ ဘယ်သူက အရင်ပစ်သလဲဆိုတာတော့ ပြောရခက်တယ်။ ဦးတဲ့ဘက်က ပစ်နေတာပါပဲ။ ဒီကနေ့ကတော့ ဆိုင်းခေါင်နဲ့ ဟိုပုံရွာကြားမှာ မနက် ၅ နာရီကနေ ညနေ ၃ နာရီခွဲထိ တနေကုန်ပစ်ကြတယ်။ လက်နက်ကြီးတွေလည်း ပါတယ်။ ဆက်တိုက်တော့ မဟုတ်ပါဘူး၊ ပစ်လိုက်နားလိုက်ပါ။ အခုလည်း ၂ ဘက်စလုံးက အဲဒီနေရာကနေ မဆုတ်သေးတော့ အချိန်မရွေး ပြန်ပစ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။”

ဒီမတိုင်ခင် ဒီဇင်ဘာ ၉ ရက် မနေ့ နေ့ခင်းပိုင်းကလည်း နမ့်ဆန်မြို့နယ် အုမ်းစွမ်ရွာနဲ့ အုမ်းတက်ရွာကြားမှာ၊ ဒီဇင်ဘာ ၈ ရက်က ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ ၊ လွယ်ဆာရွာနဲ့ နားလော်ရွာကြားမှာ တအာင်းတပ်ဖွဲ့နဲ့ အစိုးရတပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အစိုးရတပ်က အခုလို စစ်အင်အားတွေ ဖြည့်တင်းဝင်ရောက်လာတာကြောင့် ဒီ ၂၀၁၄ ဒီဇင်ဘာထဲမှာ ပစ်ခတ်မှုပေါင်း အနည်းဆုံး ၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုနဲ့ ကျဆုံးမှုစာရင်းတွေတော့ မသိရသေးဘူးလို့ မိုင်အိုက်ကျော် က ပြောပါ တယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013