DVB Logo
Home
မြန်မာသတင်း
ကချင်ဒုက္ခသည်စခန်းများတွင် နိုင်ငံတကာအကူအညီ ပြတ်တောက်နေ
DVB
·
December 9, 2014
ကချင်ဒုက္ခသည်စခန်းများတွင် နိုင်ငံတကာအကူအညီ ပြတ်တောက်နေ
Donate to DVB

ကချင်ပြည်နယ် လိုင်ဇာအနီးက စစ်ပြေးဒုက္ခသည်စခန်းတွေအတွက် နိုင်ငံတကာက ပုံမှန်ပေးအပ်နေတဲ့ အကူအညီတွေ ပြတ်တောက်နေတာ လနဲ့ချီကြာနေပြီဖြစ်တယ်လို့ ကချင်ဒုက္ခသည် ကော်မီတီ ဥက္ကဋ္ဌ ဦးဒွဲဗီဇာက ဒီဗွီဘီ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ကစပြီး နိုင်ငံတကာအကူညီတွေ ရောက်မလာတဲ့အတွက် ဒုက္ခသည်တွေစားဝတ်နေရေး အခက်အခဲ ကြုံနေရတာပါ။

Kachin Refugee9 copyလက်ရှိ ဒုက္ခသည် စခန်းတွေ ရိက္ခာ အခြေအနေနဲ့ပတ်သက်ပြီး ဦးဒွဲဗီဇာက “အောက်တိုဘာလ ၂၇ ရက်မှာ လာဖို့ ချိန်းရက်က ၅ ခါ ၆ ခါရှိပြီး။ နောက်ဆုံး ဒီဇင်ဘာလ ၃ ရက်နေ့မှာ လာမယ်လို့ ပြောပြီး မလာဖြစ်တော့ဘူး။ အစိုးရက ခွင့်ပြုချက်မရလို့ဘဲ သိရတယ်၊ စခန်းတွေမှာ ခါတိုင်းပေးနေတဲ့ ရိက္ခာတွေတော့ ပြတ်တာပေါ့။ ဒါပေမယ့် ကျနော်တို့က မပြတ်အောင် နည်းလမ်းရှာပြီး ပြန်ကူညီရတယ်။ အဓိက အခက်အခဲကတော့ စားနပ်ရိက္ခာ ပေါ့”လို့ပြောပါတယ်။

ကချင်ဒုက္ခသည်တွေအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ UNHCR၊ WFP နဲ့ UNICEF တို့က စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှု အကူအညီတွေ လစဉ်ပေး အပ်နေတာပါ။

လက်ရှိ ဆောင်းရာသီမှာ ကချင်ပြည်နယ်ဟာ အလွန်အေးတဲ့အတွက် စစ်ရှောင်ဒုက္ခသည်တွေ အထူးသဖြင့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အနွေးထည်နဲ့ ခြုံစောင်တွေ အရေးတကြီးလိုအပ်နေတယ်လို့ ဒုက္ခသည် ကူညီကယ်ဆ ယ်ရေး အဖွဲ့တွေပြောပါတယ်။

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းကတော့ “အခုဆောင်း တွင်း ရောက်နေပြီဆိုတော့ သူတို့အတွက်က ဆောင်းအတွက်လိုအပ်တဲ့ အ၀တ်အထည် တွေနောက် စားနတ်ရိက္ခာတွေ ဒါတွေက သူတို့အတွက် အင်မတန်အရေးကြီးတယ်။ ဒီဟာတွေကို အမြန်ဆုံး ပုံမှန်ပို့နိုင်ဖို့ အစိုးရနဲ့ညှိနှိုင်းနေတယ်။ ပို့နိုင်ဖို့ အခြေအနေ ရအောင်တော့ ကြိုးစားရမှာပဲ။ ညှိရမှာပဲ။”

ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးဇော်သိန်းကတော့ နိုင်ငံတကာအကူ အညီတွေကို ကချင်ပြည်နယ်အစိုးရအနေနဲ့ ပိတ်ပင်ထားတာ မရှိဘူးလို့ ပြောပါတယ်။
“ကျတော်တို့က ခွင့်မပြုတာ ဘာမှ မရှိပါဘူး အကုန်လုံးတော သွားနေတာပဲ။ ပြည်ထောင်စုအစိုးရခွင့်ပြုရင် ကျနော်တို့ ပြည်နယ်ကတော့ အကုန်ခွင့်ပြုပေးတယ်။ သွားလို့ရတာအကုန်သွား။”

ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေဟာ စစ်ရှောင် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတာဟာ ၃ နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်ပြီး ကချင်ဒုက္ခသည် အရေးအတွက်ဟာ ခန့်မှန်းချေ ၈ သောင်းကျော် လောက်ရှိနေတယ်လို့ ကချင်ဒုက္ခသည် ကူညီကယ်ဆယ်ရေးကော်မတီက ပြောပါတယ်။

ကချင်ပြည်နယ် လိုင်ဇာအနီးမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကို ၂၀၁၃ စက်တင်ဘာလ လောက်စပြီး ကုလသမဂ္ဂအစီအစဉ်နဲ့ ပေးပို့တဲ့ လူသားချင်းစာနာမှု အကူအညီတွေ စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013