A d v e r t i s e m e n t With Us

စစ်တောင်းမြစ်တွင် တောင်ငူ အထက ကျောင်းသားများ ရေနစ်မြုပ်၊ ၂ ဦး သေဆုံး

တောင်ငူမြို့ အထက ၂ က ၉ တန်းကျောင်းသားတွေ စစ်တောင်းမြစ်အတွင်း ရေးဆင်းကူးရာကနေ နစ်မြုပ်လို့ ၂ ဦး သေဆုံးသွားပါတယ်။ taung ngue studentဒီဇင်ဘာလ ၆ ရက်နေ့ မနက် ၁၀ နာရီလောက် က ကေတုမတီဖွံ့ဖြိုးတိုး တက်ရေး လူငယ်ဘောလုံးသင်တန်းက အပြန် တောင်ငူမြို့ ၂၃ ရပ်ကွက်နားက စစ်တောင်းမြစ် အတွင်းမှာ ရေးဆင်းကစားရင်း နစ်မြုပ်ခဲ့တာ လို့ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဦးက ပြောပါတယ်။ ကျောင်းသား ၄ ဦး ထဲက ၂ ဦးက အသက်အန္တရာယ်က လွတ်ခဲ့ပြီး ကျန် ၂ ဦးကတော့ နစ်မြုပ်ခဲ့ရတာပါ။ အဲဒီ ၂ ဦးထဲက ၁ ဦးကို မိနစ်ပိုင်းအတွင်း ပြန်ဆယ်နိုင်ခဲ့ပေမယ့် အသက် မမီခဲ့ပါဘူး။ ကျန်တဦးကိုတော့ မွန်းလွဲ ၂ နာရီ ၀န်းကျင်လောက်မှာ ဒေသခံ ရေငုပ်သမားတွေက သေဆုံးလျက် ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသွားသူ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို တောင်ငူမြို့ ပြည်သူ့ဆေးရုံက ရင်ခွဲရုံမှာ ထားရှိပါတယ်။ ကျောင်းသားတွေ ရေနစ်သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ တောင်ငူ အမှတ် ၃ ရဲစခန်းက သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up