လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံမြန်မာ ၂ ဦးကို ခရိုင်တရားရုံးတွင် စတင်စစ်ဆေးမည်

Koa Toaထိုင်းနိုင်ငံလိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ မြန်မာလူငယ် ကိုဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ ၂ ဦးကို ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ကော့စမွီခရိုင်တရားရုံးမှာ စတင်စစ်ဆေးမှာ ဖြစ်ပါတယ်။ ထိုင်း ရဲတပ်ဖွဲ့က တရားလိုပြုလုပ်ပြီး အမှုပေါင်း ၇ မှုနဲ့ ဒီဇင်ဘာ ၄ ရက်နေ့က တရားရုံး တင်လိုက်တာ ဖြစ်ပါတယ်။ တရားခံ လူငယ် ၂ ဦးအနေနဲ့ ပြင်ပကနေ အမှုရင်ဆိုင်နိုင်ဖို့ အာမခံလျှောက်ထားရေး မြန်မာသံရုံးနဲ့ တိုင်ပင်နေတယ်လို့ အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေက ပြောပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦး အသတ်ခံရမှုအပေါ် တာဝန်ရှိသူတွေရဲ့ အမှုစစ်ဆေးချက်ကို ယုံကြည်တယ်လို့ ကျန်ရစ်သူ မိသားစုတွေက ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒီအမှုမှာ မြန်မာအလုပ်သမားလူငယ် ၂ ဦးကို ထိုင်းရဲက တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခဲ့ပေမယ့် လူမှုကွန်ရက်အများစုက မယုံကြည်ကြသလို အမှုတွဲ ခိုင်လုံအောင် ၂ လ နီးပါး ပြန်လည် ဖြည့်စွက်ခဲ့ရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up