DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက်အဖွဲ့နှင့် ဂျပန်ရောက်မြန်မာများ တွေ့ဆုံ
DVB
·
December 7, 2014
၈၈ မျိုးဆက်အဖွဲ့နှင့် ဂျပန်ရောက်မြန်မာများ တွေ့ဆုံ
1 / 5
Donate to DVB

ဂျပန်နိုင်ငံရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးဂျင်မီ နဲ့ ဦးမျိုးအောင်နိုင်တို့ဟာ တိုကျိုမြို့မှာ ဂျပန်ရောက်မြန်မာတွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ဦးမင်းကိုနိုင်တို့က ထောင်တွင်းအတွေ့အကြုံတွေ အပါအ၀င် လက်ရှိမြန်မာနိုင်ငံ အခြေအနေ၊ သူတို့အဖွဲ့ လက်ရှိလုပ်ဆောင်နေတာတွေကို လာရောက်တဲ့ မြန်မာနိုင်ငံသား၂၀၀ ကျော်နဲ့ ရင်းနှီးပွင့်လင်းစွာ ပြောဆိုခဲ့ကြပါတယ်။

ဦးမင်းကိုနိုင်က ဂျပန်နိုင်ငံမှာ အစိုးရသက်တမ်းတခုအတွင်း ၀န်ကြီးချုပ်အများအပြား ပြောင်းလဲခဲ့ပေမယ့် အုပ်ချုပ်ရေး၊ နိုင်ငံရေးစနစ် အဆင့်ဆင့် မယိုင်သွားပဲ ဆက်လက် လုပ်ဆောင်သွားနိုင်တာ တွေ့ရကြောင်း၊ ခိုင်မာတဲ့ ဒီမိုကရေစီဖြစ်ဖို့ မြန်မာနိုင်ငံသားတိုင်း ကိုယ့်အားကိုယ်ကိုးတဲ့သူတွေ၊ ကိုယ်တိုင်တာဝန်ယူ တာဝန်ခံနိုင်သူတွေ ဖြစ်စေချင်တယ်လို့ ဥပမာပေး ပြောကြားသွားပါသေးတယ်။

သူတို့အနေနဲ့လည်း ကိုယ့်အခွင့်အရေးကို ကိုယ်သိပြီး တာဝန်ယူတတ်တဲ့ မြန်မာ့လူ့ဘောင်ဖြစ်ရေး ဆောင်ရွက်နေကြောင်း ဦးမင်းကိုနိုင်က ဆိုပါတယ်။

အိုဆာကာမြို့ တက္ကသိုလ်နဲ့ တိုကျိုမြို့က နာမည်ကြီး ဆိုဖီယာ တက္ကသိုလ်တွေမှာ  လက်ရှိ  မြန်မာနိုင်ငံအပြောင်းအလဲ၊ မြန်မာအစိုးရ လက်အောက်က အရပ်ဘက်လူ့အဖွဲ့အစည်း အခြေအနေတွေကို ဦးမင်းကိုနိုင်က ဟောပြောခဲ့ပါတယ်။

ဒါ့အပြင် ၈၈ မျိုးဆက်အဖွဲ့ဟာ ဂျပန်နိုင်ငံမှာ ရောက်ရှိနေချိန်အတွင်း ဂျပန်နိုင်ငံရဲ့ အထင်ကရ ငြိမ်းချမ်းရေးအမှတ်တရ ဟီရိုရှီးမားအပါအ၀င် ရှေးဟောင်းမြို့တော် ကျိုတိုမြို့တွေကို လေ့လာခဲ့ပြီး ဂျပန်လွှတ်တော်အမတ်တွေ အပါအ၀င် ဂျပန်နိုင်ငံရဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေခဲ့ပါတယ်။

၈၈ မျိုးဆက်အဖွဲ့ဟာ အိုဆာကာ တက္ကသိုလ်ရဲ့ ဖိတ်ကြားချက်အရ  ဂျပန်နိုင်ငံ ရောက်ရှိနေတာဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်နေ့ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

[gallery ids="73153,73154,73155,73156,73157"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013