Home
မြန်မာသတင်း
အီးယူမှ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ယူရိုငွေ သန်း ၇၀၀ နီးပါး ထောက်ပံ့မည်
DVB
·
December 9, 2014
EU flagဥရောပ သမဂ္ဂ (အီးယူ)က မြန်မာနိုင်ငံကို အကူအညီပေးဖို့ ယူရိုငွေ သန်း ၇၀၀(အမေရိကန်ဒေါ်လာ သန်း ၉၀၀)နီးပါး၊ ထောက်ပံ့မယ်လို့ ဒီဇင်ဘာ ၈ ရက်နေ့က ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် ၂၀၁၄ ကနေ ၂၀၂၀ အထိ ၇ နှစ်တာ ကာလအတွက် ကူညီထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ နှောင့်နှေးနေတယ်လို့ ဝေဖန်မှုတွေ ရှိနေချိန်မှာ အီးယူရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။ အကူအညီတွေကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ စိုက်ပျိုး မွေးမြူရေး၊ ပညာရေးနဲ့ တရားဥပဒေ စိုးမိုးရေး စတဲ့ ကိစ္စတွေမှာ တိုးတက်စေဖို့ ကူညီတာ ဖြစ်တယ်လို့ အီးယူရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024