DVB Logo
Home
မြန်မာသတင်း
အခြေခံ လူဦးရေစာရင်း ကောက်ခံ
DVB
·
December 7, 2014
အခြေခံ လူဦးရေစာရင်း ကောက်ခံ
Donate to DVB

အခြေခံ လူဦးရေစာရင်းကို နိုင်ငံတ၀န်းက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက အိမ်ထောင်စုတွေကို ပေးဝေပြီး ဖြည့်ခိုင်းနေပါတယ်။

10682187_616156245177211_2181494942327167248_o copyရန်ကုန်အရှေ့ပိုင်း ရန်ကင်းမြို့နယ်မှာလည်း ဒီစာရွက်ကို ဒီဇင်ဘာ ၅ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးက လာရောက်ပေးခဲ့ပြီး ဖြည့်ခိုင်းခဲ့တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးအံ့ဘွယ်ကျော်က ပြောပါတယ်။

“ရပ်ကွက် ရာအိမ်မှူးကပြောတာကတော့ လ၀ကက ကောက်ခိုင်းတာလို့ ပြောတယ်၊ အဲတော့ ကျနော်ကလည်း မေးတယ် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ဆိုင်သလား၊ ဒါမှမဟုတ် စည်ပင် သာယာကနေလုပ်တဲ့ ရန်ကုန်တိုင်း စည်ပင်ရွေးကောက်ပွဲနဲ့ ဆိုင်သလားပေါ့၊ အဲဒါနဲ့ မဆိုင်ဘူးတဲ့ လ၀ကကနေကောက်တာတဲ့၊ ဟုတ်ပြီ လ၀ကကနေ ကောက်တာဆိုတော့ ပြီးခဲ့တဲ့ ၆ လလောက်က လူဦးရေ သန်းခေါင်စာရင်း ကောက်တာရောဆိုတော့ မဟုတ်ဘူးတဲ့ အဲဒီဥစ္စာပဲတဲ့ ၆ လတကြိမ် အပြောင်းအလဲ ရှိမလားဆိုပြီးတော့ လ၀ကကနေ ကောက်တာ ဆိုပြီးတော့ ရာအိမ်မှူးက ပြောပါတယ်” လို့ ဦးအံ့ဘွယ်ကျော်က ပြောပါတယ်။

လ၀ကက ကောက်တာလား၊ ရွေးကောက်ပွဲကော်မရှင်က ကောက်တာလား သိရဖို့ သက်ဆိုင်ရာ ဌာနတွေကို ဖုန်းဆက်မေးမြန်းခဲ့ပေမယ့် ရုံးပိတ်ရက်ဖြစ်တဲ့အတွက် ဖုန်းကိုင် ဖြေကြားခြင်း မရှိပါဘူး။

ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့မှာ လွန်ခဲ့တဲ့ ၂ လလောက်က မဲပေးဖို့ စာရင်း အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လိုက်လံကောက်ယူခိုင်းနေတယ်လို့ ကွန်ဟိန်းမြို့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါနုက ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့ မဲပေးပိုင်ခွင့်ရှိတဲ့ စာရင်းကို လိုက်လံကောက်ခံတာ ပါတဲ့ အဲဒါတွေ ပြောတယ်”လို့ သူက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြိုခံတဦးကလည်း ရွေးကောက်ပွဲမှာ မဲပေးဖို့ အတွက် လူဦးရေစာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လာကောက်နေတယ်လို့ ပြောပါတယ်။

ဒီစာရွက်မှာ အမည်၊ မိဘ အမည်၊ မွေးသက္ကရာဇ်၊ အသက်၊ လူမျိုးဘာသာ၊ ကိုင်ဆောင်လတ်မှတ်၊ နေထိုင်မှု အခြေအနေ၊ လိပ်စာ မှတ်ချက်စတာတွေကို ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013