Home
မြန်မာသတင်း
ဖမ်းဆီးခံမြန်မာလူငယ် ၂ ဦး ၇၀ ရာခိုင်နှုန်း အပြစ်ကင်းလွတ်ကြောင်း ရှေ့နေပြော
DVB
·
December 9, 2014
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန် လူသစ်မှုနဲ့ စွဲချက်တင် ခံထားရတဲ့ မြန်မာလူငယ် ၂ ဦးဟာ ဒီအမှုမှာ အပြစ်ကနေ ၇၀ ရာခိုင်နှုန်းမက ကင်းလွတ်တယ်လို့ ယုံကြည်ကြောင်း မြန်မာသံရုံး အထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောဆိုလိုက်ပါတယ်။ Koa Toaကော်စမွီခရိုင် တရားရုံး မှာ ဒီဇင်ဘာ ၈ ရက်နေ့က စစ်ဆေးခံနေရတဲ့ မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကလည်း ပြစ်မှုကျုးလွန်ခြင်း မရှိကြောင်း ထွက်ဆိုထားပါတယ်။ မြန်မာသံရုံးအထူးအဖွဲ့ အတွင်းဝန် ဦးထွန်းအေးကတော့ မြန်မာ ၂ ဦး ထိုင်းနိုင်ငံကနေ ထွက်မပြေးနိုင်တဲ့ အာမခံရအောင် စီစဉ်နေတယ်လို့ ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ရေးသားထားပါတယ်။ အမှုကို ဆက်လက် စစ်ဆေးဖို့ လာမယ့်နှစ် ဖေဖေါ်ဝါရီ ၂၅ ရက်နေ့မှာ ထပ်မံ ချိန်းဆိုထားပါတယ်။ လူသတ်မှု စွပ်စွဲခံထားရတဲ့ မြန်မာ လူငယ် ၂ ဦးကို တရားရုံးက ပြစ်မှု ၇ ခုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ထိုင်းရဲက သူတို့နှစ်ဦးကို အောက်တိုဘာ ၂ ရက်နေ့က ဖမ်းဆီးစစ်ဆေးခဲ့တာပါ။ မြန်မာအလုပ်သမား အမှုအတွက် ထိုင်းရှေ့နေများကောင်စီနဲ့ မြန်မာသံရုံးအထူးအဖွဲ့တို့က လိုက်ပါ ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024