DVB Logo
Home
မြန်မာသတင်း
ကိုပါကြီးအမှု လူ့အခွင့်အရေးကော်မရှင်၏စာကို ဇနီးဖြစ်သူ ကန့်ကွက်လွှာတင်
DVB
·
December 10, 2014
ကိုပါကြီးအမှု လူ့အခွင့်အရေးကော်မရှင်၏စာကို ဇနီးဖြစ်သူ ကန့်ကွက်လွှာတင်
Donate to DVB

အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် အသတ်ခံရမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ဟာ ဘက်လိုက်မှုတွေနဲ့ ဖုံးကွယ်မှုတွေ ရှိနေတဲ့အတွက် ဇနီးဖြစ်သူ မသန္တာက ဒီကနေ့ ကန့်ကွက်စာ တင်သွင်းလိုက်ပါတယ်။

Ko Par Gyi06112014ကန့်ကွက်စာမှာ အချက် ၁၉ ချက်ကို ပြန်လည်ထောက်ပြန်ထားပြီး သမ္မတ၊ ကာကွယ် ရေးဦးစီးချုပ်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အပါအ၀င် ဌာနဆိုင်ရာ ၉ ခုကို ကန့်ကွက်လွှာတင်တာဖြစ်ပါတယ်။

“လက်မခံနိုင်တဲ့ အပိုင်းတွေ ဘာတွေရှိလဲဆိုတော့ အဓိက နိုင်ငံသားအခွင့်အရေးနဲ့ ပတ်သက်တာတွေကို ဘာမှ highlight လုပ်မပြထားဘူး။ အမှန်တကယ်က စစ်တပ်အနေနဲ့ တရားသူကြီးတယောက်ရဲ့ ခွင့်ပြုချက်မပါဘဲ စုံစမ်းစစ်ဆေးမယ်ဆိုပြီး တိုက်ပွဲဖြစ်တဲ့ အရပ်ဒေသကို ခေါ်သွားခွင့် မရှိတာတွေ ဒါမျိုးတွေကို သူဘာမှ ထောက်ပြထားခြင်းမရှိဘူး။ ကျမအမျိုးသားကို ရဲစခန်းကနေပြီးတော့ ယမန်တို့မရှိဘဲနဲ့ စစ်တပ်ကို လွှဲပေးတဲ့နေရာမှာလည်း ဘာစာရွက်စာတန်းမှမရှိဘဲ လက်လွတ်စပယ် လွှဲပေးခြင်းမျိုး ဒါတွေကို သူက အသေးစိတ်မဖော်ပြထားဘဲ အပေါ်ယံပဲ အားနည်းတယ်ဆိုတဲ့ ထောက်ပြထားတယ်။ ဒါက ဘာနဲ့တူလဲဆိုတော့ အပြင်လောကမှာ လူရောင်းစားတဲ့လူတွေရဲ့ လုပ်ရပ်နဲ့သွားတူနေတယ်” လို့ ကိုပါကြီးရဲ့ဇနီး မသန္တာက ပြောပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှု ထုတ်ပြန်ချက် ဟာ ပြည့်စုံမှန်ကန်မှုရှိပြီး ဘက်မလိုက်တဲ့ ထုတ်ပြချက်လို့ မခံယူတဲ့အတွက် ကန့်ကွက်တာလို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုအဖွဲ့သစ်ကို လွတ်လပ်သော ကျွမ်းကျင်တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေအပါအ၀င် နိုင်ငံတကာလူအခွင့်အရေးကော်မရှင်က ပုဂ္ဂိုလ်တွေပါဝင်ပြီး စုံစမ်စစ်ဆေးရေးသစ်ကို ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာထုတ်တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာတော့ ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်ပြီး နိုင်ငံသားအခွင့်အရေးရရှိစေဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိစေဖို့ နယ်ဘက်ဆိုင်ရာ တရားရုံးတွေမှာ အမှုစစ်ဆေးဖို့ အကြံပြုတိုက် တွန်းလိုက်ပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (ဒီကေဘီအေ) နဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီးအပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အသတ်ခံခဲ့ရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013