DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် မြန်မာများအသတ်ခံရမှုအတွက် သံသယရှိ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီး
DVB
·
December 10, 2014
မလေးရှားတွင် မြန်မာများအသတ်ခံရမှုအတွက် သံသယရှိ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီး
Donate to DVB

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အသတ်ခံရတဲ့ အမှုတွေအတွက် သံသယရှိသူ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ မလေးရှားနိုင်ငံ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

[caption id="attachment_70540" align="alignright" width="455"]မလေရှားနိုင်ငံ ပီနန်မှာ မြန်မာနိုင်ငံသား ၂ ဦး စက်တင်ဘာ ၁၄ ရက်နေ့က အသတ်ခံရစဉ် မလေရှားနိုင်ငံ ပီနန်မှာ မြန်မာနိုင်ငံသား ၂ ဦး စက်တင်ဘာ ၁၄ ရက်နေ့က အသတ်ခံရစဉ်[/caption]

ဧပြီလ အတွင်းက ပီနန်မြို့မှာ မြန်မာနိုင်ငံသားတွေကို သတ်ဖြတ်တဲ့ လူသတ်မှု ၁၈ မှုဖြစ်ပွားခဲ့ပြီး လောလောဆယ်မှာ လူသတ်မှု ၁၃ မှုအတွက် သံသယရှိသူတွေကို ဖမ်းဆီ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးစစ်ဆေးခံနေရတဲ့ မြန်မာတွေမှာ တရားဝင်လက်မှတ်နဲ့ အလုပ်လုပ်နေသူတွေအပြင် တရားမ၀င် နေထိုင်သူတွေလည်း ပါဝင်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။

မလေးရှားမှာ ပေါ်ပေါက်ခဲ့တဲ့ မြန်မာတွေ ရက်ရက်စက်စက် အသတ်ခံရမှုဟာ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေနဲ့ ဆက်စပ်နေတယ်လို့လည်း မလေးရှားသတင်းစာတွေက သုံးသပ်ရေးသားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013