DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားကား တိမ်းမှောက် ၁ ဦးသေ၊ ၃၀ ဒဏ်ရာရ
DVB
·
December 10, 2014
မြန်မာအလုပ်သမားကား တိမ်းမှောက် ၁ ဦးသေ၊ ၃၀ ဒဏ်ရာရ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာ အလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ကား ၃ စီးထဲက ၁ စီး တိမ်းမှောက်ခဲ့တဲ့အတွက် လူ ၁ ဦး သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြ သွားပါတယ်။

[caption id="attachment_73392" align="alignright" width="404"]ဓာတ်ပုံ - thairath.co.th ဓာတ်ပုံ - thairath.co.th[/caption]

ဒီဇင်ဘာ ၁၀ ရက် မနက် ၂ နာရီအချိန် သတင်းပေးပို့ချက်အရ ထာ့ချဲ့မြို့နယ် ရဲစခန်းတာဝန်ရှိသူတွေက ကယ်ဆယ်ရေးယာဉ်တွေနဲ့ သွားရောက်စစ်ဆေးရာ ထာ့ချဲ့မြို့နယ် ဘန့်နမ့်ယဉ် ကျေးရွာအုပ်စု ဖစ်ကဆဲမ်လမ်းကွေ့တခုမှာ ယာဉ်မတော်တဆထိခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရသူတွေကို တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိရဲဝန်ထမ်းတွေက သတင်းထောက်တွေကို ပြောပါတယ်။

ဖြစ်ပွားပုံမှာ အခင်းဖြစ်တဲ့ မနက်က တရားမ၀င်အလုပ်သမားတွေ တင်ဆောင်လာတဲ့ ကား ၃ စီးဟာ ဖစ်ကဆဲမ်လမ်းမကြီးပေါ်ကနေ ထာ့ချဲ့မြို့ကို ဦးတည်လာနေပြီး လမ်းခုလပ်မှာ ထိုင်းစစ်တပ်စစ်ဆေးရေးကားနဲ့ တိုးမိလို့ ယာဉ်မောင်းသူက ထိတ်လန့်ပြီး မော်တော်ကားကို အရှိန်မြှင့် မောင်းပြေးရာကနေ အကွေ့တခုမှာ တိမ်းမှောက်သွားတယ်လို့ ဆိုပါတယ်။

နောက်ကလိုက်လာတဲ့ယာဉ်ကို ရှေ့က ပိတ်ထားလိုက်သလိုဖြစ်ပြီး တတိယကားကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ တာဝန်ရှိ ရဲဝန်ထမ်းက ပြောပါတယ်။

စစ်ဆေးချက်အရ ကားပေါ်တင်ဆောင်လာသူတွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူ အယောက် ၃၀ ကိုတော့ ချွန်းဖွန်းခရိုင်ဆေးရုံကြီးနဲ့ ထာ့ချဲ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့အားလုံးကို ထာ့ချဲ့မြို့မရဲစခန်းက တရားမ၀င် ၀င်ရောက်မှုနဲ့ အမှုဖွင့် အရေးယူထားပြီး နေရင်းနိုင်ငံ ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိရဲဝန်ထမ်းရဲ့ အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013