DVB Logo
Home
မြန်မာသတင်း
ဖားကန့်တိုက်ပွဲအတွင်း ကျောင်းသူ သေဆုံးမှု ကော်မတီဖွဲ့ စုံစမ်းပေးရန် တောင်းဆို
DVB
·
December 7, 2014
ဖားကန့်တိုက်ပွဲအတွင်း ကျောင်းသူ သေဆုံးမှု ကော်မတီဖွဲ့ စုံစမ်းပေးရန် တောင်းဆို
Donate to DVB

လွန်ခဲ့တဲ့ ၂ နှစ်က ကချင်ပြည်နယ် ဖားကန့် တိုက်ပွဲအတွင်း ကျောင်းသူတဦး သေဆုံးခဲ့မှု နဲ့ပတ်သက်ပြီး အမှန်တရားဖော်ထုတ်ရေးကော်မတီ ဖွဲ့စည်းပေးပို့ အစိုးရကို ကာယကံရှင်တွေက  တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_73145" align="alignright" width="326"]ဈာပနအခမ်းအနား ပြုလုပ်စဉ်က ဈာပနအခမ်းအနား ပြုလုပ်စဉ်က[/caption]

လွန်ခဲ့တဲ့ ၂ နှစ်ကျော် ကချင်ပြည်နယ် ဖားကန့်မြို့  ဆွတ်ငိုင်ယန်ရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း  ကျောင်းကနေ ပြန်လာတဲ့ ၁၄ နှစ်အရွယ် မဂျာဆိုင်းအိန် သေဆုံးခဲ့တာပါ။

ဒီအမှုနဲ့ ပတ်သက်ပြီး မဂျာဆိုင်းအိန်ဟာ အစိုးရတပ်မတော်ရဲ့ ကျည်ဆန်ထိမှန်ပြီး သေဆုံးရတာလို့ လူ့အခွင့်အရေးကော်မရှင်ကို ဖခင်ဖြစ်သူ ဦးဘရန်ရှောင်က တိုင်ကြားခဲ့ပါတယ်။

ဒီလိုတိုင်ကြားခဲ့တာကို ဒီသေဆုံးမှုဟာ ကေအိုင်အေရဲ့ အဝေးထိန်း မိုင်းဆန်ထိမှန် ပြီး သေဆုံးရတာ ဖြစ်တာကြောင့် လိမ်လည်တိုင်တန်းခဲ့တယ်ဆိုပြီး ဦးဘရန်ရှောင်ကို အစိုးရတပ် ဗိုလ်မှူး ဇာနည်မင်းထိုက်က ပုဒ် ၂၁၁ နဲ့ တရားပြန်လည်ဆွဲခဲ့တာ ဖြစ်ပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး  ဒီအမှုမှာ တရားမျှတမှုရရှိဖို့နဲ့ လွတ်လပ်တဲ့ အမှန်တရားဖော်ထုတ်ရေးကော်မတီတရပ် ဖွဲ့စည်းပေးဖို့ ကာယကံရှင်တွေဘက်က ဒီဇင်ဘာ ၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ပြီး တောင်းဆိုခဲ့ကြတာပါ။

ပြည်တွင်းစစ်ပွဲအတွင်းမှာ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့အရပ်သားတွေအတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က တာဝန်ယူမှု တာဝန်ခံမှုတွေ လိုအပ်နေတယ်လို့ ထောက်ပြမှုတွေရှိနေပါတယ်။

၈၈ မျိုးဆက်ငြိမ်းချက်ရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးက “လက်လွတ်စပယ် သေနတ်နဲ့ ပစ်လိုက်တာမှာ ဒီကလေးမလေး သေဆုံးသွားတာ တခုတည်းနဲ့ မပြီးပါဘူး။ တနည်းအားဖြင့် ပြောမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်တခုကို ပစ်ခတ်သတ်ဖြတ်လိုက်တာနဲ့ တူပါတယ်။ တကယ်လည်း ကြည့်ပြီးတော့ စိတ်ထဲမှာ နင့်နင့်နာနာ ခံစားရပါတယ်” လို့ ပြောပါတယ်။

စစ်တပ်က အရပ်သားတွေအပေါ်ကို ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေး မှုမျိုး ရှိဖို့လိုအပ်တယ်လို့ ဝေဖန်ထောက်ပြမှုတွေ ရှိနေတာပါ။ ဒါ့အပြင် ကျူးလွန်သူတွေကို အရပ်ဘက်တရားရုံးတွေကို လွဲပြောင်းစစ်ဆေးခွင့် ပြုဖို့ကိုလည်း တောင်းဆိုမှုတွေရှိနေပါတယ်။

တပ်မတော်သားတွေ အနေနဲ့ ရာဇ၀တ်မှုကျူးလွန်ရင် အရပ်ဘက်တရားရုံးတွေကို လွှဲပြောင်းစစ်ဆေးတာ နောက်ပိုင်းမှာ အနည်းအကျဉ်းတွေ့ရပေမယ့် စစ်မြေပြင်မှာ ဖြစ်ပွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေကိုတော့ အရပ်ဘက်တရားရုံးတွေကို လွဲပြောင်းစစ်ဆေးပေးတာတော့ ထင်ထင်ရှားရှား တွေ့ရတာမျိုး မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013